Part-5

3.9K 397 58
                                    

Unicode Version

စာသင်ချိန်ပြီး၍ အပြင်သို့ခြေချလိုက်သည်နှင့် စိတ်ကြည်နူးဖွယ်မြေသင်းနံ့လေးကို ညီသုတရှူရှိုက်မိလိုက်သည်။ မိုးရိပ်သမ်းနေ၍အုံ့မှိုင်းမှိုင်းဖြစ်နေသောရာသီဥတုကြောင့် အရင်လိုနေပူထဲချွေးသံတရွှဲရွှဲဖြစ်စရာမလိုတော့။ ခပ်အေးအေးဖြတ်တိုက်လာသောလေကလည်းတဟူးဟူး။

ညီသုတ၏စိတ်ဟာ တစ်ဖန်ပြန်၍လန်းဆန်းလာပြန်လေပြီ။ ဤသည်မှာလည်းထုံးစံပင်။ တစ်စုံတရာစိတ်​မကြည်လျှင်တောင် မြန်မြန်ဆန်ဆန်ပြေပျောက်တတ်သည်က သူ၏အကျင့်ဖြစ်လေရာ အခုလည်းရွှင်ရွှင်ပျပျ ညီသုတ ပြန်ဖြစ်သွားလေပြီ။

သူများတွေလိုကျူရှင်ဆင်းသည်နှင့် အိမ်သို့တစ်ချိုးတည်းလစ်ပြေးတတ်သည့်အလုပ်မျိုး ညီသုတမလုပ်။ မပြန်ခင်တွင် အနီးအနားတစ်ဝိုက်၌ဟိုယောင်ယောင်ဒီယောင်ယောင်လျှောက်သွားလိုက်ရမှ ကျေနပ်သည်။

ညီသုတနှင့်အမြဲမခွဲမတူရှိကြသည့်လင်းထက်ပိုင်နှင့်စွမ်းထက်ပိုင်တို့ညီအစ်ကိုကလည်း ထူးမခြားနားပင်။ အကျင့်စရိုက်တူ၍လည်း သုံးယောက်သားပေါင်းမိကြခြင်းဖြစ်၏။

"သုတ မင်းရဲ့Mr.Silentကြီးကိုအခုထိအိမ်ကလာမကြိုသေးဘူးထင်တယ်"

ကျူရှင်ဘေးရှိလက်ဖက်ရည်ဆိုင်တွင် သုံးယောက်သားအမြဲထိုင်တတ်သဖြင့် ဆိုင်ပိုင်ရှင်နှင့်ပင်ဘော်ဒါများဖြစ်နေလေပြီ။ ယခုလည်း ဆိုင်ပိုင်ရှင်နှင့်စကား​တပြောပြောလုပ်၍ထိုင်နေခိုက် ကျူရှင်အရှေ့ရှိခုံတန်းလေးတွင်တစ်ယောက်တည်းထိုင်နေသောကာရန်ရှင်းကိုကြည့်၍ စွမ်းထက်ပိုင်ကပြောလာခြင်းပင်။

"ဘာလဲ ချောင်းရိုက်ကြတော့မလို့လား"

ညီသုတ၏Crushအပေါ်ထားသောစိတ်များပေါက်ထွက်လာသလားဟုပင် အမြွှာနှစ်ယောက်တွေးလိုက်မိသည်။ ဘယ်ကတည်းကရိုက်စေချင်နေသလဲမသိ။

"တော်တော်ရိုက်စေချင်နေတာလား။ ငါပြောနေတာတခြားတစ်ခု။ အဲ့ဒါခွင်ပဲကွ"

နံဘေးရှိလင်းထက်ပိုင်ကလက်ဖျောက်တစ်ချက်တီးရင်း ဟန်ပါပါနှင့်ဝင်ပြောလေရာ စွမ်းထက်ပိုင်ကလည်း သူ့ကိုဘုကြည့်ကြည့်လိုက်သည်။

Mr.Silent (Completed)حيث تعيش القصص. اكتشف الآن