Part-33

2.6K 245 23
                                    

Unicode Version

တစ်ပတ်အတွင်း အပြီးသတ်ရမည့် Presentationကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ပြီးနောက် ကာရန်ရှင်းသည် စာကြည့်စားပွဲမှထကာ ကိုယ်လက်အညောင်းအညာပြေအောင် အကြောဆန့်လိုက်သည်။ စားပွဲပေါ်ရှိနာရီကို ကြည့်မိသော် အချိန်မှာ ညဆယ့်တစ်နာရီပင် ကျော်သွားလေပြီ။

အိပ်ချိန်တန်ပြီဆိုသော်ငြား မအိပ်ခင် ခြေလက်ဆေးကြောပြီးနောက် ဖုန်းကိုဖွင့်ကာ ညီသုတ၏Accountလေးထဲသို့ ဝင်ရန် ကြံလိုက်သည်။ ညီသုတသည် ယနေ့ညအဖို့ ဓာတ်ပုံသုံးပုံနှင့် စာသားတစ်ခုကိုသာ တင်ထားပေသည်။

ဓာတ်ပုံသုံးပုံသည် Selfieပုံများဖြစ်ပြီး ညအိပ်ဝတ်စုံအဝါရောင်လေးနှင့် ချစ်စဖွယ်ကောင်းနေ၏။ ကာရန်ရှင်းလည်း လက်နှေးမနေဘဲ ထိုပုံများကို သိမ်ထားလိုက်ပြီး ပို့စ်ကို Likeပေးလိုက်သည်။ နောက်ထပ်တင်ထားသော စာသားမှာ သီချင်းစာသားတစ်ခုသာဖြစ်သည်။

"Things end but memories last forever"

(အရာအားလုံးပြီးဆုံးသွားရင်တောင် အမှတ်တရတွေကတော့ ထာဝရထင်ကျန်ရစ်ဆဲ)

ထိုစာလေးကို ဖတ်ပြီး ကာရန်ရှင်းမှာ အကြောင်းအရင်းမရှိ စိတ်ဓာတ်ကျမိရသည်။ အကြောင်းမှာ ညီသုတဆိုလိုချင်သည့် အရာအားလုံးတွင် သူမပါလိုပေ။

"ငါ့အမှားတွေပါကွာ... ငါအသုံးမကျခဲ့တာ"

အတော်ကြာသည်အထိ ညီသုတတင်ထားသော စာနှင့် ထိုစာအောက်မှ commentတချို့ကိုဖတ်၍ အချိန်ဖြုန်းနေသော ကာရန်ရှင်းသည် သူတင်ထားသောပုံကို ညီသုတကlikeပေးရုံသာမက commentပါ ဝင်ပေးသွားသည်ကို မြင်သော် ရင်ခုန်သံများက ထိန်းမရအောင်မြန်ဆန်လာရသည်။

မယုံကြည်နိုင်သဖြင့် နှစ်ကြိမ်နှစ်ခါတိတိ စစ်ဆေးပြီးသောအခါ ယုန်ပေါက်နှစ်ကောင်၏ပုံကို တင်ထားသည့်ပို့စ်အောက်တွင် အမှန်တကယ်ကို ညီသုတက commentလာပေးထားခြင်းပင်။

Nyi Thuta : ချစ်စရာလေးတွေ..

ကာရန်ရှင်းမှာ ဆောက်တည်ရာမဲ့စွာ ပျော်ရွှင်လာသော စိတ်အစဥ်ကို မချိုးနှိမ်ထားနိုင်တော့ပေ။ သူသည် ဖုန်းကိုရင်ခွင်ထဲထည့်ထားပြီး မျက်နှာကိုလည်း ခေါင်းအုံးထက်အပ်ရင်း အရူးတစ်ယောက်လို ရယ်မောကာသူ၏ပျော်ရွှင်မှုကို တိတ်တဆိတ်ထုတ်ဖော်သည်။

Mr.Silent (Completed)Where stories live. Discover now