Part-36

2.3K 234 15
                                    

Unicode Version

"မြေး..ဘွဲ့လည်းယူခါနီးပြီဆိုတော့ ဘာဆက်လုပ်ဖို့စဥ်းစားထားလဲ"

မကြာတော့သည့်အချိန်အတွင်းမှာပင် ကာရန်ရှင်းသည် ကျောင်းကိစ္စများ ပြီးစီးတော့မည်ဖြစ်ရာ အနာဂတ်အကြောင်းကို ကြိုတင်စီစဥ်ထားခဲ့သည့်အတိုင်း ဆက်လျှောက်ရန် လိုပေပြီ။

"ကျွန်တော် အရင်ဆုံး သူနဲ့တွေ့ချင်တယ်"

"ကောင်လေးက အခြေအနေဘယ်လိုရှိလဲ"

သူ့အဘိုးမေးလာသည့် မေးခွန်းအတွက် သူ့မှာ အဖြေမရှိပါလေ။ မတွက်ထုတ်ရဲခဲ့သော အဖြေဆိုလျှင်လည်း မှားမည်မထင်။ ကာရန်ရှင်းအနေနှင့်သာ ညီသုတရှေ့သို့ ထွက်လိုက်မိပါလျှင် မည်သို့သောတုံ့ပြန်မှုမျိုးရနိုင်သလဲဆိုသည်ကို တွေးဆကြည့်ရန် ခက်ခဲသည်။

"အဘိုး.."

"​ပြောလေကွယ်"

"ကျွန်တော် plastic surgeryလုပ်လိုက်ရမလားဟင်"

ဤမျှအထိ ထိုကောင်လေး၏ချစ်ခြင်းမေတ္တာကို ငတ်မွတ်နေသော မြေးဖြစ်သူကို ကြည့်၍ သူ့မှာလည်း ရင်နာရပါသည်။

စိတ်ပျက်လက်ပျက်ဟန်ပန်နှင့် ခြေကုန်လက်ပန်းကျနေသူတစ်ယောက်လို လမ်းပျောက်နေရှာသော ကာရန်ရှင်း၏ပုံစံမှာ အမှန်တကယ်ကို ခွဲစိတ်ပြုပြင်ချင်စိတ်ပေါက်နေသည့်အလား။

"ဒီမျက်နှာကြီးက ပြဿနာဖြစ်နေတာ..။ ကာရန်ရှင်းဆိုတဲ့ဖြစ်တည်မှုကြီးက ပြဿနာဖြစ်နေတာ"

"အဲ့လိုအထိလုပ်ထားပြီး ပိုင်ဆိုင်ရတော့ရော မြေးတကယ်ပျော်နိုင်မှာမို့လို့လား"

"သူ့အနားမှာသာနေရမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ"

ကာရန်ရှင်းအတွက် ဘဝရည်မှန်းချက်ဟာ ညီသုတသာလျှင်ဖြစ်သောကြောင့် စည်းစိမ်ဥစ္စာနှင့် ပိုင်ဆိုင်မှုများလည်း ထည့်မတွက်ပေ။

"ပြဿနာဆိုတာ ဒီလိုပုံစံနဲ့ရှောင်ပြေးဖို့မဟုတ်ဘူးကွဲ့။ ရင်ဆိုင်ရမှာ။ ပြဿနာကိုရင်ဆိုင်ဖြေရှင်းလိုက်တာကသာ အမှန်ကန်ဆုံးနည်းလမ်းပါ မြေးရယ်.."

"ဒါပေမယ့် သူ ကျွန်တော့်ကို အရမ်းမုန်းနေတာဆိုရင်ရော"

"အဲ့လိုဆိုရင် ပိုတောင်ဖြေရှင်းသင့်တာမဟုတ်ဘူးလား။ မြေးက သူ့ကိုကောင်းစေချင်လို့ ပြောခဲ့မိတာတွေကလွဲရင် ကျန်တာတွေက မြေးရဲ့အပြစ်မှမဟုတ်ဘဲ"

Mr.Silent (Completed)Where stories live. Discover now