အပိုင်း (၁၅) ကုန်းရိအိမ်တော်

Start from the beginning
                                    

အံ့ဩစရာပဲ! သူ့ရဲ့ ​ထောက်ပံ့သူ သိုင်းပညာမကျင့်ကြံနိုင်တာကို ဘယ်သူကမှ ပျက်ရယ်မပြုဝံ့ကြဘူး။ သူ့ထောက်ပံ့သူက အရမ်း အင်အားကြီးတာပဲ!

သူက ဒီအကြောင်းကို စဉ်းစားပြီး ကုန်းရိထျန်းဟန်ကို ကြည့်လိုက်သည့်အခါ ကုန်းရိထျန်းဟန်သည် သူ၏အမြင်အာရုံတွင် ပိုမိုဝင်းလက်တောက်ပလာသလို ထင်ရသည်။

ကုန်းရိထျန်းဟန်ကတော့ အလွန်တည်ငြိမ်လျက်ရှိကာ မနှေးလွန်း မမြန်လွန်းသည့် နှုန်းဖြင့် လက်ဖက်ရည်နှင့် အစာပြေမုန့်များကို သုံးဆောင်နေသည်။

သူက ကုကျိုး၏ အကြည့်ကို သတိထားမိတော့ ခေါင်းကိုလှည့်လာကာ ကုကျိုးနှင့် အကြည့်ချင်းဆုံလိုက်၏။ -- ထိုအခါ ကုကျိုး၏ မျက်လုံးရွဲကြီးများက ရွှန်းစိုတောက်ပနေကာ၊ သူ၏ စိတ်ထဲက အတွေးများက မျက်နှာပေါ်တွင် ရေးထားသည့်နှယ့် ပေါ်လွင်သိသာနေတော့သည်။ ထိုမြင်ကွင်းက လူကို မရယ်ပဲမနေနိုင်အောင် ဆွဲဆောင်မှုရှိလှသည်။

တကယ့်ကို ရိုးသား ဖြူစင်တာပဲ။

သိုင်းပညာကျင့်ကြံသူတို့သည် ထူးခြားသည့်အာရုံနှင့် နိုးကြားသတိရှိကြသည်။ သူသည် ထျန်းလုံတပ်ဖွဲ့ကို အရှေ့မှ ဦးဆောင်လမ်းဖွင့်ခိုင်းထားမှတော့ ဒီလိုအချိန်မျိုးမှာ နားဝင်မချိုတဲ့ အတင်းအဖျင်းစကားမျိုးကို ဘယ်သူကမှ သေချာပေါက် ပြောဝံ့မည်မဟုတ်ပေ။ ထို့အပြင် သူ၏ အခြေအနေသည် သွားပုတ်လေလွင့်ပြောဖို့ လွယ်ကူသည်ဖြစ်ရာ သိုင်းပညာမကျင့်ကြံနိုင်ခြင်းဆိုသည်က နောက်ထပ် ဝေဖန်စရာ ပြစ်ချက်တစ်ခုဖြစ်သည်။ ထိုမျှသာမက သူနှင့်ပတ်သတ်သည့် သတင်းစကားနှင့် ကောလဟာလတို့ထွက်ပေါ်လာဖို့ရန်ကလည်း နောက်ကွယ်မှ ကြိုးကိုင်သူ ရှိရန်လိုအပ်​သေးသည်။

ဤမင်းမြို့တော်တွင် အမျိုးမျိုးသော အသက်မွေးဝမ်းကြောင်းပြုသူများ မြောက်မြားစွာရှိပြီး မျိုးနွယ်စု အိမ်တော်ကြီး(၅)ခုသည် မရေမတွက်နိုင်သော ကျားကွက်စေ့ နယ်ရုပ်များကို မြို့တော်ထဲတွင် လျှို့ဝှက်အမိန့်ပေးထားကြသည်။ ထို့ကြောင့် သူ့တွင် အပြစ်ဖို့စရာ အစွန်းအထင်းလေးတစ်ခုတစ်လေ ရှိခဲ့လျှင် ရေးသားပြောဆိုမှုများစွာဖြင့် အပြစ်တင်ဝေဖန်ခံရပြီး ကုန်းရိအိမ်တော်၏ ဂုဏ်အရှိန်အဝါကိုလည်း အမည်းစက်ထင်စေမည်ဖြစ်သည်။

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now