((Zawgyi))
အပိုင်း (၄)
'ချီ'အိမ်တော်မှထွက်ပြေးခြင်း'💊💊💊
ချွေ့အယ်က သိပ်ကြာကြာမနေပေ။သူမ ပြောသွားသည့်စကားများကို အတိုချုပ်ရလျှင်, သူမက"နင်ဒီလိုပုံစံဖြစ်သွားတာတောင် ချီအိမ်က နင့်ကို စိတ်ထဲမှာအမှတ်ရနေသေးတယ်။ နင်က ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားပြီး အငြိုးအတေးအာဃာတတွေ ထားမနေနဲ့။ သခင်လေးကလည်း နင့်ကို တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး"
ဆိုတဲ့သဘောမျိုးဖြစ်သည်။ ထို့နောက် သူမက လှည့်ထွက်သွားတော့သည်။ သူမ ပြောသွားသည့်စကားများက သေချာပေါက် ချီမိသားစု၏ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ရန်ဖြစ်သည်။ စကားလုံးများကို လိမ္မာပါးနပ်စွာ သုံးနှုန်းသွားသော်လည်း ထိုစကားလုံးများ၏ နောက်ကွယ်က ကိုယ့်အဆင့်ကိုယ်သိပြီး ချိုးနှိမ်စွာနေ ဟူသည့် ရည်ရွယ်ချက်ကိုမူ ဖုံးကွယ်၍မရနိုင်ပေ။
ကုကျိုးကတော့ သူတော်ကောင်းလေး ချီထျန်းရုံလို ခန္ဒီပါရမီနှင့် ပြည့်ဝမနေ။ တကယ်လို့သူသာ ဒီလိုအခြေအနေမျိုးနှင့် ကြုံရလျှင် အဲ့ဒီအရှက်မရှိတဲ့ မိန်းမကို ဒေါသထွက်ပြီးသေသွားအောင် ပြန်ပြောပစ်လိုက်မည်ပင်။
ချီအိမ်က တော်တော်မျက်နှာပြောင်တာပဲ! တကယ်ဆို ချီမိသားစုက ချီထျန်းရုံရှေ့ရေးအတွက် လေ့ကျင့်ပေးဖို့ အများကြီးရင်းနှီးပေးခဲ့တယ်ဆိုပေမယ့် ချီထျန်းရုံ ဆေးရည်တွေဖော်စပ်နိုင်လာတော့ သူတို့ပဲ အကျိုးအမြတ်တွေရပြီး ဩဇာသက်ရောက်မှုတွေလည်းတိုးလာတာလေ။ အဲ့ဒါကြောင့်ပဲ ချီမိသားစုရဲ့ ဂုဏ်သတင်းက ယွင်ယွမ်မြို့တော်မှာ တဟုန်ထိုးကျော်ဇောလာတာ၊ အဲ့ဒီကနေ သူတို့က အကျိုးအမြတ်တွေ မနည်းဘူးရခဲ့တာပဲ၊ မြို့တော်ထဲက အဆင့်အတန်းပြိုင်ဆိုင်မှုတွေကြားမှာလည်း အသာစီးရခဲ့သေးတယ်...ဒါပေမယ့် အခုကျတော့......
ကုကျိုးက မျက်နှာကိုထပ်ပြီး ပွတ်သပ်လိုက်သည်။
သူသည် ချီထျန်းရုံရဲ့ မှတ်ဥာဏ်တွေကို သူ၏ကိုယ်ပိုင်မှတ်ဥာဏ်တွေအလား စပြီးခံစားမိလာသည်။ ဒါက လက်မခံနိုင်စရာပဲ။

YOU ARE READING
မင်းအတွက် ဆေးတစ်ခွက် [System]
Randomကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...