Part-25

2.6K 252 33
                                    

Unicode Version

ညီသုတဟာ တစ်ခါရောက်ထားဖူးသော အခန်းကျယ်ကြီးထဲ၌ ထိုင်ကာ အခန်းနံရံဘက်ရှိ နံရံကပ်ပိုစတာများကိုကြည့်လိုက်၊ စာကြည့်စားပွဲပေါ်မှ စားပွဲတင်ဓာတ်ပုံလေးများကို ကြည့်လိုက်နှင့် အလုပ်ရှုပ်နေလေ၏။ ယခု သူသည် ကာရန်ရှင်း၏အိပ်ခန်းထဲသို့ ရောက်နေခြင်းပင်။

ရောက်နေသောနေရာသည် စိတ်ပျော်ရွှင်ဖွယ်ကောင်းသော်လည်း ရောက်လာရသည့် အကြောင်းအရင်းမှာမူ ကြေကွဲဖွယ်ကောင်းနေပေ၏။ စာမေးပွဲများဖြေဆို၍ ပြီးစီးပြီဖြစ်သဖြင့် ကာရန်ရှင်း၏မိဘများသည် ကာရန်ရှင်းကို ရန်ကုန်သို့ ပြန်ရန် တိုက်တွန်းခဲ့ကြသည်။ အနာဂတ်အစီအစဥ်များသည် ထိုနေရာ၌သာ နေရာချထားသည်မဟုတ်လား။

သူတို့၏အစီအစဥ်သည် ကာရန်ရှင်းကို ရန်ကုန်ရှိအိမ်သို့ အရင်ပြန်နှင့်စေရန်ဖြစ်ပြီး ကာရန်ရှင်း၏မိဘများကတော့ အလုပ်ခရီးစဥ်တစ်ခုသွားစရာရှိသေးသဖြင့် ထိုခရီးပြီးမှ ရန်ကုန်သို့လိုက်လာမည်ဖြစ်၏။ ယခုလည်း ကာရန်ရှင်း၏မိဘများက အလုပ်ကိစ္စနှင့် ခရီးထွက်သွားလေပြီဖြစ်သဖြင့် ညီသုတရောက်လာရဲခြင်းသာဖြစ်၏။

အပြီးပြန်ရမည့် အိမ်ပြန်ခရီးဖြစ်သော်လည်း ကာရန်ရှင်းသည် သူ၏အစီအစဥ်များကို ပြောင်းလဲလိုက်ပြီဟု ညီသုတအား ပြောလာလေသည်။

"ငါပြန်လာမှာ။ တကယ်ပြောတာ"

ကာရန်ရှင်းသည် သူ၏ခရီးဆောင်အိတ်ထဲသို့ အဝတ်အစားများထည့်နေရင်းမှ ရပ်တန့်ကာ ညီသုတကိုလှမ်းကြည့်လေသည်။ ညီသုတကလည်း ကုတင်ပေါ်၌ ထိုင်နေရင်း ကာရန်ရှင်းရှိရာဘက်သို့ လှည့်ကြည့်ဖြစ်သည်။ အကြည့်ချင်းဆုံသွားခိုက် ကာရန်ရှင်း၏မျက်ဝန်းထဲမှ ပြတ်သားသောအရိပ်အယောင်များနှင့် ကတိကိုမဖောက်ဖျက်ပါဟူသော ဝန်ခံချက်မျိုးကို ရှင်းလင်းစွာ မြင်နေရလေသည်။

"အင်း"

ပြန်လာမည့်ရက်များဟာ ဝေးကွာနေဦးမည်ဆိုသည်ကို ကြိုသိနေသော ညီသုတသည် ပျော်သင့်သလောက် မပျော်နိုင်ပေ။ ကြိုတင်ခန့်မှန်း၍မရနိုင်သော အနာဂတ်တွင် တစ်စုံတစ်ရာလွဲချော်ခဲ့ပါက သူတို့နှစ်ဦး လုံးဝပြန်မတွေ့နိုင်သည်မှာလည်း ဖြစ်နိုင်သေးသည်။

Mr.Silent (Completed)Where stories live. Discover now