Part-30

2.7K 311 25
                                    

Unicode Version

ကံကြမ္မာကျီစယ်ခဲ့လေသော နေ့ရက်များ၌ ကာရန်ရှင်းသည် သေလုမျောပါးဝေဒနာများကို ခံစားခဲ့ရသည်။ ချစ်ရသူကိုပင် မေ့ပျောက်သွားခဲ့ရသည့် ထိုနေ့ရက်များကို ပြန်သတိရမိလျှင် ကိုယ့်ကိုယ်ကိုယ်သာ ဆုတ်ဖြဲပစ်ချင်စိတ် တဖွားဖွား။

ညီသုတ၏အမေ မူးလဲ၍ ဆေးရုံတင်ခဲ့ရသောနေ့၏ နောက်တစ်ရက်၌ ကာရန်ရှင်းသည် မန္တလေးသို့ တိတ်တဆိတ်ပြန်လာခဲ့သေးသည်။ တိတိကျကျဆိုရလျှင် သူ၏အဖေနှင့်အမေက လိုက်ပို့ခဲ့ခြင်းပင်။

ထိုနေ့က ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသော အမေဖြစ်သူ၏ လက်တစ်ဖက်ကို ဆုပ်ကိုင်ထားပြီး ကလေးတစ်ယောက်လို ငိုကြွေးရင်း "သားလိမ္မာပါ့မယ်"ဟု တဖွဖွရေရွတ်နေသော ညီသုတကို အခန်းဝရှိ ကာရန်ရှင်းသည် ရင်နာနာနှင့် ​ငေးကြည့်နေခဲ့ပါသည်။

ညီသုတ၏ဝမ်းနည်းမျက်ရည်သည် ကာရန်ရှင်းကို နာကျင်စေသည်။ ထိုမြင်ကွင်းကြောင့်ပင် သူ၏နှလုံးသားကို စတေး၍ ဤဇာတ်လမ်း၌ လူဆိုးလုပ်ပစ်လိုက်ရန် သေချာခဲ့ခြင်းသာ ဖြစ်၏။ ထို့ကြောင့် ဆေးရုံမှအပြန် ညီသုတထံမှ ဖုန်းများဆက်တိုက်ဝင်လာခြင်းကို တမင်လျစ်လျူရှုလိုက်သည်။ ထို့နောက် ရက်စက်ပါသည်ဟူသော သရုပ်မျိုးကို ဟန်ဆောင်ဖြစ်ခဲ့သည်။

သူသာနာကျင်ပါရစေ။ ထိုလူသားကိုတော့ သူ့အား အမြန်မေ့ဖျောက်ပစ်စေချင်သည်။ မုန်းသွားလျှင် မေ့လွယ်သည်ဟူသောစကားကြောင့် သူ ထိုကဲ့သို့ လုပ်မိခဲ့ခြင်းပင်။

သို့သော် ကံကြမ္မာသည် မတွေးထင်ထားသော နောက်ထပ်ဖြစ်ရပ်တစ်ခုနှင့် ကာရန်ရှင်းကို ပေးတွေ့လေ၏။ ရန်ကုန်သို့ အပြန်လမ်းတွင် သူတို့မိသားစု ကားမတော်တဆမှုမဟုတ်သည့် လုပ်ကြံမှုတစ်ခုနှင့် ကြုံခဲ့ရသည်။

အဆုံး၌ ကာရန်ရှင်းဟာ တစ်ကိုယ်လုံး အပိုင်းပိုင်းအစစဖြစ်သွားပြီဟုပင် ခံစားလိုက်ရပြီး သွေးအလိမ်းလိမ်းနှင့် သတိလစ်သွားခဲ့ရသည်။

သူသတိရလာချိန်တွင် သူသည် သီးသန့်ခန်းထဲ၌ ရှိနေပြီး ထိုနေ့က အဖြစ်အပျက်များကြောင့် သူ့မိဘများက ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟု သိရသည်။ ထို့ပြင် သူသည်လည်း ဆင်ခြေလျှောမှ လိမ့်ကျစဥ်က ရခဲ့သော ဦးခေါင်းရှိ ပြင်းထန်သောထိခိုက်မှုများကြောင့် မှတ်ဉာဏ်ပျောက်ဆုံးခဲ့ရသည်။

Mr.Silent (Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα