ZAWGYI
Chapter 7: Eating Venison (1)
:သမင်သားစားခြင်း
အသီးမျိုးပေါ်မူတည်ပြီး ပိုတောင်ပိုနိုင်သည်။
ဘာ ....ဒါကဘာလဲ !?
တချိန်ထဲမှာပဲ မင်ယန်လည်း စိတ်သက်သာရာရသွာြးွားပြီး ချူးလျန်ရဲ့ နားရွှက်ဆီသို့ တီးတိုးကပ်ပြောလိုက်သည်။
{ ငါမရီချင်ဘူးနော် 😆}
UNICODE
:သမင်သားစားခြင်း
ချူ းလျန် မုန့်တဖက်လောက် လက်ဖြင့်ညှပ်ယူ၍ မြည်းကြည့်လိုက်သည်။ မချိူလွန်း မချဉ်လွန်းနှင့် စိတ်ကိုလန်းဆန်းစေပြီး အီစိမ့်နေသည့်အရသာကို ဖြန်ဖြေရန် လုံလောက်သည်။ ဝါးနေစဉ် ပျားရည်ရဲ့အရသာကိုလည်း ခံစားရသည်။သူမမျိူ လိုက်ပြီး သူမရဲ့ပါးစပ်ဟာ လိမ္မော်ရနံ့လေး စွဲထင်နေခဲ့သည်။ရှီးရန်က ပထမဆုံး လုပ်တာ ဖြစ်၍ သူမ သကြားပိုထည့်မိပေမယ့် ကောင်းကောင်းတော့ လုပ်တတ်သည်။
ရှီးယန်ကလည်း ချူ းလျန်ရဲ့ အမူအယာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေပြီး အကဲဖြတ်ပေးလာမှာကို စောင့်နေသည်။
ချူ းလျန်လည်း တခုစားကြည့်ပြီး ညင်သာယာစွာ ပြုံးပြလျက် ခေါင်းငြိမ့်ပြလာသည်။
" အားလုံးပဲ တယောက်တခုလောက် စားကြည့်ကြ ! ".
ကျန်သုံးယောက်ကလည်း မျက်လုံးကျယ်ကျယ်ဖွင့်လျက် အစထဲက ကြည့်နေကြတာ ဖြစ်သည်။ ချူ းလျန်ရဲ့ စကားကြားတာနဲ့ နောက်မကျစတမ်း တစ်ခုစီ ယူစားကြည့်ကြသည်။
ရှီးယန် အခန်းထဲ ဝင်လာထဲက ထို လိမ္မော်ယိုက သူတို့ကို ဆွဲဆောင်နေတာ ဖြစ်သည်။
လိမ္မော်သီးက ဒီအတိုင်းစားရင် ချဉ်ပြီး
အသီးမျိူ းပေါ်မူတည်ပြီး ပိုတောင်ပိုနိုင်သည်။
သို့သော် ယခုကဲ့သို့ ပြင်ဆင်လိုက်သော် အရသာစူးပြီး အချဉ်စူးတာတွေက ပျောက်သွားသည်။ထိုအစား ထူးခြား ကောင်းမွန်တဲ့ ရနဲ့ အရသာတို့ကို ခံစားနိုင်သည်။
အစေခံများဟာ သေချာ စားကြည့်ပြီး မျက်လုံးများ ချကိချင်း တောက်ပသွားသည်။
မင်ယန်ဟာ အဆက်မပြတ် ခေါင်းငြိမ့်ပြနေသည်။ဒီအခိုက်အတန့်ကတော့ ချူ းလျန်ကို အလွယ်တကူ ရှက်ရွံ့သွားစေသည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ .. ဖရုံကိတ်ကို အစားထိုး လှဲနိုင်မယ့် မုန့်မပေါ်သေးတော့ သူတို့က အဲ့မုန့်ကိုပဲ အကောင်းဆုံးလို့ပြောကြလိမ့်မယ် ။ ဒါပေမယ့် ချူ းလျန်ရဲ့ 'လျှိ့ဝှက်နည်းလမ်း' ကို လိုက်ပြီး လုပ်ထားတဲ့ မုန့်ကိုစားပြီးတဲ့
အခါမှာတော့ ထိုအစေခံများလည်း ချူ းလျန်က
အဲ့ကိတ်မုန့်တွေက အဲ့သလောက်လည်း မကောင်းပါဘူးလို့ ပြောသည်ကို နားလည်လာသည်။
" ဘယ်လိုနေလဲ ? " ချူ းလျန် အပြုံးလေးဖြင့်မေးလိုက်သည်။
အစေခံများဟာ ကြက်များ အစာစားသလို တဆတ်ဆတ် ခေါင်းငြိမ့်ပြလာသည်။
ချူ းလျန်လည်း သူတို့ဟာ ဒီလောက်နဲ့ မရောင့်ရဲ သေးသည်ကို တွေ့တဲ့အတွက် အခန်းတဖက်မှာ ရှိတဲ့ လိမ္မော်သီးတွေကို ညွှန်ပြပြီး ရှီးယန်ကို " ရှီးယန် , ဒါတွေအားလုံးကိုလည်း
ထပ်ပြီး သွားလုပ်ခဲ့လိုက် .. ဒီတခါတော့သကြားလျော့ထည့် ။ ငါ အဖွားနဲ့ အမေ့ကိုလည်း ပို့ပေးချင်လို့ ။ ကျန်တာကိုတော့ နင်တို့ပဲ စားလိုက်တော့ "
လိမ္မော်ယိုကို အချိုပွဲ အဖြစ် တည်နိုင်ပြီး သစ်သီးလက်ဖက်ရည်အဖြစ်ပင် နှပ်၍ဖျော်နိုင်သည်။အဲ့တာက ကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းစေပြီး သလိပ်ကိုလည်း ပျော်ဝင်စေသည်။ အနီရောင် စွံပလွန်သီး နှငိ့ တွဲလိုက်ရင်
အသက်ကြီးသောမိန်းမများအတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်သည်။
ရှီးယန် လည်း အခုမှ ဘယ်လိုလုပ်ရမယ် သင်ထားသည့်အတွက် သူမ ကျွမ်းကျင်အောင် နောက်ထပ် အကြိမ်အနည်းငယ် ထပ်လုပ်ချင်သည်။တတိယသခင်မလေးကလည်း ဒီ လိမ္မော်ယိုနဲ့ သူမရဲ့ အရည်အချငိးတွေကို ဟေးအိမ်တော်ကို ပြနိုင်ပြီး အိမ်တော်မှာ ပို၍ မြဲမြံစွာ နေနိုင်မှာ ဖြစ်သည်။
သခင်မကြီး ဟေး ကတော့ ဟေးချန်ကို ပြောစရာများနေသည် ထင်ရသည်။ ၁၁နာရီ ရှိသည်အထိ သူပြန်မလာသေးပေ။
ချူ းလျန် သူ့နဲ့အတူ စိတ်အနှာင့်ယှက်ဖြစ်စွာနဲ့
နှစ်ပါးမသွားချင်ပေမယ့်လည်း သူတို့က လက်ထပ်ထားပြီး ဖြစ်နေတဲ့အတွက် သူမလည်း လိုက်လျော ညီထွေအောင် ယဉ်ကျေးမှုနှင့် အညီ နေသွားရမည် ဖြစ်သည်။
သူတို့နှစ်ယောက်ဟာ နေ့လည်စာ ကို သူတို့အဆောင်မှာပဲ အတူတူစားဖို့ ပြောထားကြသည်။
စားဖိုဆောင်သို့ လွှတ်၍ သတင်းပါးခိုင်းလိုက်သော် မိနစ်၂၀ ခန့်ကြာသောအခါ စားဖိုဆောင်က အစေခံများက အစားအစာများကို ယူလာပေးကြသည်။
မင်ယန်လည်း ဟင်းပွဲများကို ကျကျနနပြင်လိုက်ပြီး ချူ းလျန်ကို ထမင်းစားရန် တွဲခေါ်ပေးလာသည်။ဟေးချန် အိမ်တော်သခင်မကြီး ၏ အဆောင်ကနေ ပြန် လာတာကြာပြီဖြစ်ပြီး
စာကြည့်ခန်းတွင်သာ နေနေတဲ့အတွက်
အစေခံ ကူ က သတင်းသွားပါး ပေးရသည်။
ချူ းလျန်လည်း မနက်ကထဲက ဘာမှ ရေရေရာရာမစားရသေးပဲ ရှီးယန်ယူလာသည့် ကိတ်မုန့်တွေကလည်း သူ့အကြိုက်မဟုတ်တဲ့အတွက် ဆာနေပြီဖြစ်သည်။ လိမ္မော်ယိုလေး နှသ်ဖကိလောက် စားထားသော်လည်း အဲ့တာက သူမ ဗိုက်ကို မပြည့်နိုင်ပေ။သူမ အရမ်းအရမ်းကို ဗိုက်ဆာနေပြီဖြစ်ပြီး ဒီနေ့လည်စာကိုတော့ အပြီးလွှေးတော့မှာ ဖြစ်သည်။
မင်ယန်က သူမကို ကူညီပြီး ဧည့်ခန်းကိုပို့ပေးသောအခါ သူမရဲ့ ရောင်ခြည်သန်းနေတဲ့
အကြည့်တွေက အနည်းငယ် ဝေးနေသေးသည့် စားပွဲပေါ်သာ သံမှိုလို စွဲနေပြီ ဖြစ်သည်။
သို့ပေမယ့်လည်း လေး ငါးပန်းကန်လောက်သာတွေ့၍ သူမ၏ တောက်ပနေသောအကြည့်တို့က စိတ်ပျက်မှုကြောင့် ကလေးငယ်လေးက ရမည့် lollipopကို အလုခံလိုက်ရသလို မှေးမှိန်သွားရသည်။
ဘာ ....ဒါကဘာလဲ !?
ဝူနိုင်ငံကလူတွေက သေသေချာချာ ပြင်ဆင်
ဝတ်စားကြပါတယ် ။ ဒီကအသုံးဆောင် ပစ္စည်းတွေကလည်း တန်Tangမ်Tangမင်းဆက်နဲ့ အတူတူလောက်ပါပဲ ။ ဒါပေမယ့် ဒီက အစားအသောက်ကျတော့ ဒီလောက် ဆင်းရဲရတာလဲ !
ကြည့်အုံး ,ကြည့်လိုက်ပါအုံး ! စားပွဲပေါ်မှာ ဘာတွေ လဲ ဆိုတာ ကြည့်အုံးလေ !
{အစားသရဲကတော့ ဒေါပွ ပြီလေT _T }
သူမရဲ့ လက်ဖဝါးအရွှယ်လောက် ရှိတဲ့ ပန်ကိတ်တဲ့လေ ပါတဲ့ပစ္စည်းတွေကလည်း သူမခန့်မှန်းလို့မရတဲ့ဟာတွေနဲ့ ။
အတုံးအထူကြီးတုံးထားတဲ့ ဖြူဖတ်ဖတ်အသား ; အရွှက်ကြော်; ကြည့်လိုက်တာနဲ့ စိတ်ကုန်စေမယ့် ငါးတကောင်လုံး ဟင်းချို
စားပွဲပေါ်မှာတင်ထားတဲ့ ဟင်းပွဲ ပိုပြီးတော့ ဆွဲဆောင်မှု ရှိတဲ့ ဟာကတော့ ထမင်းဖြူ နှစ်ပန်းကန်ပဲ ဖြစ်သည်။ အနည်းဆုံးတော့ ထမင်းက ဖြူ နေသေး၍ တော်သေးသည်။
ချူ းလျန်လည်း ထို ကျင်းအန်ရဲ့ အောင်မြင်ကျော်ကြားနေတဲ့ စာဖိုမှူ းက အရင်က သူမစားခဲ့သည့် ကိတ်မျို း လုပ်တယ်ဆိုတာကို နောက်ဆုံးတော့ တကယ်ကို ယုံသွားပြီဖြစ်သည်။
သူရဲ့ ကျော်ကြားနေတဲ့ ဟင်းချက်နည်းနဲ့ ချက်ထားတဲ့ ဒီလို စိတ်မချမ်းမြေ့စရာပန်းကန်တွေနဲ့ ယှဉ်ရင် (Tianjin crepes) ကို
လမ်းဘေးမုန့်အဖြစ်သွားရောင်းရင်တောင်မှ
မြို့တော်အနံ့ကို နေ့ချင်း ညချင်းကျော်ကြားသွားနိုငိသည်။ ⬇️
မင်ယန် သူမ သခင်မလေးရဲ့ နှုတ်ခမ်းတွေဟာ တွန့်ချိူ းနေပြီး မျက်နာအမူအယာလည်း အတော်လေးမကောင်းသည်ကို တွေ့လိုက်ရသည်။ သူမလည်း ထိုဟင်းပွဲများထဲမှ တတိယသခင်မလေး မစားချင်တာ ပါမည်ဟု တွေးလိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
" သခင်မလေး ဒီ ဟင်းပွဲတွေထဲက ဘာကိုများ အကြိုက်မတွေ့လို့ပါလဲ ? "
ချူ းလျန် လည်း သွေးအန်ချင်စိတ်ကို မနည်းကို ထိန်းထားရသည်။ သူမလည်း သူမရဲ့ သည်းခံစိတ် ရေးရေးလေးကို လက်ကိုင်ထားပြီးတော့ ခေါင်းသာရမ်းပြလိုက်ပြီး အပြုံ း တုလေးပါ ဖန်တီးလိုက်သည်။ "ဘာမှမပါပါဘူး"
တချိန်ထဲမှာပဲ မင်ယန်လည်း စိတ်သက်သာရာရသွားွြားပြီး ချူ းလျန်ရဲ့ နားရွှက်ဆီသို့ တီးတိုးကပ်ပြောလိုက်သည်။
"တတိယသခင်မလေး..ကြည့်ပါအုံး ..ဒီမှာ
သမင်သားကင်တွေ ! ကျွန်မတို့တွေ ယင်မြို့စားအိမ်တော်မှာ လွန်ခဲ့တဲ့ခြောက်လတုန်းက စားဖို့ အခွင့်ရေးလေးတောင် မရခဲ့ဘူးလေ ! "
ချူ းလျန်လည်း ဘယ်လိုဘယ်ပုံ တွေ ပြနိပြီး တုံ့ပြန်ရမလဲ မသိတော့ပေ။ သူမ ပတ်လည်က လူတွေအကုန်လုံးကလည်း အစားဂျပိုးတွေပဲလား ?
ထိုအချိန်မှာပဲ , ဟေးချန်ဟာ အခန်းထဲ ဝင်လာပြီး ချူ းလျန်ကို အကြည့်တချက် စွန့်ကျဲပြီးမှ စားပွဲ ထိပ်ဆုံးနေရာ၌ ဝင်ထိုင်လိုက်သည်။
သူ့ကြည့်ရတာ သူ့ရဲ့ ဇနီးအသစ်စက်စက်ကလေးကို ဒုက္ခပေးရမှာတောင် အတော်လေး ပျင်းရိနေပုံ ပေါက်နေသည်။
ချူ းလျန်လည်း သူ့ကို အရိုအသေပေးလိုက်ပြီးမှ ဝင်ထိုင်လိုက်သည်။
ဖုယန် နဲ့ ကျင်းရန်လည်း ဘေးက ပြုစုပေးနေပြီး သူတို့လက်ထဲသို့ တူ များ ကမ်းပေးလိုက်သည်။
ချူ းလျန်လည်း စားပွဲပေါ်က ဟင်းပွဲတွေကို ကြည့်ပြီး မျက်မှောင်ကျုံ့ရင်း အလုပ်ရှုပ်နေတာနဲ့
မျက်လုံးထောင့်က တဆင့်သူမကို အကဲခတ်နေသော ဟေးချန်ကို သတိမပြုမိပေ။
သူမ မျက်နာပေါ်က အမူအယာကို တွေ့ပြီး
သူ့စိတ်ထဲ လှောင်ပြောင်ရယ်နေလိုက်သည်။
အို? { 😂 } ယင်မြို့စားအိမ်ကလာတဲ့ ဒီ Bumpkin {ဖရုံသီး} က ကျင်းအန်ရဲ့ သာမန်
အစားအစာလေးကြောင့် ကြောက်လန့် တုန်လှုပ်သွားရတယ်တဲ့လား ? ဟက် ! သူမ ဘယ်ပန်းကန်က စနှိုက်ရမလဲဆိုတာတောင်
မဆုံးဖြတ်နိုင်တော့ဘူး ဘယ်လောက်ရှက်စရာကောင်းလဲ !
{ ငါမရီချင်ဘူးနော် 😆}
မြို့စားယင်အိမ်တော်ဟာ လွန်ခဲ့တဲ့ နှစ်၂၀ လောက်ကလောက် မကျော်ကြားတော့ကြောင်း
မြို့တော်ကလူတိုင်း သိကြလိမ့်မည်။ သူတို့ရဲ့ မျိူ းဆက် {Family tree} က ကျယ်ပြန့်ပေမယ့်လည်းပေါ့။ ထိုအချက်ကပဲ သူတို့အိမ်ဟာ တခြားအိမ်တော်တွေလောက် မသုံးစွဲနိုင်တော့ကြောင်း ထင်ရှားသည်။ဆက်ခံမယ့်သူ မရှိရင်လည်း မြို့စားအိမ်တော်က ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။ တဖြည်းဖြည်း ပျက်ယွင်းလာပြီး သမိုင်းအနှစ်ချုပ်မှာ အစွန်အဖျာလေးလောက်တော့ ပြသခြင်းခံရမည်ဟု အခြားအိမ်တော်များက ထင်မြင် ယူဆကြညသည်။
ဟက်! သူ့ရဲ့ အရင်ဘဝတုန်းကဆို ထို ချူ းလျန် ဆိုသည့် မိန်းမက သူမမိသားစုအိမ်တော်ကို ထောက်ပံ့ပေးနိုင်ရန် ကြိုးစားခဲ့သည်။
ဒါပေမယ့် သူ့ရဲ့ ဘဝအသစ်မှာတော့ဒီသမိုင်းကို နောက်တကြိမ် ထပ်ဖြစ်ဖို့ ခွင့်ပြုမည် မဟုတ်ပေ။