အပိုင်း (၉) သတင်းကောင်း

Start from the beginning
                                    

ထူးခြားသည့်ရောဂါအမည် :
ထျန်းတုခန္ဓာကိုယ်* (ကောင်းကင်ဘုံ၏အမျက်) အစောပိုင်းအဆင့်
[သတိပြုရန် - အလွန်ရှားပါးသည့်ရောဂါတစ်မျိုးဖြစ်သည်]

ချီစွမ်းအင်သွေးကြောများအားနည်းခြင်းနဲ့ ကိုယ်တွင်းအင်္ဂါမလုံလောက်ခြင်း ဆိုတာ ကုန်းရိထျန်းဟန်မှာ လက်ရှိခံစားနေရတဲ့ လက္ခဏာတွေပဲမဟုတ်လား? ဒါပေမယ့် ဒီဆေးညွှန်းတစ်ခုတည်းနဲ့မလုံလောက်သေးဘူး။ လက်ရှိမှာ ချီစွမ်းအင်သွေးကြောတွေပိတ်ဆို့နေတာက သူအရေးတကြီးဖြေရှင်းရမယ်ပဲ အကြီးမားဆုံးပြဿနာပဲ။

သို့သော် ကုကျိုးသည်လည်း ဒီဆေးညွှန်းတစ်ခုတည်းသာ ရှာတွေ့ထားခြင်းမဟုတ်ပေ။ သူက ထိုဆေးအညွှန်းကို ပြပြီးတာနဲ့ အထူးရောဂါများရှိရာ စာမျက်နှာဆီသို့ ချက်ချင်းလှန်လျောလိုက်သည်။ ထို့နောက် ကုသရခက်ခဲ့သည့်ရောဂါများဆိုသည့် ခေါင်းစဉ်အောက်တွင် "ကောင်းကင်ဘုံ၏အမျက် : ထျန်းတုခန္ဓာကိုယ်" ဆိုတာကို သူရှာ​တွေ့သွားသည်။

သူက စိတ်လှုပ်ရှားမှုများကို ထိန်းလိုက်ကာ ရောဂါရှင်းလင်းချက်ကို သူ၏ထောက်ပံ့သူအား မြန်မြန်ပြလိုက်၏။

ကုန်းရိထျန်းဟန်၏မျက်လုံးများသည် ထိုစာပိုဒ်တိုလေးအပေါ် အာရုံစိုက်ထားကာ သူ့နှလုံးခုန်သံများကလည်း တစစမြန်ဆန်လို့လာသည်။

[ထျန်းတုခန္ဓာကိုယ်: ကောင်းကင်ဘုံ၏အမျက် - မွေးရာပါချီစွမ်းအား မြောက်များစွာဖြင့်မွေးဖွားလာသူ၊ ချီစွမ်းအင်အကြောတည်ရာ အမှတ်ပေါင်း(၁၀၀)က မွေးရာပါ ပိတ်ဆို့ခြင်းအလျင်းမရှိ၊ ကောင်းကင်နှင့်မြေကြီးရှိ ချီစွမ်းအင်များ၏ လွန်စွာချစ်ခင်နှစ်သက်ခြင်းခံရသူ၊ ထို့ကြောင့် ကောင်းကင်ဘုံ၏ မနာလိုအမျက်ရှခြင်းကိုခံရသူ။ ဤခန္ဓာကိုယ်ဖြင့်မွေးဖွားလာသူသည် မည်သူမဆို အသွေးအသားတည်ဆောက်မှုမှာ မွေးရာပါ ရှန်းထျန်းအဆင့်ဖြစ်၏။ သို့သော် ချီစွမ်းအင်သွေးကြောများက အလွန်အားနည်းကာ သိုင်းပညာမကျင့်ကြံနိုင်။ အရွယ်ရောက်လာသည်နှင့်အမျှ ချီစွမ်းအင်သွေးကြောများသည် မွေးရာပါချီစွမ်းအင်ကြောင့် ပိတ်ဆို့လာမည်။ အသက်(၂၀)ပြည့်ချိန်တွင် တစ်ကိုယ်လုံးရှိ သွေးနှင့်ချီလည်ပတ်မှု အလုံးစုံပိတ်ဆို့ပြီး သေပွဲဝင်ရမည်။ ကုသနိုင်ပါက လူသားမျိုးနွယ်၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်မည့်သူဖြစ်သည်။]

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now