((Zawgyi))
အပိုင်း (၁၄)
ကုန်းရိအိမ်တော်သို့သွားခြင်း💊💊💊
ထိုစကားကို နှုတ်မှလွှတ်ခနဲပြောမိသည်နှင့် သူ့ဘေးတွင်ရပ်နေသော လုံရိနှင့် အောက်တွင် ဒူးတစ်ဖက်ထောက်ထိုင်နေသည့် ထျန်းလုံအစောင့်တပ်သားတို့က သူ့ကို စိန်းစိန်းဝါးဝါး လှမ်း၍ ကြည့်လိုက်ကြသည်။ ကုန်းရိထျန်းဟန် ကိုယ်တိုင်ပင် သူ ပြောလတ်စ စကားများကို ရပ်တန့်သွားသည်။ ထို့နောက် သူက နဖူးကို လက်ဖြင့်ပင့်ထားရင်း ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ ခပ်တိုးတိုး စတင်ရယ်မောတော့သည်။ကုကျိုးက ထိုအချင်းအရာကို မြင်တော့ ရယ်ကျဲကျဲဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
သူ ခုနကပြောလိုက်တာ အရမ်းများ တည့်တိုးဖြစ်သွားသလား..... အဟားဟား!
ကုန်းရိထျန်းဟန်က သူ့ကိုလက်ယက်ခေါ်ကာ ပြောလိုက်သည်။
"အားကျိုး၊ ဒီနားလာခဲ့ဦး"
ကုကျိုးက သွားရန် ခြေလှမ်းပြင်ပြီးမှ...
.....သွားရမှာလား?
သူသည် ထောက်ပံ့သူ၏ လက်ရှိ မျက်နှာကိုအရိပ်အကဲကြည့်လိုက်သည်။ ဖြူရော်နေသည့်မျက်နှာနှင့် နားလည်ရခက်သော မဟူရာမျက်ဝန်းများတွင် အလင်းမှိန်မှိန်တစ်ခုက ဝင်းလက်တောက်ပနေသည်ကို တွေ့တော့ သူစိတ်ထဲတွင် အနည်းငယ်ရှက်သွားသလို အနည်းငယ်လည်း ကြောက်မိသည်။
ထောက်ပံ့သူရဲ့ ပင်ကိုစိတ်နေစိတ်ထားအရဆို ငါ့ကို သူ့အနားလာခိုင်းတာက ဆော်ပလော်တီးဖို့တော့ မဟုတ်လောက်ပါဘူးနော်....
ကုကျိုးသည် ထောက်ပံ့သူ၏ ယုံကြည်အားကိုးလောက်သည့် စိတ်နေစိတ်ထားကို ရင်ဝယ်ပိုက်လိုက်ကာ ကြောက်ကြောက်လန့်လန့်ဖြင့် အနားသို့တိုးကပ်သွားသည်။
ထိုအခါ ကုန်းရိထျန်းဟန်က လက်ကိုမြှောက်လိုက်ကာ သူ့၏ခေါင်းကို ခပ်ဖွဖွ ပွတ်လိုက်ပြီး သူ၏ အလွန်ချောမောခန့်ညားသည့် အပြုံးဖြင့်:
"စိတ်ချပါ၊ ကိုယ် သွားအသေခံမှာမဟုတ်ပါဘူး"
ကုကျိုး၏မျက်နှာမှာ ရှက်စိတ်ကြောင့် ထပ်မံ နီမြန်းသွားသည်။

YOU ARE READING
မင်းအတွက် ဆေးတစ်ခွက် [System]
Randomကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...