Part-31

2.5K 225 7
                                    

Unicode Version

"Haksaeng Shin Min Woo.."
(ကျောင်းသား ရှင်းမင်ဝူ..)

ကာရန်ရှင်းသည် အရှေ့တွင်စာသင်နေသော ပရော်ဖက်ဆာကိုပင် မေ့လျော့သွားမိသည်အထိ သတိလက်လွတ်ဖြစ်နေရလေသည်။ အကြောင်းမှာ လွန်ခဲ့သည့်မိနစ်ပိုင်းခန့်က ညီသုတတင်ထားသော ပုံတစ်ပုံကြောင့်သာ ဖြစ်၏။

ညီသုတသည် သူအအေးမိထားကြောင်းကို ရှင်းလင်းစွာရေးထားပြီး စာနှင့်အတူ ပါလာသောပုံသည် အိပ်ရာထဲတွင်လဲလျောင်းနေပြီး ဖြူဖပ်ဖြူရော်မျက်နှာလေးနှင့် ကင်မရာကိုကြည့်နေပုံအား ရိုက်ထားလေသည်။ ထိုပုံစံမှာ အလွန်တရာချစ်စရာကောင်းလှပြီး သနားစဖွယ်လည်းကောင်းလွန်းသောကြောင့် ကာရန်ရှင်းမှာ ထိုပုံကိုမြင်၍ ဖြစ်ပေါ်လာသော ခံစားချက်များကို ဖော်မပြတတ်ချေ။

ညီသုတ၏ပုံကိုကြည့်၍ သတိလက်လွတ်ဖြစ်သွားခိုက် အာရုံတစိုက်စာသင်နေသော ပရော်ဖက်ဆာကလည်း သူ့ကို သတိထားမိသွားဟန်နှင့် နာမည်တပ်၍ သတိပေးလာသောအခါ သူကလည်း ပြန်တောင်းပန်လိုက်ရသည်။

"Joesonghabnida seonsaengnim" (တောင်းပန်ပါတယ် ဆရာ)

"Gongbue Jibjunghada" (စာကိုအာရုံစိုက်ပါ)

"Nae" (ဟုတ်ကဲ့)

ပရော်ဖက်ဆာ၏ သတိပေးခြင်းကို ခံလိုက်ရသည့်နောက် ကာရန်ရှင်းလည်း စာသင်ချိန်တစ်ချိန်လုံး ငြိမ်နေလိုက်တော့သည်။ သို့သော် မတိုင်ခင်က မြင်လိုက်ရသော ညီသုတ၏ပုံစံလေးကိုမူ မျက်လုံးထဲက လုံးဝဖျောက်မရတော့ပေ။

အားနည်းပြီး ခုခံနိုင်ခြင်းကင်းမဲ့နေသော ညီသုတ၏ အသွင်အပြင်လေးသည်လည်း တစ်မျိုးဆွဲဆောင်တတ်လေမှန်း သူသိထားခဲ့ပြီးဖြစ်၏။ သို့သော် ယခုပုံစံလေးသည် အရင်တုန်းကထက် ပိုကြည့်ကောင်းနေသည်ဟု ထင်မိနေသည်ကတော့ အမှန်ပင်။

အတန်းဆင်းချိန်၌ ကာရန်ရှင်းသည် ဖုန်းကိုပြန်ထုတ်ကာ မတိုင်ခင်က ညီသုတင်ထားသော ပုံလေးများကို ပြန်ကြည့်ဖြစ်သည်။ အတန်းထဲမှာတုန်းက သေချာမကြည့်ဖြစ်လိုက်သောကြောင့် တစ်ပုံချင်းစီကို အသေအချာစိုက်ကြည့်နေမိသည်။

Mr.Silent (Completed)Where stories live. Discover now