အပိုင်း (၂၂) ပြိုင်ပွဲ၏ရလဒ်

1.1K 270 3
                                    

((Zawgyi))

အပိုင်း (၂၂)
ပြိုင်ပွဲ၏ရလဒ်

💊💊💊
ဟဲလျန်ရှင်းချန်သည် အရပ်(၉)ပေခန့်မြင့်မားပြီး ကျားတစ်ကောင်၏ ကျောပြင်၊ ဝက်ဝံတစ်ကောင်၏ ခါးအလား တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်ရှိသည်။ သူ၏မျက်နှာကျက ပွင့်လင်းမြင်သာပြီး ကိုယ်နေဟန်ထားက သူရဲကောင်းဆန်လှသည်။ သို့သော် သူ၏ မျက်ဝန်းများထဲမှ တစ်ချက်တစ်ချက် အရောင်လက်သွားတတ်သည့် မလိုတမာအငြိုးအတေးများက သူသည် ထိုသို့သော သူရဲကောင်းတစ်ဦး မဟုတ်ဘဲ စိတ်သဘောထားသေးသိမ်ကာ အမြင်ကျဉ်းသည့် လူစားမျိုးသာ ဖြစ်ကြောင်း ဖော်ပြနေသည်။

(T/N - ဒီနေရာမှာ တရုတ်ရဲ့ အတိုင်းအတာ 1 chi (၁ပေ) က US အတိုင်းအတာနဲ့ဆို 1.09ft ရှိပါတယ်။ တစ်မီတာရဲ့ သုံးပုံတစ်ပုံလို့လည်းပြောပါတယ်။ အဲ့တော့ တွက်ကြည့်လိုက်ရင် သူတို့က အရပ်ကြီးတွေ အဲ့လောက်ကိုရှည်ပါတယ် 😁)

သူက ခုနက ကုန်းရိထျန်းဟန်အပေါ် ပြောလိုက်သည့်စကားအရ စိတ်ထဲတွင် အလွန်ဒေါသထွက်နေပုံပေါ်သည်။ အကြောင်းက သူသည် ကုန်းရိထျန်းဟန်၏ လက်ထဲတွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ဖူး၍ ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် သူက ထိုကိစ္စကို အဖတ်ဆယ်ရန် မာန်ဟုန်ပြင်းပြနေခြင်းဖြစ်သည်။

ကုကျိုးသည် ဟဲလျန်ရှင်းချန်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူကို သူ နည်းနည်းမှ သဘောမကျမှန်းသိသွားသည်။

သူက စိတ်ထဲမှ တွေးမိသည်: ဒီလူက မင်းမြို့တော်က နာမည်ကြီးသခင်လေးရော ဟုတ်ရဲ့လား? သိုင်းပညာမကျင့်ကြံနိုင်တဲ့သူနဲ့ ပြိုင်နေတာတောင် မညှာတာတဲ့အပြင် အဓိပ္ပါယ်မရှိတဲ့ အပိုစကားတွေပြောနေသေးတယ်။ အဲ့လို မညှာမတာ အပိုစကားပြောတတ်တဲ့သူကမှ ဗီလိန်မှန်း ပိုသိသာတယ်ဆိုတာ သူမသိဘူးလား? ပြီးတော့ စကားကို ကြမ်းကြမ်းတမ်းတမ်း ပြောတတ်တဲ့သူက ပါးဖြတ်ရိုက် ခံရတတ်တယ်။

သို့သော် သူများကို လှောင်ပြောင်ခြင်းသည် အလှောင်ပြောင်ခံရခြင်းကိုသာ ဖိတ်ခေါ်တတ်မြဲပင်​။ ထို့ကြောင့် ကုကျိုးသည် မိမိမှာ အတွေ့အကြုံနုသေးသူဖြစ်သော်ငြား နောက်ပိုင်း ယှဉ်ပြိုင်တိုက်ခိုက်ကြသည့်အခါ ဟဲလျန်ရှင်းချန်၏ မောက်မာမှုများက သူထံသို့သာ ပြန်လည် ရောက်ရှိသွားမည်မှန်း နားလည်သဘောပေါက်ပြီးသားဖြစ်သည်။ အမှန်တကယ်လည်း ထိုကဲ့သို့ပင် ဖြစ်လာခဲ့သည် -- အရှေ့တွင် ယှဉ်ပြိုင်ခဲ့ရသည့် သိုင်းပညာရှင်များထက်စာရင် ဟဲလျန်ရှင်းချန်၏ အင်အားက အမှန်ပင် အလွန်ကြီးမားလှသည်။

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now