Part-35

2.3K 217 8
                                    

Unicode Version

သူတို့၏ ခင်မင်မှုသက်တမ်းပင် ရှစ်လနီးပါးရှိလာလေပြီ။ ရှည်ကြာလာသောဆက်ဆံရေးတစ်ခုတွင် အပြောင်းအလဲတချို့လည်း ရှိနေပေသည်။ သူတို့နှစ်ဦးကြားရှိ အနေအထားသည် သူငယ်ချင်းယောင်ယောင်၊ ချစ်သူရည်းစားယောင်ယောင် ဖြစ်လာခဲ့သည်မှာ ဘယ်သူကစတင်လိုက်သည်ဟုပင် တွေးတော၍ မရနိုင်တော့ချေ။

ခင်မင်ပြီးတစ်လအကြာ...။

Tristan_Shin: "မင်းနဲ့အပြန်အလှန်followလုပ်ထားတဲ့ကောင်မလေးလေ။ နေခြည်ဆိုလားပဲ။ သူက မင်းရဲ့သူငယ်ချင်းပါဆိုပြီး ငါ့ကို လာမိတ်ဆက်နေတယ်"

Nyi Thuta: "မင်း ဘာပြန်ပြောလိုက်လဲ"

Tristan_Shin: "Seenကိုမပြထားဘူး"

Nyi Thuta: "Haha...အေးပေါ့။ ဒါမှလည်း မင်းပီသမှာလေ"

Tristan_Shin: "အတင်းလာကပ်တတ်တဲ့စတိုင်လ်မျိုးဆို ငါမကြိုက်ဘူး"

တစ်ဖက်လူ၏စကားကြောင့် ညီသုတမှာ ဇဝေဇဝါဖြစ်သွားရသည်။ သည်လိုပုံစံမျိုးသည်လည်း ထိုလူသားနှင့် သွားတူနေပြန်ရော။

Nyi Thuta: "ငါကရော..။ ငါကလည်း မင်းကိုမသိဘဲနဲ့ commentတွေဝင်ပေးခဲ့တာလေ"

Tristan_Shin: "မင်းကမတူဘူးလေ"

Nyi Thuta: "ဘာမတူတာလဲ"

ထိုမေးခွန်းကိုမေးလိုက်တိုင်း ညီသုတဘယ်တော့မှ အဖြေပြန်မရခဲ့ပါ။ တမင်တကာဖြစ်စေ၊ မသိမသာဖြစ်စေ စကားလမ်းကြောင်းလွှဲခြင်းနှင့်သာ ကြုံရပေသည်။

ခင်မင်ပြီး သုံးလအကြာ...။

Nyi Thuta: "ဒီတစ်ခေါက်ပိတ်ရက်ကတော့ တကယ်ကိုအိပ်မက်ဆိုးပါပဲကွာ"

Tristan_Shin: "အလုပ်တအားများနေလို့လား"

Nyi Thuta: "ဟုတ်တယ်။ Projectအသစ်စနေပြီလေ။ အဲ့ဒါအတွက်လည်း Moduleခွဲပြီး အလုပ်လုပ်နေရတယ်။ ပြီးတော့ ရုံးတွင်းပြိုင်ပွဲအတွက် လိုအပ်တာတွေ Dataရှာဖို့လည်း လိုသေးတယ်။ ဘာကိုအရင်လုပ်ရမလဲကို မသိတော့ဘူး"

Tristan_Shin: "ပြိုင်ပွဲဝင်ရမှာက ဘာအမျိုးအစားနဲ့လဲ"

Nyi Thuta: "Gameပဲလေ။ အီဂျစ်နိုင်ငံရဲ့သမိုင်းကြောင်းနောက်ခံတွေနဲ့ ပိရမစ်တွေအကြောင်းကို လေ့လာရမှာ။ Gameရဲ့ အခြေခံသဘောတရားကတော့ ရတနာသိုက်ရှာပုံတော်ထွက်တာပေါ့ကွာ။ အဲ့ဒီမှာမှ ကျိန်စာတွေနဲ့ကြုံရတာကို ဖြေရှင်းရင်း Levelတက်တက်သွားမှာ"

Mr.Silent (Completed)Where stories live. Discover now