((Zawgyi))
အပိုင်း (၂၃)
နဂါးပြာရေကန်💊💊💊
ဟန်ထျန်းအိမ်တော်ဝန်း၊ လျှို့ဝှက်အခန်း၊ ဆေးကြိုအိုးလေးတစ်ခု၏ အရှေ့တွင်ဖြစ်သည်။(T/N - ကုန်းရိထျန်းဟန်ရဲ့ နာမည် 'ထျန်းဟန်' ကို ပြောင်းပြန်နာမည်ပေးထားတာပါ)
ငယ်ရွယ်နုနယ်သည့် ကောင်းလေးတစ်ယောက်သည် တင်ပျင်ခွေထိုင်လျက် လက်နှစ်ဖက်ကို ပူးယှက်ထားသည်။ သူ၏ လက်ချောင်းလေးများက များစွာသော လက်စည်းတံဆိပ်များကို အလွန်မြန်ဆန်စွာ ပုံဖော်လုပ်ဆောင်နေပြီး ဆေးအမယ်များအားလုံးကို ဆေးကြိုအိုးထဲသို့ ပစ်ထည့်နေသည်။
တဖျတ်ဖျတ်ခတ်နေသော မီးတောက်များသည် မှိန်လိုက်လင်းလိုက်၊ ကြီးလိုက်သေးလိုက်ဖြင့် ဆေးကြိုအိုးလေး၏ အောက်ခြေတွင် ခုန်ပေါက်ပြေးလွှားနေကြပြီးနောက် ဆေးဖက်ဝင်အမယ်များမှ မွှေးပျံ့လန်းဆန်းသော ရနံ့များ အဆက်မပြတ် ထွက်ပေါ်လာသည်။
ငယ်ရွယ်နုနယ်သည့် လူငယ်လေးက ရုတ်တရတ် လက်မြှောက်ကာ ပြောလိုက်သည်။
"လက်ခံယူစေ!"
စက္ကန့်ပိုင်းအတွင်း အရောင်ရွှန်းစိုတောက်ပနေသည့် ဆေးလုံး(၁၆)လုံးသည် တဒေါင်ဒေါင် တဒင်ဒင်အသံမြည်ကာ ကျောက်စိမ်းဗန်းတစ်ခုပေါ်သို့် တည်ငြိမ်စွာ ကျရောက်လာသည်။
လူငယ်လေးသည် ဆေးလုံးများကို ယူလိုက်ပြီး ဗူးသီးခြောက်ပုလင်းကြီးတစ်ခုထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက နံဘေးရှိ ဆေးအမယ်များကို လှမ်းယူကာ ဆေးကြိုအိုးထဲသို့ ထပ်မံပစ်ထည့်လိုက်ပြန်သည်။
ထိုအခါ မီးတောက်များက ပြန်လည်တောက်လောင်ကာ တစီစီ မြည်သံများ ထပ်မံထွက်ပေါ်လာသည်။
လူငယ်လေး၏ လှုပ်ရှားမှုများမှာ မျောလွင့်နေသည့် တိမ်စိုင်၊ တသွင်သွင်စီးဆင်းနေသည့်ရေအလား အလွန်ကျွမ်းကျင် ချောမွေ့လှသည်။ သို့သော် ထိုလူငယ်လေးကို အနီးကပ်သေချာကြည့်လျှင် သူ၏ အမူအရာမှာ အတော်လေး ထိုင်းမှိုင်းလေးလံနေပေသည်။ သူ့စိတ်က တခြားနေရာသို့ သိသိသာသာ ပျံ့လွင့်နေပြီး လက်ရှိ ဆေးဝါးသန့်စင်နေခြင်းအပေါ် အာရုံမစိုက်နိုင်ဖြစ်နေသည်။

YOU ARE READING
မင်းအတွက် ဆေးတစ်ခွက် [System]
Randomကုကျိုး - မင်းမှာ ရောဂါရှိလား? ကုန်းရိထျန်းဟန် - မင်းမှာ ဆေးရှိလား? ကုကျိုး - မင်းမှာ ရောဂါရှိနေတာပဲ! ကုန်းရိထျန်းဟန် - ရောဂါရှိတော့ မင်းကကုနိုင်လို့လား? ကုကျိုး - ကုနိုင်တယ်ဆို မင်းလိုချင်လား! ကုန်းရိထျန်းဟန် - မင်းမှာရှိသလောက် ငါလိုချင်တယ် ကုကျိုး...