Extra 1 (Uni)

6K 397 16
                                    

Extra

Taxiကိုခြံရှေ့တွင်ရပ်ခိုင်းလိုက်ကာ ခြံတံခါးကိုအပြင်မှဖွင့်လိုက်သည်။ အိမ်ထဲလမ်းကို‌ ခြေလျင်ဆင်းလျှောက်ရတာကို လှိုင်းဘွဲ့အထူးနှစ်ခြိုက်တတ်လာသည်။ လှိုင်းဘွဲ့အလုပ်ချိန်ကပုံမှန်လိုမျိုးမရှိဘဲ တခါတခါညည့်နက်တတ်သည့်အခါမျိုးတွင် အိမ်မှာတစ်ယောက်ထဲကျန်ခဲ့သည့်မာယာ့အား စိတ်ပူရပါသည်။ မေမေတို့ရှိစဉ်ကနှင့်ခြားနားစွာ တိတ်ဆိတ်သွားသောအိမ်ကြီးကိုကြည့်ရင်း တိတ်တိတ်လေးသက်ပြင်းချမိသည့်အခါတိုင်း မာယာ့ကိုအားနာရသည်။ ထို့ကြောင့်မာယာ့ရှေ့တွင်သူမမိသားစုနှင့်ပတ်သက်လျှင် တခါမှထုတ်မပြောဖြစ်။

ကြီးမားကျယ်ဝန်းသည့်နှစ်ထပ်တိုက်အိမ်ကြီးတွင် ကမ္ဘာငယ်လေးကသပ်သပ်ရှိသည်။ သူမတို့နှစ်ယောက်ကျွမ်းဝင်ရာ အရာအားလုံး၏အစပျိုးရာရပ်ဝန်းငယ်။ အခန်းတံခါးရှေ့ခြေချရင်း အပြာရောင်မျက်ဝန်းတွေအကြောင်းတွေးမိရုံဖြင့် ပြုံးမိရပါသည်။ စေ့ပိတ်ထားသောအခန်းတံခါးကိုဖွဖွတွန်းဖွင့်ဝင်တော့ ချစ်ရသူက ကုတင်ထက်တွင်စောင်တပိုင်းခြုံကာ ခေါင်းအောက်လက်တစ်ဖက်ကွေးလို့ တစောင်းလေးအိပ်ပျော်နေသည်။

အဝတ်စားအရင်မလှဲပဲအိပ်နေသူဘေးဝင်ထိုင်ရင်း ဘယ်လောက်တွေ့မြင်နေရပါစေရိုးမသွားသူကို တစိမ့်စိမ့်ကြည့်မိသည်။ ချစ်ရသူကအိပ်နေရင်တောင် လှနေတတ်တာများ ကြွေရုပ်တစ်ရုပ်ပမာ။ စေ့မှိတ်ထား‌သောမျက်ခွံတို့ကို အသာနမ်းလိုက်တော့ ကြွေရုပ်ငယ်ဟာအသက်ဝင်လာသည်။

"အင် လှိုင်းပြန်ရောက်နေပြီလား"

"အင်းထတော့‌လေမာယာ။ ညနေဘက်ကြီးဘာလို့အိပ်နေတာလဲ၊နေမကောင်းဖြစ်လိမ့်မယ်"

မာယာက လှိုင်းဘွဲ့လည်ပင်းကိုခိုတွဲကာထထိုင်လာသည်။ သို့သော်လည်တိုင်ကိုမလွတ်ပေးသေးဘဲ တိုးဖက်ထားသည်။

"ငါပျင်းတယ်လှိုင်း "

လှိုင်းဘွဲ့အလုပ်သွားတိုင်း မာယာကအိမ်ထဲမှာတစ်ယောက်ထဲကျန်ခဲ့ရသည်ဆိုတော့ သေချာပေါက်ပျင်းနေမှာပင်။ ပိုးသဒ္ဓါလာလည်သည့်အခါများ၊ အိမ်ပြင်ထွက်ဖို့လာခေါ်သည့်အခါများကလည်း သူမနည်းတူအလုပ်ပိတ်ရက်များသာ ဖြစ်နေတတ်သည်။

MAYA (မာယာ)Tahanan ng mga kuwento. Tumuklas ngayon