((Zawgyi))
အပိုင်း (၉)
သတင်းကောင်း💊💊💊
ကုန်းရိထျန်းဟန်သည် လက်ထဲက ကျမ်းစာအုပ်ထဲရှိ ဆေးအညွှန်းများကို ဖတ်ရှုပြီး ခံစားချက်များစွာရှုပ်ထွေးပေါ်ပေါက်လာသည်။ ထိုအချိန်တွင် ကုကျိုးက သူ၏ ရှေးဟောင်းကျမ်းစာ(၂)အုပ်ကို ဖြည်းဖြည်းချင်း ဖတ်ရှုပြီးစီးသွားပြီးနောက် ရုတ်တရတ်ထအော်လိုက်၏။"ဒီတစ်ခုပဲ!"
ကုန်းရိထျန်းဟန်က ချက်ချင်းခေါင်းမော့လာသည်။
ကုကျိုးက ဝမ်းသာအားရပြုံးရင်း သူ့လက်ထဲက <<လူသားအဆင့်ဓာတ်စာချက်ပြုတ်နည်းအညွှန်းများ>> ကျမ်းစာအုပ်ကို ဖွင့်လိုက်ကာ သူ၏ထောက်ပံ့သူရှေ့တည့်တည့်သို့ ချပြလိုက်၏။
"ထျန်းဟန်သခင်လေး ကြည့်ပါဦး။ ဒီအထဲက ရောဂါလက္ခဏာတွေက ခင်ဗျားနဲ့ တူမနေဘူးလား?"
ကုန်းရိထျန်းဟန်သည် ရင်ခုန်သံများ အလွန်ပြင်းထန်နေသော်လည်း တည်ငြိမ်အေးဆေးစွာ ကျမ်းစာအုပ်ကို ကြည့်လိုက်သည်။
အသေအချာပင်။ ထိုကျမ်းစာထဲတွင် ဆေးအညွှန်းတစ်ခုကို သူ တွေ့လိုက်ရသည်။
[ဓာတ်ကြီးငါးပါးဓာတ်စာ (၈)မျိုး]*
ပထမအရသာ : နှလုံးသားအာဟာရ
ဒုတိယအရသာ : အဆုတ်အာဟာရ
တတိယအရသာ : အသည်းအာဟာရ
စတုတ္ထအရသာ : သရက်ရွက်အာဟာရ
ပဉ္စမအရသာ : ကျောက်ကပ်အာဟာရ
ဆဋ္ဌမအရသာ : အင်္ဂါငါးပါး*အားဖြည့်ဓာတ်စာ
သတ္တမအရသာ : ဝမ်းခေါင်းခြောက်ပါး*အားဖြည့်ဓာတ်စာ
အဋ္ဌမအရသာ : ဓာတ်ကြီးငါးပါးညီညွတ်စေရန်ဓာတ်စာလူနာ၏ရောဂါလက္ခဏာများ :
ချီစွမ်းအင်သွေးကြောများအားနည်းခြင်း၊ အခြေခံဓာတ်ကြီးငါးပါးမညီညွတ်မမျှတခြင်း၊ ကိုယ်တွင်းအင်္ဂါများမလုံလောက်ခြင်း။ဆေးအာနိသင်များ :
ကိုယ်တွင်းအင်္ဂါများကို အားအင်ဖြည့်ပေးနိုင်ခြင်း၊ ချီစွမ်းအင်သွေးကြောများတောင့်တင်းခိုင်မာလာခြင်း၊ ခန္ဓာကိုယ်၏ မည်သည့်ချို့တဲ့ခြင်းကိုမဆို ပြန်လည်အားဖြည့်ပေးခြင်း၊ ဆေးအာနိသင်ဖြည်းညင်းစွာသက်ရောက်ခြင်း။

YOU ARE READING
မင်းအတွက် ဆေးတစ်ခွက် [System]
Randomကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...