Part-10

3.1K 306 13
                                    

Unicode Version

တကူးတကထုပ်ပိုးခဲ့ရသည့်စိတ်ဒဏ်ရာများ အစိုင်အခဲစတည်ခဲ့ရသည့်နေ့ကတည်းက မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် ညီသုတဟာစကားလုံးသုံးလုံးနှင့်နိုးထလာပြီး ရင်ဝကိုအပ်တစ်ချောင်းစိုက်သည်။ မနက်ဖြန်များအတွက် အင်အားမွေးသည့်အိပ်စက်ခြင်းဆီသို့ မကူးပြောင်းခင် မျက်လုံးကိုမှိတ်လိုက်သည်နှင့် စကားလုံးသုံးလုံးကိုပြန်ကြားယောင်ပြီး ရင်ဝကို အပ်တစ်ချောင်းထိုးသွင်းမိပြန်သည်။

နေ့ရက်တိုင်းဟာ ထိုစကားလုံးသုံးလုံးထံမှမလွတ်မြောက်နိုင်တော့သလို ခံစားနေရသည်။ ကြိုးတစ်ချောင်းနှင့်ရစ်ပတ်ခံထားရသည့်အလား မလွတ်မြောက်နိုင်ပေ။ ကြိုးစား၍ရုန်းကန်လိုက်ချိန်တိုင်း သူသည်သာဒဏ်ရာရပြန်လေ၏။

တစ်ဖက်လူက မသိမသာချည်ထုံးသွားပေးသောအချုပ်အနှောင်တွင် သူသည်သာ ကိုယ့်ကိုယ်ကိုချုပ်နှောင်ထားသူ၊ သူသည်သာ ကိုယ့်ကိုယ်ကိုနာကျင်စေသူ ဖြစ်လေသည်။ ထိုအချုပ်အနှောင်မှ လွတ်မြောက်လိုသူမှာလည်း သူသည်သာဖြစ်လေရဲ့။

"ဆင်းရဲသား.."

အဓိကပြဿနာဟာ အတွေးအခေါ်၊အယူအဆမတူညီကြသည်ဟု ကာရန်ရှင်းဆိုလိုချင်လျှင်တောင် ထိုစကားလုံးမျိုးမသုံးသင့်ပေ။ ထိုအသုံးအနှုန်းသည် ဤမျှစိတ်နာချင်စရာမကောင်းသော်လည်း အရေးကြီးသည်က ကာရန်ရှင်းကသူ့ကိုခွဲခြားဆက်ဆံလိုသည်ဟူသောရှင်းလင်းနေသည့်ရည်ရွယ်ချက်ကြောင့်သာဖြစ်၏။

New Ocean၌တွေ့ခဲ့စဥ်ကလည်း သူ့လိုဆင်းရဲသားနှင့်ပတ်သက်သလိုဖြစ်ရသည့်အတွက် တစ်ဖက်မိန်းကလေးရှေ့တွင် အရှက်ရခဲ့၍ပင်ဖြစ်ရမည်။

ညီသုတသည် သူ၏သက်တမ်းတစ်လျှောက်တွင် သူ့ဘဝနှင့်ပတ်သက်ပြီး စောဒကတက်စရာ လုံးဝမရှိခဲ့ပေ။ သူတို့မိသားစုသည် ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝသူမဟုတ်လျှင်တောင် တူတူတန်တန်နေထိုင်စားသောက်နိုင်သည့်အဆင့်ရှိသည်။

အဆင့်အတန်းနှင့်ပတ်သက်လျှင် ခွဲခြားဆက်ဆံတတ်သူများနှင့်လည်း အကျွမ်းတဝင်မရှိခဲ့သည်ဖြစ်ရာ ယခုလိုရွံရှာသောအကြည့်တို့ဖြင့် ကြည့်ခြင်းလည်းမခံခဲ့ရဖူးပေ။ ထင်မထားသည့်ကိစ္စရပ်များဖြစ်ပျက်သွားသည့်

Mr.Silent (Completed)Kde žijí příběhy. Začni objevovat