အပိုင်း (၂၉) လေလံပွဲ

1.2K 289 6
                                    

((Zawgyi))

အပိုင်း (၂၉)
လေလံပွဲ

💊💊💊

ညရောက်တော့...

ကုကျိုးသည် ခုတင်ပေါ်တွင်ထိုင်လျက် သူ့အရှေ့ကလူအပေါ် အလုံးစုံအာရုံစိုက်ထားသည်။

ထိုလူမှာ ကုန်းရိထျန်းဟန်ဖြစ်သည်။ ကုန်းရိထျန်းဟန်သည် တင်ပျင်ခွေထိုင်ကာ တရားရှုမှတ်နေသည်။

သိုင်းပညာရှင်များသည် ကောင်းကင်နှင့်မြေကြီးမှ ချီစွမ်းအင်များကို မိမိခန္ဓာကိုယ်အတွင်းသို့ စုပ်ယူပြီး စစ်မှန်သောချီစွမ်းအင်အဖြစ် ပြန်လည်သန့်စင်ရသည်။ ထိုအခါ လူ့ခန္ဓာကိုယ်အတွင်းအား ချီစွမ်းအင်များ ဖြစ်ပေါ်လာသည်။ သိုင်းပညာရှင်များသည် မိမိတို့၏ သွေးနှင့်ချီစွမ်းအားများကို ချီစွမ်းအင်ကြောများတလျှောက် စီးဆင်းစေကာ ကျင့်ကြံရေးလုပ်ဆောင်ကြသည်။ ၄င်းက ချီစွမ်းအင်များကို ပင်မချီစွမ်းအင်ကြောကြီး (၁၂)ခုအတွင်း စီးဆင်းစေပြီး အများစုကို အရံချီစွမ်းအင်ကြော(၈)ခုတွင် သိုလှောင်သိမ်းဆည်းထားသည်။ ထိုစွမ်းအင်များမှ အများစုသည် ခန္ဓာကိုယ်ကို ထိန်းသိမ်းထောက်ပံ့ပေးသည့်အပြင် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များကို ထိန်းညှိပေးခြင်းနှင့် အာဟာရဖြည့်စွက်ခြင်းအတွက်လည်း အသုံးဝင်​ပေသည်။

အရင်ကဆိုခဲ့သည့်အတိုင်း ကျင့်ကြံရေးနည်းလမ်းတစ်ခုချင်းပေါ်မူတည်၍ ချီစွမ်းအင်တည်ရာအမှတ်များကို ဖွင့်သည့်နည်းလမ်းများကလည်း ကွဲပြားကြသလို အရိုးပုလဲများကို ငွေ့ရည်ဖွဲ့သည့်နေရာများကလည်း မတူညီကြပေ။ ဆိုရလျှင် ကျင့်ကြံရေးနည်းလမ်းများသည် ခန္ဓာကိုယ်အနှံ့ရှိ မတူညီသောချီစွမ်းအင်ကြောများကို အသုံးပြုကျင့်ကြံရခြင်းဖြစ်သည်။ ထို့ကြောင့် မိမိ၏ ကျင့်ကြံရေးနည်းလမ်းကို သိုင်းပညာအစွမ်းနှင့် ချိတ်ဆက်ပေါင်းစည်းလိုက်​သောအခါ သိုင်းပညာရှင်တစ်ဦးချင်းက မိမိခွန်အားကို မည်သို့ အပြည့်အဝအသုံးချမလဲပေါ်မူတည်၍ ကြီးမားသော ကွာခြားမှုများ ဖြစ်ပေါ်လာသည်။ ထို့အ​​ပြင် ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောချီအတွင်းအား၏ အစွမ်းသတ္တိကလည်း အင်အားအမျိုးမျိုး ကွဲပြားသွားသည်။

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now