Part-17

2.6K 273 56
                                    

Unicode Version

"Surprise Test ဟေ့..။ ဆရာ မလာခင် ဆယ့်ငါးမိနစ်စာကြည့်ချိန်ရမယ်"

ဂိုက်ဆရာမတစ်ယောက်၏ အော်သံဟာ အတွင်းဆောင်ကိုရော အပြင်ဆောင်ကိုပါ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေသည်။ ကျောင်းသားကျောင်းသူများဟာ စားကြသောက်ကြရင်း စကားတပြောပြောနှင့် ပျော်မြူးနေကြခိုက် ထိုစကားကိုကြားပြီးချိန်၌ စားလက်စမုန့်များလည်း မြိုမကျနိုင်တော့ဘဲ နင်သွားရသည်။

အပြင်ဆောင်၏တုံ့ပြန်မှုကတော့ အဆိုးဝါးဆုံးပင်။ သူတို့က စာကြည့်ဖို့ပင် အာရုံမရကြဘဲ ရုတ်တရက်ရောက်ချလာသည့် Testကြောင့် တညည်းညည်းတညူညူလုပ်နေကြသည်။ အတွင်းဆောင်မှာမူ အပြင်ဆောင်ထက်စာလျှင် အနည်းငယ်ပို၍ဣ​န္ဒြေရသည်ဟု ဆိုရပေမည်။

"ဟမ်... လာပြန်ပြီလား စပရိုက်.."

လင်းထက်ပိုင်က မျက်နှာကြီးမဲ့ကာရှုံ့ကာဖြင့် မအီမသာဖြစ်နေဟန်ဖြင့် မကျေမနပ်ရေရွတ်လေသည်။ စွမ်းထက်ပိုင်ကလည်း ခေါင်းငိုက်စိုက်ချထားပြီး စားပွဲပေါ်ရှိ အင်္ဂလိပ်စာအုပ်ကို ငူငူကြီးကြည့်နေလေသည်။ အင်္ဂလိပ်ညံ့သည့်သူတို့အဖို့ ယခုလို Surprise Testခဏခဏလုပ်နေခြင်းကို မနှစ်သက်လှပေ။

"ဘဝမှာ စပရိုက်အတိုက်ခံရဆုံးလူတွေကို​ပြပါဆိုရင် ငါတို့ကျူရှင်ကကျောင်းသားတွေပဲ"

စွမ်းထက်ပိုင်ကလည်း မချိတင်ကဲလေသံနှင့် ပြောပြန်သည်။ လက်ရှိတွင် သူတို့သည် သူတို့၏မူလထိုင်ခံနေရာသို့ ပြန်လည်ပြောင်းရွှေ့လာပြီဖြစ်သဖြင့် ကာရန်ရှင်းနှင့်သူတို့က ခုံချင်းရှေ့နောက်ဖြစ်နေပြန်သည်။ ထို့ကြောင့် သူတို့ပြောသမျှကို စာပြန်နွှေးနေသော ကာရန်ရှင်းက အတိုင်းသားကြားနေရသည်။

"အဲ့လိုလုပ်နေမယ့်အစား အခုပဲစာပြန်ကြည့်နေလိုက်လေ"

ကာရန်ရှင်းက စာအုပ်ကိုအကြည့်မပျက်ဘဲ အနောက်ခုံရှိ သူတို့နှစ်ယောက်ကို ရည်ရွယ်၍ ပြောလိုက်လေရာ လင်းထက်ပိုင်က အလိုမကျဟန်ဖြင့် စောင်းမြောင်းပြောလေတော့သည်။

"မင်းလို Hyperတွေကတော့ ပြောအားရှိတာပေါ့ကွ။ ငါတို့လို How are you? I hope you are well and fine လုပ်နေတဲ့ကောင်တွေကတော့ လွယ်ကူမနေဘူး"

Mr.Silent (Completed)Where stories live. Discover now