Part-3

4.7K 420 16
                                    

Unicode Version

ကျောင်းပိတ်ရက်တွင်ညီသုတဟာကျူရှင်ချိန်လည်းစောသေးသည်ဖြစ်ရာ မနက်စာထွက်စားရင်း အမြွှာနှစ်ယောက်၏အိမ်ဘက်သို့ထွက်လာခဲ့သည်။ အမြွှာနှစ်ယောက်၏အိမ်သည် ခါတိုင်းထက်ပို၍တိတ်ဆိတ်နေသည်ကို မြင်သောအခါ ညီသုတလည်းအိမ်ထဲသို့သတိထား၍ ဝင်လာလေသည်။

"လင်းထက်!! စွမ်းထက်!! "

ညီသုတ၏ခေါ်သံကိုကြားသောအခါ မီးဖိုချောင်ထဲတွင်ရှိနေသော အမြွှာနှစ်ယောက်၏အမေကချက်ချင်းထွက်လာလေသည်။

"သြော် သုတပါလား လာလေ"

အိမ်ထဲသို့ရောက်လာသည်အထိ ညီသုတမှာအမြွှာနှစ်ယောက်၏အရိပ်အယောင်ကိုမမြင်လေသောအခါ သူတို့၏အမေကိုမေးလိုက်ရသည်။

"အန်တီ လင်းထက်တို့ရော"

အမြွှာနှစ်ယောက်၏အမေဟာညီသုတကိုအရှေ့ခန်းရှိထိုင်ခုံတွင်ထိုင်စေ၍ သူ့အတွက်မုန့်တချို့ချပေးရင်း မကျေမနပ်ညည်းညူလေတော့သည်။

"အမလေး သုတရယ် ဒီမျောက်လောင်းနှစ်ကောင်ကိုအန်တီလည်းမနိုင်တော့ဘူး မနေ့ညကသူတို့ဖုန်းခိုးသုံးနေတာမြင်လို့ ဆူမိတာကိုနှစ်ယောက်လုံးဆောင့်ကြီးအောင့်ကြီးနဲ့ပြောဆိုနေကြတာ"

ညီသုတသည်အမြွှာနှစ်ကောင်ဖြစ်ပျက်နေမည့်ပုံကို တွေးရင် ခပ်ဖွဖွပြုံးလိုက်မိသည်။

"အန်တီတို့ရန်ဖြစ်ထားကြတာပေါ့"

"အေးပေါ့ကွယ် ဖုန်းကိုင်မယ့်အစားစာသာကြေအောင်လုပ်လို့ပြောလိုက်တာကိုစိတ်ဆိုးဆိုးနဲ့ စာကြေအောင်လုပ်ပြမယ်ဆိုပြီး ခေါင်းအုံးအောက်ကိုစာအုပ်တွေခုပြီးအိပ်နေကြတယ်လေ အခုထိမထကြသေးဘူး"

ညီသုတလည်းအမြွှာနှစ်ယောက်၏အမေကိုအားမနာနိုင်တော့ဘဲ အော်ရယ်မိလေတော့သည်။ ညီသုတ၏သူငယ်ချင်းပီသပါပေ့။

ဤအတိုင်းသာဆိုလျှင် စာကြေမကြေတော့ညီသုတမသိ။ စာအုပ်တော့ကြေသွားမည်မှာအမှန်ပင်။

"သွား သွား သူတို့အခန်းထဲမှာရှိတယ် သားကိုယ်တိုင်သာဝင်နှိုးလိုက်တော့"

Mr.Silent (Completed)Where stories live. Discover now