((Zawgyi))
'အတွဲ(၁) - အသူရာချောက်နက်ဝယ်
ဖုံးကွယ်နေသော နဂါး'အပိုင်း (၁)
System က Host ကို အသိအမှတ်ပြုခြင်း💊💊💊
ကုကျိုးတစ်ယောက် အသီးအရွက်အိတ်ကလေးပိုက်ကာ အိမ်သို့ခပ်သွက်သွက်ပြန်ခဲ့သည်။ အိမ်နဲ့ ဒီနေရာက အနည်းငယ်ဝေးတာမို့ သူအိမ်ရောက်ဖို့ နောက်ထပ် ၁၀ မိနစ်လောက် လမ်းလျှောက်ရပေဦးမည်။
သူ စိတ်လည်းနည်းနည်းလောနေသည်။ ဒီအချိန်ဆို သူ့အဖေက ညစာမစားနှင့်ဘဲ သူပြန်အလာကို စောင့်နေပေတော့မည်။ သူ့အဖေမှာ အစာအိမ်ရောဂါရှိသည်။ သူရဲ့ အခြားအဖေမရှိသည့်အချိန် သူကပဲ သူ့အဖေကိုစောင့်ရှောက်ပေးရမှာဖြစ်သည်။
ထိုအကြောင်းတွေးမိတာနဲ့ ကုကျိုး သူ့ခြေထောက်တွေကို အရှိန်မြှင့်လိုက်၏။
သို့သော် သူ လူကူးမျဉ်းကြားကို ဖြတ်အလျှောက် အရှိန်ပြင်းပြင်းနဲ့မောင်းနှင်လာသည့် ကုန်တင်ကားတစ်စီးက လမ်းဆုံအရောက်မှာ သူ့ဆီသို့ ရုတ်တရတ် အမြန်ချိုးကွေ့လာသည်။ ယာဉ်မောင်းက အမူးလွန်ပြီး မောင်းနှင်လာမှန်းသိသာလှသည်!
ကုကျိုး ကြောက်လန့်တကြားဖြင့် ရှောင်တိမ်းဖို့ ကြိုးစားလိုက်သည်။ သို့သော် ရှောင်ဖို့ အချိန်မလုံလောက်ခဲ့ပေ။ ကုန်တင်ကားက သူ့ဆီသို့ တန်းတန်းမတ်မတ်တိုးဝင်လာသည်။ စူးရှသော နာကျင်မှုကိုခံစားလိုက်ရပြီးသည့်နောက် သူ ဘာမှမသိတော့ဘဲ သတိလစ်မေ့မျောသွားတော့သည်။
သို့သော် သူ သတိမလစ်ခင်အချိန်လေးမှာ အရောင်တဖျတ်ဖျတ်လက်နေသော အရာလေးတစ်ခု သူ့နဖူးတည့်တည့်က မျက်ခုံးနှစ်ခုကြားဆီ ဝင်ရောက်သွားခဲ့သည်ကိုတော့ ကုကျိုး တစ်ယောက်မသိလိုက်ရှာပေ။ အဲနောက် သူ့ခန္ဓာကိုယ်သည်လည်း ထိုနေရာမှ ရုတ်တရတ်ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာ နောက်ခန္ဓာကိုယ်တစ်ခုက သူ့နေရာမှာ အစားထိုးဝင်ရောက်ကာ ကုန်တင်ကားအောက်၌ တစ်စစီ နင်းချေခံလိုက်ရတော့သည်။
YOU ARE READING
မင်းအတွက် ဆေးတစ်ခွက် [System]
Randomကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...