အပိုင်း (၇) ကုန်းရိထျန်းဟန်

1.2K 272 14
                                    

((Zawgyi))

အပိုင်း (၇)
ကုန်းရိထျန်းဟန်

💊💊💊
ထိုအခိုက်အတန့်တွင် ကုကျိုး၏စိတ်ထဲ၌ - "ဆောင်းရာသီမိုးမခပန်းပမာ ရွှန်းလဲ့တောက်ပသူ"၊ "လမင်းကြီးကဲ့သို့ ကြည်လင်ဝင်းပသူ"၊ "လေညင်းပမာ သိမ်မွေ့မွန်မြတ်၍ လမင်းသဖွယ်ကြင်နာတတ်သူ" အစရှိသည့် ဘာဆိုလားစာပေညွှန်းဖွဲ့မှုများက သူ့အလိုလိုပေါ်ပေါက်လာတော့သည်။  ဒါတင်မကသေး တစ်ဖက်လူသည် စာချုပ်ချုပ်ဆိုရန် ကျေကျေနပ်နပ်ကြီး သဘောတူပေးခဲ့သည်။ ထို့ကြောင့် သူ့အပေါ်ထားသည့် ကုကျိုး၏ အထင်ကြီးလေးစားမှုများက ချက်ချင်းတိုးတက်သွားသည်။ အခုခေတ်တွင် ရုပ်ရည်ချောမောသူများကို အ​လျော့ပေးပြီး အလိုလိုက်အကြိုက်ဆောင်ချင်စိတ်များ တဖွားဖွားဖြစ်လာဖို့ အလွန်လွယ်ကူလှရာ အခုလည်း ကုကျိုးသည် ထိုလူအလိုရှိသမျှကို လိုက်လျောပေးချင်စိတ်များ တဖွားဖွား ပေါ်ပေါက်မိတော့၏...... တကယ်လို့ သူ၏ ကုန်းရိထျန်းဟန်အပေါ်ထားသည့် အပြစ်ရှိသလိုခံစားချက်က အစက ၇/၁၀ ခန့်ရှိသည်ဆိုရင် အခုတော့ ထိုခံစားချက်က ၁၀/၁၀ အထိ ထိုးတက်သွားသည်။ သူ့ကိုယ်သူလည်း ခုနကလုပ်မိသည့် အပြုအမူများသည် အတော်ကဲ့ရဲ့ရှုတ်ချချင်စရာကောင်းသည်ဟု ထင်မိသည်။

သို့သော် ထိုနတ်ဘုရား၏နှုတ်မှ "ဘယ်လိုအပေးအယူလုပ်ချင်သလဲ?" ဟုဖွင့်ဟပြောလာသောအခါ ကုကျိုးတစ်ယောက် ဆွံအသွားလေသည်။

သူသည် ရှိသမျှသတ္တိ အကုန်ထုတ်ကာ ဟောဒီထောက်ပံ့သူရွှေသခင်လေးကို အမိဖမ်းဖို့ အခုလိုအကြံမျိုးကြံခဲ့သည်။ သို့သော် အဲ့ဒီရွှေ​သခင်လေးနှင့် နောက်ဆုံးမှာ မျက်နှာချင်းဆိုင်တွေ့ခွင့်ရသည့်အခါ ကိစ္စတစ်ခုကို သူသတိထားမိသွားသည်။ သဘောတူညီချက်အတွက် အသေးစိတ်အချက်အလက်တွေ...  သူက ဘာပြောရမှာလဲ --- သူအဲ့အကြောင်းစဉ်းစားဖို့ လုံးဝမေ့သွားတယ်!

သူ့မျက်စိရှေ့က ချောမောခန့်ညားလှသူကတော့ ခပ်ဖွဖွပြုံးလိုက်ကာပြောသည်။

"ဒီနေ့တစ်ညတော့, ကု....."

ကုကျိုးက ချက်ချင်းပြောလိုက်၏။

"ခင်ဗျား ကျွန်တော့်ကို အားကျိုးလို့ခေါ်လို့ရပါတယ်။ ရှောင်ကုတို့ ရှောင်ကျိုးတို့ခေါ်ရင်လည်းရတယ်"

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now