Part-49

2.8K 235 27
                                    

Unicode Version

ကာရန်ရှင်း၏ဒဏ်ရာများ သက်သာလာသဖြင့် ကျောက်ပတ်တီးဖြေပြီး ဆေးရုံဆင်းရသည့်​နေ့မှာ ညီသုတသည် ဆေးရုံသို့ အစောကြီးရောက်လာပေသည်။ သူသည် မနက်စာပင်မစားနိုင်ခဲ့ဘဲ ထွက်လာခဲ့ခြင်းဖြစ်သောကြောင့် ကာရန်ရှင်းက အိမ်ပြန်သည့်လမ်းတွင် ဆိုင်တစ်ဆိုင်၌ကားကိုရပ်စေကာ သူ့ကိုမနက်စာဝယ်ကျွေးသည်။ ညီသုတမှာ ငြင်းမရသည်နှင့် ကာရန်ရှင်းဝယ်ကျွေးသမျှကို စားနေရသည်။

အလျှံပယ်ပေါများလွန်းသောမနက်စာကို စားသောက်ပြီးနောက် ညီသုတမှာ လှုပ်တောင်မလှုပ်နိုင်တော့ချေ။ ကာရန်ရှင်းသည် သူစားနေသည့်တစ်လျှောက်လုံး ဘေးနားမှနေ၍ များများစားသင့်ကြောင်းတိုက်တွန်းနေပြီး သူကိုယ်တိုင်ကလည်း ခွံ့ကျွေးနေသေးသဖြင့် ညီသုတမှာ ပြည့်အင့်သွားသည်အထိ စားခဲ့ရသည်။ ထိုအခါတွင်လည်း ကာရန်ရှင်းက အစာကြေဆေးဝယ်ပေးရန်မ​မေ့လျော့ပေ။

လမ်းတစ်ဝက်အရောက်တွင်တော့ ညီသုတအနည်းငယ်နေသာသွားပြီဖြစ်၏။ ညီသုတသည် ခန္ဓာကိုယ်ကနေသာသွားသောအခါမှသာ ပတ်ဝန်းကျင်အခြေအနေကို သေချာစူးစမ်းမိလေရာ အဘိုး၏ကားနောက်မှ လိုက်လာရသော သူတို့ကားသည် ဦးတည်ရာတစ်ခုတည်းကိုသွားနေသော်ငြား ထိုနေရာသည် အိမ်ပြန်နေသည်မဟုတ်မှန်း သတိထားမိလိုက်သည်။

"ကာရန်...ငါတို့ အခုဘယ်သွားနေတာလဲ"

ကာရန်ရှင်းသည် ညီသုတကိုရင်ခွင်ထဲသို့ သွပ်သွင်းကာ အနူးညံ့ဆုံးလေသံနှင့် ပြန်ဖြေလိုက်သည်။

"ငါတို့တစ်ခါရောက်ဖူးတယ်လေ"

ညီသုတသည် ဦးနှောက်ကို အလုပ်ပေးလိုက်ရသည်။ သူသတိရသွားချိန်တွင် သူ၏မျက်ခုံးနှစ်ဖက်သည် အံ့သြမှုကြောင့် မြင့်တက်သွားရပြီး ကာရန်ရှင်း၏ခါးကို လက်နှစ်ဖက်လုံးနှင့်တွယ်ချိတ်လိုက်သည်။

"အင်း... မင်း အခုရောဝမ်းနည်းနေလား"

သူသည် ယခင်တစ်ခေါက်ကလို ကာရန်ရှင်းစိတ်ထိခိုက်နေမည်ကို စိုးရိမ်၍ နှစ်သိမ့်ပေးနေခြင်းသာ။ ကာရန်ရှင်းမှာတော့ ထိုနှစ်သိမ့်မှုလေးကိုပင် လွန်စွာကျေနပ်နေရှာသည်။

Mr.Silent (Completed)Where stories live. Discover now