Part-13

2.8K 290 21
                                    

Unicode Version

လပတ်စာမေးပွဲဖြေနေစဥ်အတွင်းမှာ ကာရန်ရှင်းနှင့်ညီသုတတို့က စကားကောင်းကောင်းမပြောကြရပေ။ စာမေးပွဲအတွင်း၌ပင် အခြားကျက်မှတ်စရာ အိမ်စာများ ပေးတတ်သော တင်းကြပ်လှသည့် သူတို့၏ကျူရှင်ကြောင့်ပင်။

ထိုစာမေးပွဲရက်များကို သူတို့တစ်တွေဟာ အသည်းအသန်ရုန်းကန်ခဲ့ရသည်။ ကျောင်းစာမေးပွဲအပြီးတွင် ကျူရှင်မှTestစစ်ခြင်းကိုလည်း ခံရသေးသည်။ အားလုံးပြီးစီးသွားချိန်တွင် သူတို့လည်း ခြေကုန်လက်ပန်းကျလောက်အောင် ပင်ပန်းနေလေပြီ။

ထို့ကြောင့် ညီသုတနှင့်အမြွှာနှစ်ယောက်တို့သည် ရှားပါးစွာရရှိလာသောအားလပ်ရက်လေးကို အပန်းဖြေခြင်းနှင့်သာ ကုန်ဆုံးရန် စီစဥ်ထားကြသည်။ ထုံးစံအတိုင်း အမြွှာနှစ်ယောက်၏ အိမ်နောက်ဖေး၌ ခင်းကျင်းကာ စကားတပြောပြောနှင့် စားရင်းသောက်ရင်းပျော်ပျော်ပါးပါးအနားယူရန် သုံးယောက်သား သဘောတူကြသည်။

"ငါ ကာရန်ရှင်းကိုရော ခေါ်လိုက်ရမလား"

ညီသုတက အစီအစဥ်အကြောင်းကို သိရသည်နှင့် မဆိုင်းမတွ မေးလာလေရာ အမြွှာနှစ်ယောက်က အမြင်ကပ်ကပ်ဖြင့် မျက်စောင်းထိုးလိုက်ကြသည်။

"မင်းလင်လေးကိုပဲ ပြေးပြေးသတိရနေလိုက်"

"အခုဆိုရင် သူနဲ့ငါတို့ကလည်း တဖြည်းဖြည်းခင်နေပြီပဲကို။ သူလာချင်တယ်ဆိုရင် လက်ခံရမှာပေါ့"

"အဲ့ဒီလောက်အထိဖြစ်နေရင်လည်း အရင်ကစီစဥ်ထားသလို ဖွင့်ပြောလိုက်ပါတော့လား"

စွမ်းထက်ပိုင်က လင်းထက်ပိုင်ပြောသည့်စကားကို လက်မထောင်ပြ၍ ထောက်ခံလေသည်။ ဤမျှရောဂါကျွမ်းနေသော သူငယ်ချင်းဖြစ်သူကို သူတို့နှစ်ယောက်လုံး မြင်ပြင်းကပ်လှလေပြီ။

ညီသုတကတော့ မျှော်လင့်ချက်မရှိဟန်ဖြင့် လက်ဖျားခါပြလေသည်။

"အခုအနေအထားကိုတောင် ခက်ခက်ခဲခဲရထားတာကွ။ မဆင်မခြင်လုပ်လို့မဖြစ်တော့ဘူး။ အချိန်ယူရဦးမယ်"

"အေးပါကွာ"

"မင်းတို့လက်ခံတယ်ဆိုရင် မနက်ဖြန်ကျရင် သူ့ကိုငါမေးလိုက်တော့မယ်"

Mr.Silent (Completed)Where stories live. Discover now