Unicode
"Yiboတကယ်ပဲ အဲ့လို ဆုံးဖြတ်လိုက်ပြီလား"
"Hae ဘာကို ပြောချင်တာလဲ"
နှစ်ဦးသား ထမင်းအတူတူစားနေရင်း ထိုသို့မေးလာတဲ့ Haeကြောင့် Yiboနားမလည်သလို ပြန်မေးလာလေသည်။
"Hae တို့ မင်္ဂလာ ကိစ္စလေ "
"အင်း နောက်တစ်ပတ်ပဲ ကိုယ်တို့ လက်ထပ်ကြတော့မှာလေ Haeဘာတွေ အတွေးလွန်နေတာလဲ"
လိမ်ညာမှုမပါတဲ့ သူ့ရဲ့ စကားကို ကြားရပေမဲ့လို့ ကျွန်မ မပျော်ခဲ့ဘူး။ ဘာလို့များလဲ။ တကယ်ဆို ကျွန်မ ပျော်နေသင့်တယ်လေ။
"Yibo တကယ်ပဲ Hae နဲ့ လက်ထပ်ရင် ပျော်မှာသေချာရဲ့လား"
"သေချာပေါက်ပဲပေါ့ ဆိုစမ်းပါအုံး ဘယ်သူက Haeကို အရူးဇာတ်သွင်းသွားတာလဲ။ မမေးစဖူးတွေ မေးနေတယ်"
"မဟုတ်ပါဘူး Haeက Yiboကို စိတ်ပူလို့ပါ။ ပြီးတော့ Xiao Zhan သူ~~~"
"ကျွန်တော်နဲ့ သူက ရှယ်ယာရှင် ဆက်ဆံရေးပါ Hae ဘာမှ စိတ်မပူပါနဲ့။ Haeကို ကျွန်တော် တစ်သက်လုံး ပြုစုစောင့်ရှောက်မယ်လို့ ကတိပေးပါတယ်။"
~~~~
စကားလုံးလေးတွေ အံ့ထွက်လာချင်ခဲ့ပေမဲ့
ချစ်ရဆုံးသူက ကြိုးစားပိတ်လာတဲ့အခါ ကိုယ်တွေက အဘယ်သောစိတ်နဲ့ ဆက်ဆိုရက်လေမလဲ။ အသံတိတ် နှုတ်ပိတ်ယုံပေါ့။
ပါရမီလေး ဖြည့်ဆီးပေးချင်ရုံပါ။ အခြားဟာတော့ သူပျော်ရင်ကို ကျေနပ်ပြီးသား။
~~~~
Snap ပုံလေးတစ်ပုံကို အကျယ်ချဲ့လို့ မှန်ဘောင်သွင်းထားတဲ့ ဓာတ်ပုံလေး
တစ်ချပ်ကို Seoun Youn အတန်ကြာငေးကြည့်နေမိသည်။ ပုံထဲက မိန်းခလေးကတော့ မိုနာလီစာရှုံးအောင်ကို ပြုံးနေလေသည္။
မဆိုင်ခင်ကတည်းက မပိုင်နိုင်တော့တဲ့ ထိုမိန်းခလေးကို ကျွန်တော် သိပ်ချစ်တယ်။
မပြိုင်ခင်ကတည်းက ကျွန်တော္ဟာ ရှုံးပြီးသားလူတစ်ယောက်။
လက်လှမ်းမမှီနိုင်တဲ့ ထိုပန်းလေးကို ရင်မှာ အမြတ်တနိုးထားပြီး သိပ်ချစ်ရပါတယ်။
မမှီနိုင်ပေမဲ့လို့ ငေးကြည့်ခွင့်တော့ ရှိပါသေးတယ်။
သူမသိဖူးတဲ့ ထိုအချစ်ကို နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ သိမ်းဆည်းလို့ ထာဝရအတွက် ပိတ်လှောင်ထားပါ့မယ်။ ဘယ်တော့မှ ဖွင့်မပြောတော့ပါဘူး။
~~~~
"Xiao Zhan ဒီကောင် ဘယ်ရောက်နေတာလဲကွာ အချိန်လဲမစောတော့ဘူး ရှာလည်းမရဘူး။"
ကျန်းချန် Xiao Zhan ဆီဖုန်းတွေဆက်တိုက်ခေါ်နေသော်လည်း ကိုင်သူမရှိတာကြောင့္စိတ်တွေပါ ပူနေရလေသည္။
အချစ်ဆုံး သူငယ်ချင်းဆိုလို့ ဒီတစ်ယောက်ပဲ ရှိတာကြောင့္ ကျန်းချန်တကယ် စိတ်ပူနေမိသည်။
Ring~~~ Ring~~~
ကျန်းချန်စိတ်ရှုပ်နေတုန်း ဝင်လာတဲ့ Phone callကို ကြည့်လိုက်တော့ Xiao Zhan ဆီဖြစ်တာကြောင့် ဝမ်းသာအားရနဲ့ အမြန်ကိုင်လိုက်လေသည္။
"ဟေ့ကောင် မင်းဘယ်ရောက်နေတာလဲကွာ ။ မစောတော့ဘူးနော် အိမ်က လူတွေလည်း စိတ်ပူနေပြီ"
"ဟို မိတ်ဆွေ ကျွန်တော်က Monster Clubက waiterပါ ဒီက ဖုန်းပိုင်ရှင်က မူးနေလို့ ဖုန်းဆက်ပေးလိုက်တာပါ"
တဖက်စကားကြောင့် ကျန်းချန် အမြန်ပဲ ထို Clubဆီ ပြေးလွှားရလေသည်။
~
~
~
"ခလေး ရက်စက်တယ်။ ကိုယ်ချစ်တာ သိရက်နဲ့ကွာ ~~~ မမိုက်ဘူး~~~ မင်းလုပ်ရပ်က လုံးဝ မမိုက်ပါဘူး။ မင်း~~~ ဘာလို့~~~ ကိုယ့်ကို မရွေးချယ်~~~ ရ~~ တာလဲ! ဘာလို့ သူမကို ရွေးသွားရတာလဲ! ဂလု!"
ရှိုက်သံတစ်ချက်အဆုံး Xiao Zhan လည်ချောင်းထဲ ခါးသက်သက် အရက်တို့ ပြေးဖြတ်သည်။
မင်းအချစ်က ဒီအရက်ထက်ခါးတယ်။
ယစ်မူးဖို့လည်းကောင်းတယ်။
"ဟေ့ကောင် တော်တော့ မင်းများနေပြီ လာအိမ်ပြန်မယ်"
"အေ့ ~~~ ဘယ်သူယဲ~~~ ငါအသည်းကွဲနေလို့ကို မပြန်ဘူး! ငါ့ကို လာမဆွဲနဲ့ ဖယ်စမ်း!"
လူမသိ သူမသိအောင်ကို မူးရူးကွဲပြဲနေတဲ့ Xiao Zhanကြောင့် ကျန်းချန် ခေါင်းတစ်ခါခါနဲ့ ဆွဲထူခဲ့ပေမဲ့ တကယ့်လက်တွေ့မှာတော့ Xiao Zhan တစ်ယောက် နေရာမှာတင် တုတ်တုတ်မျှမလုပ်။
"ငါကျန်းချန်လေ ဟေ့ကောင် မင်းအရမ်းမူးနေပြီ ပြန်ကြမယ္"
"မပြန်ဘူး! ဟေ့ကောင် ငါအသည်းကွဲနေတာလေကွာ မင်းနားမလည်ဘူးလား"
Xiao Zhan အော်လိုက်တော့ ကျန်းချန် Xiao Zhanကို ဆိုဖာပေါ် ပြန်ပစ်ချပြီး~~~
"ငါက မင်းကို ခေါ်တယ်ဆိုတာ မင်းခလေးကို ပြန်ခေါ်ဖို့ အစီအစဥ်ဆွဲမလို့ မင်းမခေါ်ချင်လဲ သဘောပဲ။
Xiao Zhan ထိုသို့ကြားတာနဲ့ အမူးသမားမဟုတ်သလို ချက်ချင်းပြောင်းသွားပြီး ကျန်းချန်နား အမြန်ကပ်ရင်း~~~
"တ တ တကယ်လား ကျန်းချန် မင်းမှာတကယ် နည်းလမ်းရှိတာလား"
ကျန်းချန် သူငယ်ချင်းဖြစ်သူရဲ့ ပုံစံကို ကြည့်ပြီး သနားနေရလေသည်။
တကယ်ဆို ဒီလေါက်တောင် ချစ်ရက်နဲ့ကွာ။
"ငါအမူးသမားနဲ့ မတိုင်ပင်နိုင်ဘူး "
"ကျန်း ကျန်းချန် ငါ ငါ မမူးတော့ဘူးလေနော် မမူးတော့ဘူး"
"ဟင်း~~~"
~
~
~
"မင်းငါ့ကို ပြောပြပါတော့ ကျန်းချန်"
"မင်းသူ့ကို ချစ်တယ္လို့ ပြောဖူးလား"
"ဟင်~~~"
~~~~
တခါတလေတော့ အဖြေက သိပ်လွယ်လွန်းတော့ မင်းရှန်းသွားတာရယ်ပါ။
~×~×~×~×~×~×~×~×~×~×~×~×~×~×
ဒီအပိုင်းတိုသွားတယ်နက်ဖန်ကျရှည်ရှည်လေးUpပေးပါ့မယ်
Zawgyi
"Yiboတကယ္ပဲ အဲ့လို ဆံုးျဖတ္လိုက္ၿပီလား"
"Hae ဘာကို ေျပာခ်င္တာလဲ"
ႏွစ္ၪီးသား ထမင္းအတူတူစားေနရင္း ထိုသို႔ေမးလာတဲ့ Haeေၾကာင့္ Yiboနားမလည္သလို ျပန္ေမးလာေလသည္။
"Hae တို႔ မဂၤလာ ကိစၥေလ "
"အင္း ေနာက္တစ္ပတ္ပဲ ကိုယ္တို႔ လက္ထပ္ၾကေတာ့မွာေလ Haeဘာေတြ အေတြးလြန္ေနတာလဲ"
လိမ္ညာမႈမပါတဲ့ သူ႔ရဲ့ စကားကို ၾကားရေပမဲ့လို႔ ကြၽန္မ မေပ်ာ္ခဲ့ဘူး။ ဘာလို႔မ်ားလဲ။ တကယ္ဆို ကြၽန္မ ေပ်ာ္ေနသင့္တယ္ေလ။
"Yibo တကယ္ပဲ Hae နဲ႔ လက္ထပ္ရင္ ေပ်ာ္မွာေသခ်ာရဲ့လား"
"ေသခ်ာေပါက္ပဲေပါ့ ဆိုစမ္းပါအံုး ဘယ္သူက Haeကို အရူးဇာတ္သြင္းသြားတာလဲ။ မေမးစဖူးေတြ ေမးေနတယ္"
"မဟုတ္ပါဘူး Haeက Yiboကို စိတ္ပူလို႔ပါ။ ၿပီးေတာ့ Xiao Zhan သူ~~~"
"ကြၽန္ေတာ္နဲ႔ သူက ရွယ္ယာရွင္ ဆက္ဆံေရးပါ Hae ဘာမွ စိတ္မပူပါနဲ႔။ Haeကို ကြၽန္ေတာ္ တစ္သက္လံုး ျပဳစုေစာင့္ေရွာက္မယ္လို႔ ကတိေပးပါတယ္။"
~~~~
စကားလံုးေလးေတြ အံ့ထြက္လာခ်င္ခဲ့ေပမဲ့
ခ်စ္ရဆံုးသူက ႀကိဳးစားပိတ္လာတဲ့အခါ ကိုယ္ေတြက အဘယ္ေသာစိတ္နဲ႔ ဆက္ဆိုရက္ေလမလဲ။ အသံတိတ္ ႏႈတ္ပိတ္ယံုေပါ့။
ပါရမီေလး ျဖည့္ဆီးေပးခ်င္ရံုပါ။ အျခားဟာေတာ့ သူေပ်ာ္ရင္ကို ေက်နပ္ၿပီးသား။
~~~~
Snap ပံုေလးတစ္ပံုကို အက်ယ္ခ်ဲ့လို႔ မွန္ေဘာင္သြင္းထားတဲ့ ဓာတ္ပံုေလး
တစ္ခ်ပ္ကို Seoun Youn အတန္ၾကာေငးၾကည့္ေနမိသည္။ ပံုထဲက မိန္းခေလးကေတာ့ မိုနာလီစာရႈံးေအာင္ကို ၿပံဳးေနေလသည္။
မဆိုင္ခင္ကတည္းက မပိုင္ႏိုင္ေတာ့တဲ့ ထိုမိန္းခေလးကို ကြၽန္ေတာ္ သိပ္ခ်စ္တယ္။
မၿပိဳင္ခင္ကတည္းက ကြၽန္ေတာ္ဟာ ရႈံးၿပီးသားလူတစ္ေယာက္။
လက္လွမ္းမမွီႏိုင္တဲ့ ထိုပန္းေလးကို ရင္မွာ အျမတ္တႏိုးထားၿပီး သိပ္ခ်စ္ရပါတယ္။
မမွီႏိုင္ေပမဲ့လို႔ ေငးၾကည့္ခြင့္ေတာ့ ရိွပါေသးတယ္။
သူမသိဖူးတဲ့ ထိုအခ်စ္ကို ႏွလံုးသားရဲ့ အနက္ရိႈင္းဆံုးမွာ သိမ္းဆည္းလို႔ ထာဝရအတြက္ ပိတ္ေလွာင္ထားပါ့မယ္။ ဘယ္ေတာ့မွ ဖြင့္မေျပာေတာ့ပါဘူး။
~~~~
"Xiao Zhan ဒီေကာင္ ဘယ္ေရာက္ေနတာလဲကြာ အခ်ိန္လဲမေစာေတာ့ဘူး ရွာလည္းမရဘူး။"
က်န္းခ်န္ Xiao Zhan ဆီဖုန္းေတြဆက္တိုက္ေခၚေနေသာ္လည္း ကိုင္သူမရိွတာေၾကာင့္စိတ္ေတြပါ ပူေနရေလသည္။
အခ်စ္ဆံုး သူငယ္ခ်င္းဆိုလို႔ ဒီတစ္ေယာက္ပဲ ရိွတာေၾကာင့္ က်န္းခ်န္တကယ္ စိတ္ပူေနမိသည္။
Ring~~~ Ring~~~
က်န္းခ်န္စိတ္ရႈပ္ေနတုန္း ဝင္လာတဲ့ Phone callကို ၾကည့္လိုက္ေတာ့ Xiao Zhan ဆီျဖစ္တာေၾကာင့္ ဝမ္းသာအားရနဲ႔ အျမန္ကိုင္လိုက္ေလသည္။
"ေဟ့ေကာင္ မင္းဘယ္ေရာက္ေနတာလဲကြာ ။ မေစာေတာ့ဘူးေနာ္ အိမ္က လူေတြလည္း စိတ္ပူေနၿပီ"
"ဟို မိတ္ေဆြ ကြၽန္ေတာ္က Monster Clubက waiterပါ ဒီက ဖုန္းပိုင္ရွင္က မူးေနလို႔ ဖုန္းဆက္ေပးလိုက္တာပါ"
တဖက္စကားေၾကာင့္ က်န္းခ်န္ အျမန္ပဲ ထို Clubဆီ ေျပးလႊားရေလသည္။
~
~
~
"ခေလး ရက္စက္တယ္။ ကိုယ္ခ်စ္တာ သိရက္နဲ႔ကြာ ~~~ မမိုက္ဘူး~~~ မင္းလုပ္ရပ္က လံုးဝ မမိုက္ပါဘူး။ မင္း~~~ ဘာလို႔~~~ ကိုယ့္ကို မေရြးခ်ယ္~~~ ရ~~ တာလဲ! ဘာလို႔ သူမကို ေရြးသြားရတာလဲ! ဂလု!"
ရိႈက္သံတစ္ခ်က္အဆံုး Xiao Zhan လည္ေခ်ာင္းထဲ ခါးသက္သက္ အရက္တို႔ ေျပးျဖတ္သည္။
မင္းအခ်စ္က ဒီအရက္ထက္ခါးတယ္။
ယစ္မူးဖို႔လည္းေကာင္းတယ္။
"ေဟ့ေကာင္ ေတာ္ေတာ့ မင္းမ်ားေနၿပီ လာအိမ္ျပန္မယ္"
"ေအ့ ~~~ ဘယ္သူယဲ~~~ ငါအသည္းကြဲေနလို႔ကို မျပန္ဘူး! ငါ့ကို လာမဆြဲနဲ႔ ဖယ္စမ္း!"
လူမသိ သူမသိေအာင္ကို မူးရူးကြဲၿပဲေနတဲ့ Xiao Zhanေၾကာင့္ က်န္းခ်န္ ေခါင္းတစ္ခါခါနဲ႔ ဆြဲထူခဲ့ေပမဲ့ တကယ့္လက္ေတြ့မွာေတာ့ Xiao Zhan တစ္ေယာက္ ေနရာမွာတင္ တုတ္တုတ္မ်ွမလုပ္။
"ငါက်န္းခ်န္ေလ ေဟ့ေကာင္ မင္းအရမ္းမူးေနၿပီ ျပန္ၾကမယ္"
"မျပန္ဘူး! ေဟ့ေကာင္ ငါအသည္းကြဲေနတာေလကြာ မင္းနားမလည္ဘူးလား"
Xiao Zhan ေအာ္လိုက္ေတာ့ က်န္းခ်န္ Xiao Zhanကို ဆိုဖာေပၚ ျပန္ပစ္ခ်ၿပီး~~~
"ငါက မင္းကို ေခၚတယ္ဆိုတာ မင္းခေလးကို ျပန္ေခၚဖို႔ အစီအစဥ္ဆြဲမလို႔ မင္းမေခၚခ်င္လဲ သေဘာပဲ။
Xiao Zhan ထိုသို႔ၾကားတာနဲ႔ အမူးသမားမဟုတ္သလို ခ်က္ခ်င္းေျပာင္းသြားၿပီး က်န္းခ်န္နား အျမန္ကပ္ရင္း~~~
"တ တ တကယ္လား က်န္းခ်န္ မင္းမွာတကယ္ နည္းလမ္းရိွတာလား"
က်န္းခ်န္ သူငယ္ခ်င္းျဖစ္သူရဲ့ ပံုစံကို ၾကည့္ၿပီး သနားေနရေလသည္။
တကယ္ဆို ဒီေလါက္ေတာင္ ခ်စ္ရက္နဲ႔ကြာ။
"ငါအမူးသမားနဲ႔ မတိုင္ပင္ႏိုင္ဘူး "
"က်န္း က်န္းခ်န္ ငါ ငါ မမူးေတာ့ဘူးေလေနာ္ မမူးေတာ့ဘူး"
"ဟင္း~~~"
~
~
~
"မင္းငါ့ကို ေျပာျပပါေတာ့ က်န္းခ်န္"
"မင္းသူ႔ကို ခ်စ္တယႅို႔ ေျပာဖူးလား"
"ဟင္~~~"
~~~~
တခါတေလေတာ့ အေျဖက သိပ္လြယ္လြန္းေတာ့ မင္းရွန္းသြားတာရယ္ပါ။
~×~×~×~×~×~×~×~×~×~×~×~×~×~×
ဒီအပိုင္းတိုသြားတယ္နက္ဖန္က်ရွည္ရွည္ေလးUpေပးပါ့မယ္