Part 7 (Uni)

2.8K 306 1
                                    

အပိုင်း ၇

ပြတင်းပေါင်ကိုလက်ထောက်မှီကာ ထိုင်ခုံဖြင့်ထိုင်နေသော လရောင်အောက်မှ ပုံရိပ်ဖြူလေးသည် တစ်စုံတစ်စုံခုကို အားသွန်ခွန်စိုက် အတွေးရောက်နေပုံ။

ကျောပေါ်တွင်ပြန့်ကျဲနေသော အညိုရောင်ဆံနွယ်ခွေ ကောက်ကောက်တို့က ညအိပ်ခါနီးမို့စည်းနှောင်ထားခြင်းမရှိ။

တဖျတ်ဖျတ်တောက်ပနေတတ်သော ပြာလဲ့လဲ့မျက်ဝန်းတို့က အနည်းငယ်မှိန်ဖျော့နေကာ ကောင်းကင်ကလမင်းကြီးကို မမှိတ်သမုံကြည့်နေပုံက ဝမ်းနည်းပူဆွေးနေဟန်ရှိသည်။

လှိုင်းဘွဲ့ဝင်လာတာတောင်မသိရလောက်တဲ့ထိ မာယာ့စိတ်ထဲတွင် ဘာတွေများစိုးမိုးနေတာလဲ။

ရပ်ကြည့်နေဆဲမှာပင် တစောင်းမြင်နေရသော မျက်ဝန်းပြာတို့ကိုမှိတ်ချလိုက်သည့်အခါ ပါးပြင်ပေါ်က မျက်ရည်တစ်စကို လှမ်းမြင်လိုက်ရသည်။

လှိုင်းဘွဲ့ရင်တွေပူလာရသည်။ မာယာမျက်ရည်ကျတာမြင်ရတိုင်း သူမရင်ဘတ်ကိုမီးစနဲ့ထိုးဆွနေသလိုအတိုင်းအဆမဲ့စွာ ပူလောင်လာရသည်။

ထိုအချိန်မျိုးဆို သူမဘာကိုမှ မစဉ်းစားနိုင်။ ဘာကိုမှမတွေးတောနိုင်။ သူ့အာရုံတို့ကို တစ်စုံတစ်ယောက်ကသာ အပိုင်သိမ်းသွားတတ်သည်။

လှိုင်းဘွဲ့သတိထားမိချိန်တွင် သူမသည် မာယာအနားသို့ရောက်ရှိနေခဲ့‌ပြီ။

ခပ်ပါးပါးကျောပြင်လေးကို အသာအယာလက်တင်မိတော့ ဆတ်ခနဲတုန်ခါသွားကာ သူ့ထံပါးလှည့်ကြည့်လို့လာ၏။

'လှိုင်း....'

'ဘာလို့ငိုနေတာလဲ'

'ဟင့်အင်း ငါမငိုပါဘူးလှိုင်းရဲ့ တစ်ခုခုကိုတွေးနေတာပါ'

ဟန်ဆောင်ပြန်ပြီ။ မာယာကဟန်ဆောင်နေပြန်ပြီ။

အပြုံးတုတွေကို ရွှန်းရွှန်းဝေအောင် ဖန်ဆင်းနေရအောင် သူကနတ်သမီးလား။ သူများတွေကသာ မာယာ့ရဲ့ဟန်ဆောင်မှုအနုပညာတွေထဲ မျှောပါသွားနိုင်ပေမယ့် လှိုင်းဘွဲ့ကတော့မတူ။

အားတင်းကာ ပြုံးပြလိုက်ပေမယ့် ပြန်ရလာသောခပ်စိမ်းစိမ်းအကြည့်တစ်ချက်ကြောင့် မာယာ့အပြုံးတို့မှေးမှိန်သွားရသည်။ လှိုင်းဘွဲ့က သူပြုံးတာမကြိုက်ဘူးထင်၏။ မာယာပြုံးလိုက်ရီလိုက်တိုင်း ခပ်စိမ်းစိမ်းအကြည့်ခံရသည်။

MAYA (မာယာ)Where stories live. Discover now