((Zawgyi))
အပိုင်း (၃၁)
အသေးစားလှည့်ကွက်💊💊💊
ချီဖုန်းပေးသည့် လေလံဈေးက သိပ်တော့မများလှပေ။ သူက ရွှေစ ရှစ်ထောင် သုံးရာဖြင့် ဈေးခေါ်လိုက်သည်။သို့သော် ဒီလောက်ပမာဏကို အခြား လေလံဆွဲသူများက လက်လျော့မည်မဟုတ်ပေ။ ဤသို့နှင့် များစွာသော လေလံသမားများက တစ်ယောက်ပြီးတစ်ယောက် ဈေးထပ်ပေးကြသည်။ သိပ်မကြာခင်မှာ လေလံဈေးက ရွှေစ ရှစ်ထောင်ကိုးရာ အထိပေါက်သွားသည်။
မိသာစုအိမ်တော်ငယ်လေးများအတွက် ဒီလို ဆေးကြိုအိုးမျိုးက အခါအခွင့်သင့်မှ မြင်တွေ့ရတာဖြစ်ပြီး ကိုယ်တိုင်လိုက်လံရှာဖွေ၍ မရနိုင်သောအရာဖြစ်သည်။ ထို့ကြောင့် ချီဖုန်းကလည်း လက်လျော့ဖို့ အစီအစဉ်မရှိပေ။
မကြာခင်မှာ သူက ထပ်မံအော်ပြောလိုက်သည်။
"ရွှေစ ကိုးထောင်တစ်ရာ!"
သူ့အသံက ဆုံးဖြတ်ချက် ပြတ်သားနေသည်။
ကုကျိုးသည် ချီဖုန်း၏ အသံကိုကြားသည်နှင့် စိတ်ထဲမှာ ကသိကအောက်ဖြစ်လာသည်။ သူသည် ဒီကမ္ဘာပေါ်သို့ ရောက်ခါစအချိန်ကို ချက်ချင်း ပြန်သတိရမိသည်။ အိပ်ရာထက်တွင် အေးစက်စွာ အပစ်ပယ်ခံရပြီး လှဲလျောင်းနေရှာသော သွေးဆုပ်ဖြူလျော်နေသည့် လူငယ်လေး၏ ရုပ်အလောင်းကို သူ ပြန်မြင်ယောင်လာသည်။
ထိုအချိန်က ချီထျန်းရုံသည် ချွန်ထက်သောလက်နက်တစ်ခုကို အသုံးပြုပြီး ကိုယ့်လည်ပင်းကိုယ် တိုက်ရိုက်ထိုးစိုက်ပစ်ခဲ့သည်။ ငယ်စဉ်ကတည်းက စိတ်ထားဖြူစင်ပြီး သဘောကောင်းသော လူငယ်လေးတစ်ယောက်က အလွန့်အလွန် စိတ်ပျက်ဝမ်းနည်းစရာကောင်းတဲ့ကိစ္စမျိုး ကြုံခဲ့ရလို့သာ မဟုတ်ရင် ဘယ်လိုလုပ် ကိုယ့်ကိုယ်ကို ဒီလောက် ရက်ရက်စက်စက်လုပ်ပစ်မှာလဲ? ဒီလို သိုင်းပညာကိုပဲ ရှေးတန်းတင် အလေးပေးတဲ့ ကမ္ဘာကြီးမှာ ချီထျန်းရုံသည် တခြားသူများအပေါ် တစ်ခါမှ ထိခိုက်နာကျင်အောင် မလုပ်ဖူးသူဖြစ်သည်။ သို့သော် သူပထမဆုံး သတ်လိုက်သည့်သူက သူကိုယ့်သူပင်ဖြစ်ခဲ့သည်။

YOU ARE READING
မင်းအတွက် ဆေးတစ်ခွက် [System]
Randomကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...