Part-41

2.4K 238 14
                                    

Unicode Version

ကာရန်ရှင်းဟာ ရုံးခန်းထဲတွင်ထိုင်ရင်း ဌာနမှလက်ရှိလုပ်နေသော Project များကို စစ်ဆေးနေရသည်။ ရှင်းသန့်မောင်ဆိုသူသည် သူ့အား စိတ်ပါလက်ပါတင်ပြနေသော်ငြား သူကတော့ဖြင့် ဖွင့်ထားသောတံခါးမှတစ်ဆင့် မြင်နေရသော အပြင်ရှိ မြင်ကွင်းလေးကိုသာ တစိုက်မတ်မတ် ငေးမောလျက်ရှိသည်။ သူ၏အကြည့်များ တိမ်းညွတ်ရာတွင် ညီသုတ၏ မလှုပ်မယှက်ပုံရိပ်လေး ရှိနေ၏။ ထိုပုံရိပ်လေးသည် အဖြူရောင်ရှပ်နှင့် Style Pant ကို သေသပ်ကျနစွာ ဝတ်ဆင်ထားပြီး ဇာတ်ညွှန်းစာရွက်ကို ကိုင်ကာ နှုတ်ကလည်း တတွတ်တွတ်ရွတ်ဆိုနေသေးသည်။

တလှုပ်လှုပ်ဖြစ်နေသော နှုတ်ခမ်းလွှာ၊ ရှပ်အကျီ၏လည်ပင်းအဟလေးမှ မြင်နေရသောလည်တိုင်နုနု ၊ အာရုံစူးစိုက်နေချိန်တိုင်းတွင် ဆွဲဆောင်မှုရှိလှသော မျက်ဝန်းတောက်တောက်နှင့် ဆွဲကိုင်ဖျစ်ညစ်ပစ်ချင်စရာကောင်းသော ခါးသိမ်သိမ်လေးတို့မှာ ကာရန်ရှင်း၏ အာရုံအလုံးစုံကို ဖမ်းစားထားလေသည်။ တစ်ချိန်လုံးလွမ်းမောနေခဲ့ရသော ဤလူသားသည် ယခုလို အကြည့်မလွှဲချင်လောက်အောင် ဆွဲဆောင်ဖမ်းစားထားသောအခါ ကာရန်ရှင်းမှာ ထိန်းမနိုင်သိမ်းမရ ငေးမောမိရသည်။

"ဘာတွေ ဒီလောက်ကြည့်နေတာလဲဗျ "

ညီသုတ၏ပုံရိပ်လေးကို မြင်နေရသည့်လမ်းကြောင်းတွင် ရုတ်ချည်းဆိုသလို မျက်နှာခပ်ကြီးကြီးတစ်ခုက လာရောက်ပိတ်ဆို့လေသောအခါ အာရုံပျံ့လွင့်နေသော ကာရန်ရှင်းခမျာ လန့်ဖြန့်မှုကြောင့် ရင်ထဲထိတ်ခနဲ။ သို့သော် အမူအရာကတော့ မပြောင်းလဲဘဲ မျက်နှာသေနှင့်သာတည်လျက် တစ်ဖက်လူ၏အမေးကို တည်ငြိမ်စွာတုံ့ပြန်လိုက်၏။

"ဘာမှမဟုတ်ဘူး။ ဘာမှဆက်တင်ပြစရာမရှိရင် သွားလို့ရပြီ "

“ဟုတ်ကဲ့ပါ ဌာနမှူးခင်ဗျ"

ရှင်းသန့်မောင်သည် သူအနားမှခွါကာ ရုံးခန်းထဲမှထွက်သွားချိန်တွင် ရုံးခန်းတံခါးကိုပါ စေ့နေအောင် ပိတ်သွားသောကြောင့် ညီသုတအား မမြင်ရတော့သော ကာရန်ရှင်းခမျာ နှမြောတသဖြစ်လျက်သာ ကျန်ရစ်နေခဲ့သည်။

Mr.Silent (Completed)Où les histoires vivent. Découvrez maintenant