အပိုင်း (၂) ​သေ​လောက်​သည့်​မစ်​ရှင်

Start from the beginning
                                    

ပြောရရင် ဒါက ကံတရားဟုပင်ဆိုရပေမည်။

ဒီကောင်လေးနာမည်ကလည်း သူ့ရဲ့​​ကုကျိုးဆိုသည့်နာမည်နှင့် အံဝင်ခွင်ကျ လိုက်ဖက်ညီနေပြန်သည်။ သူ့နာမည်က 'ချီထျန်းရုံ' ဟုခေါ်သည်။

(T/N - ကုကျိုး - (顧佐) ရဲ့ နာမည်မှာပါတဲ့ ကျိုး - '佐' စာလုံးအဓိပ္ပါယ်က ကူညီပေးခြင်း၊ အထောက်အပံ့ပေးခြင်း၊ အဖော်ပြုပေးခြင်းကို ဆိုလိုပြီး ကောင်လေးနာမည်က ချီထျန်းရုံ - (齊天佑) ရဲ့ ရုံ - '佑' စာလုံးကတော့ ကူညီပေးခြင်း၊ ကာကွယ်ပေးခြင်းဆိုပြီး အဓိပ္ပါယ်တူညီနေပါတယ်)

ထိုကောင်လေးသည် ကလေးဘဝထဲက စွန့်ပစ်ခံခဲ့ရပြီး 'ချီ' မိသားစုက သူ့ကိုကရုဏာသက်ကာ အစေခံအဖြစ်ကောက်ယူမွေးစားခဲ့သည်။ အစေခံအဖြစ်စာရင်းမသွင်းခင်မှာ သူ့၏ပင်ကိုပါရမီကို စမ်းသပ်ကြည့်လိုက်တော့ မထင်မှတ်ထားဘဲ သူ၏လက်​နှစ်​ဖက်​တွင်​ 'ဆေးပုလဲလုံး'များ ရှိနေခဲ့သည်။ ဆေးဆရာဖြစ်နိုင်သည့် အနာဂတ်အလားအလာကောင်းကို ပိုင်ဆိုင်ထားသူဖြစ်သဖြင့် သူ့ကို 'ချီ' မိသားစုက ချက်ချင်းပင် သားအဖြစ်ကောက်ယူမွေးစားပြီး 'ချီ' မျိုးရိုးနာမည်ကို ဆက်ခံစေကာ ကျင့်ကြံရေးလမ်းစဉ်များကို စည်းစနစ်တကျ လေ့ကျင့်သင်ကြားပေးတော့သည်။

ချီထျန်းရုံ မှာ အလွန်ဥာဏ်ကောင်းသူဖြစ်သည်။ ကလေးဘဝကတည်းက စိတ်ထားဖြူစင်ကာ အကျင့်စာရိတ္တကောင်းမွန်သူတစ်ယောက်ဖြစ်သည်။ ဘယ်တော့မှ တခြားသူများအပေါ် နိမ့်ချဆက်ဆံခြင်းမပြုခဲ့သလို သူ့၏ မြင့်မားသောဂုဏ်ကို အသုံးချကာ အခွင့်အရေးယူခြင်းမျိုးလည်း ဘယ်တုန်းကမှမလုပ်ခဲ့ပေ။ ထိုအရာများနှင့် ဆန့်ကျင်စွာပင် သူက မိမိကိုယ်ကို အလွန်နှိမ့်ချတတ်သူဖြစ်ကာ သင်ယူချင်စိတ်နှင့် တခြားသူများအပေါ် ကူညီပေးလိုသည့် စိတ်အားထက်သန်သူတစ်ယောက်ဖြစ်သည်။

သူကြီးပြင်းလာသည်နှင့်အမျှ သူ၏ ဆေးဝါးများကိုစင်ကြယ်သန့်စင်နိုင်သည့် ပါရမီသည်လည်း သိသိသာသာ တဟုန်ထိုးတိုးတက်လာခဲ့သည်။ သို့သော်လည်း သူက လုံ့လဝီရိယရှိစွာ ဆက်လက်ကြိုးစားခဲ့သည်။ သူ့ကို တစ်စုံတစ်ယောက်က ဆေးကုသပေးရန်တောင်းဆိုလာလျှင် ဘယ်တော့မှ မငြင်းဆန်ခဲ့။ အကူအညီလိုအပ်နေသည့်သူမှာ အစေခံပင်ဖြစ်လင့်ကစား သူကတော့ အကူအညီပေးမည်သာဖြစ်သည်။

မင်းအတွက် ဆေးတစ်ခွက် [System]Where stories live. Discover now