Unicode
မနက်အာရုံဦးရဲ့ နေရောင်နုနုလေး ထွက်လာချိန်မှာတော့ လက်မောင်းပေါ်က လေးလံမှုကြောင့် Xiao Zhanရဲ့ မျက်လုံးအစုံက ဖွင့်ကြည့်လာလေသည်။ လှုပ်ရှားမှုမပြုသေးပါပဲ ငြိမ်နေတုန်း သူ့လက်ဖဝါးကြီးထဲက နုနုနွေးနွေးလက်ကလေးကို သတိထားမိပြီး ကြည့်လိုက်တော့~~~
"ခလေး~~~"
ထွက်တော့မဲ့ စကားလုံးကို အမြန်ရပ်ရင်း သူ့ လက်မောင်းပေါ်မှာ ခေါင်းလေးစောင်းတင်ပြီး အိပ်ပျော္နေတဲ့ Yiboကို ပီတိမျက်ဝန်းလေးနဲ့ တစိမ့်စိမ့်ကြည့်နေမိလေသည်။
ဇက်လေးညောင်းနေတော့မှာပဲ ခလေးရယ်။ မင္းလေးက ကိုယ့္အတွက် ရှိနေပေးတာတဲ့လား။
ထုံကျင်နေတဲ့ လက်ကို လျစ်လျူရှူ့လို့ သူချစ်လိုက်ရတဲ့ ခလေးရဲ့ မျက်နှာကိုသာ အသေးစိတ်ကြည့်နေလိုက်လေသည်။
အနည်းငယ် လူးလွန့်လာတဲ့ Yiboကြောင့် Xiao Zhan မနိုးသေးသလို မျက်လုံးအမြန်ပိတ်ပြီး ငြိမ်သက်နေလိုက်လေသည်။
နိုးလာတဲ့ ခလေးက နေရာမရွေ့သေးပုံရတယ်။ ခဏတော့ ကျွန်တော့်နှဖူးပေါ် လက်နွေးနွေးလေး ရောက်လာတယ်။ ခဏနဲ့ ပြန်ရုတ်ပြီး ကျွန်တော့်လက်ထဲက ကျန်လက်တစ်ဖက်ကို ထုတ်ဖို့ ကြံနေပုံရတယ်။ လှုပ်စိစိလေးပေမဲ့ သူအကြမ်းပတမ်း မဆွဲထုတ်ဘူး။ ဒါတေါင် သူက Wang Yibo မဟုတ်ဘူးလို့ ခလေးက မျက်လုံးမှိတ် ငြင်းဆန်တယ်။
အသာအယာ ဆွဲထုတ်နိုင်သွားတော့ သက်ပြင်းချသံတိုးတိုးလေးက အဆစ်ပါသွားတယ်။
ခလေးသွားပြီအထင်နဲ့ မျက်ဝန်းဖွင့်ဖို့ ကျန်ရုံရှိသေး ရင်ဘတ်ပေါ် ရောက်ရှိလာတဲ့ ဂွမ်းစောင်လေးကြောင့် စိတ်ကိုအသာထိန်းလို့ ငြိမ်သက်လိုက်ရတယ်။
ရင်ဘတ်ပေါ် နှစ်ချက် သုံးချက်လောက်ပုတ်ပြီး ရေချိုးခန်းတံခါးပိတ်သံကို ကျွန်တော်ကြားရတယ်။
ဒီနေ့ ကျွန်တော် အရမ်းပျော်တယ်။ ဝမ်းနည်းဝမ်းသာစိတ်တွေနဲ့ပေါ့။ တကယ်တော့ကျွန်တော့်ခလေးရဲ့ စိတ်ထားက သိပ်နူးညံ့တာ ။ သိပ်လည်းဖြူစင်တယ်။ ကျွန်တော်သာ သူ့ကို အရောင်မဆိုးမိရင်ပေါ့။
ခုတော့ ကျွန်တော် ကြိုးစား လျှော်ဖွတ်ခဲ့ပေမဲ့ ပိတ်ဖြူလေးက အရင်လို ဖြူဖွေးမနေတော့ဘူး။
~~~~
"အစ်ကို!!"
"အိုက်ယား!! ဟာ ဒီကောင်မလေးကတော့ ကိုယ်လန့်သွားပြီ"
သူအလုပ်လုပ်နေတုန်း နောက်ကျောဘက်မှာ ခြောက်လန့်လာတဲ့ Hae Yeon ကြောင့် Seoun Youn ရင်ဘတ်ပေါ် လက်တင်လို့ လန့်သွားသလို လုပ်ပြသည်။
"ဟာ အစ်ကိုနော် ပိုပြီ~~~ ယောက်ျားလေးဖြစ်ပြီးတော့ အသည်းငယ်လိုက်တာ။ Haeလေ Hot Pot စားချင်တယ်လို့ အဲ့ဒါ အလုပ်ပြီးရင် အစ်ကို လိုက်ပို့ပေးနော်"
"အင်း ဒါက~~~"
"နော် အစ်ကိုနော် နော်လို့ နော်"
Seoun Youn Hae Yeon ကို စချင်တာနဲ့ တအင်းအင်းလုပ်မယ်လုပ်တော့ Hae Yeon ကတော့ အလိုလိုက်ခံရဖူးသူပီပီ Seoun Younကို စတင်ချွဲပြီး သူမရဲ့ လက်နှစ်ဖက်ကလည်း Seoun Younရဲ့ အကျီ်လက်စလေးကို ကိုင်ပြီး ခါရမ်းနေလေသည်။
သူမကို ချစ်မဝ ဖြစ်နေတဲ့ Seoun Younက အသည္းတယားယားနဲ့ သူမခေါင်းပေါ် လက်တင်ပြီး ~~~
"အေးပါကွာ ကိုယ့်ကို ချွဲမနေပါနဲ့တော့ အရည်ပျော်ကုန်ပါပြီဗျာ "
"ဟီးဟီး အစ်ကိုကလည်း~~~"
ရချင်တာ ရပြီဆိုရင် မျက်လုံးမှိတ်တော့မတတ် ရယ်ပြတတ်တဲ့ ဒီကောင်မလေးကို ကျွန်တော် သိပ်ကို မြတ်နိုးရပါတယ်။
ချစ်လိုက်တာ ကောင်မလေးရယ်။
~~~~
ခြံပိုင်ရှင်အဖိုးက Yibo သူ့မြေးကို ကယ်ထားတဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ Yibo လိုချင်တဲ့ မြေယာကို ရောင်းပေးဖို့ သဘောတူလိုက်တာကြောင့် ပြန်တော့မဲ့ ခရီးကို ဖြတ်လို့ နှစ်ယောက် သား အဖိုးအို ထမင်းဖိတ်ကျွေးတာဆီကိုခရီးဆက်ရလေသည်။
တစ်လမ်းလုံးနှုတ်ဆိတ်နေတဲ့ Yiboကြောင့် Xiao Zhan ပြောချင်တဲ့ စကားတွေကို ထိန်းထားနေရလေသည်။ အံကျလာလို့ သူ့အချစ်ကလေး စိတ်ဆိုးသွားမှာကို မလိုလားပေ။
"ကျွန်တော်တို့ အဖိုးတို့အိမ် မရောက်ခင် နေကြာခင်းဘက်ကို အရင်သွားရအောင်"
"နေကြာခင်း"
မေးမြန်းသလို Xiao Zhan အဖြေကို Yiboက
"ဟုတ်တယ် နေကြာခင်း ခင်များ လမ်းမသိရင် ကျွန်တော်ပြောပြမယ်"
ခလေးလမ်းပြချက် အတိုင်း ကျွန်တော်မောင်းလိုက်တော့ တောင်ကုန်းသေးသေးလေးတွေကြား စိုက်ထားတဲ့ နေကြာခင်းကျယ်ကြီးက ဆည်းဆာ တစ်ခုကို ပိုပြီးတော့ လှပစေသလို။
"ခင်များ ဓာတ်ပုံရိုက်တတ်လား"
"ဟင်~~~"
Yiboစကားကို မမျှော်လင့်ထားဟန် Xiao Zhanတစ်ယောက် ကြောင်မိသွားလေသည်။
သူနားကြားမှားသလားပေါ့။
"ခင်များ ရိုက်တတ်လား မတတ်ဘူးလား"
"ဟင် သြော် ရ ရတယ်လေ လာ ကိုယ် ရိုက်ပေးမယ်"
"ခင်များဖုန်းနဲ့ရိုက် ပြီးမှ ကျွန်တော် ပြန်ယူမယ်"
"ခလေး သြော် Yibo သဘောလေ"
ဆည်းဆာတစ်ခုရဲ့ နေကြားပန်း တွေက လှပပါတယ်။ ဒါပေမဲ့ သူတို့ကြား ပြေးလွှားဆော့ကစားနေတဲ့ အဖြူရောင် ကောင်လေးက ပိုလှတယ်။ ပိုပြီးတော့လည်း မြတ်နိုးဖွယ်ကောင်းလွန်းတယ်။
ခေါင်းကနေ ခြေအထိ အစိတ်ပိုင်းတစ်ခုချင်းစီကို အတိအကျ မှတ်တမ်းတင်တယ်။
အရင်တုန်းက photoတွေထက် နေကြာပန်းထဲက ခလေးရဲ့ ပုံရိပ်တွေက memories သစ်လေးတွေအနေနဲ့ ကျလာတယ်။
တဆိတ် ကျွန်တော့်္ ခလေးက ပြုံးလိုက်တာလား။ လစ်ခနဲ အပြုံးကလေးနဲ့လေ။
တန်သွားပြီ ဒီနေ့ လူဖြစ်ရကျိုး နပ်သွားပြီ။
ခလေးရဲ့ အပြုံးကို မြင်ခဲ့ရပြီ။
~~~~
နှစ်ယောက်သား ဓာတ်ပုံရိုက်ပြီးတော့ ကားခေါင်းလေးပေါ်ကို Yiboက ထိုင်နေပြီး Xiao Zhanက ကားကို မှီရပ်နေလေသည်။
"ခင်များစိတ်ချမ်းသာလာလား"
"ဟင်"
သူ့အမေးကို အံ့သြသလို မေးလာတဲ့ Yiboကြောင့် Xiao Zhan နားမလည်သလို သူ့ကို ကြည့်လာတော့~~~
"အာ ခင်များ နားမလည်ဘူးလား ခင်များ စိတ်ညစ်တယ် ထင်လို့ သဘာဝနဲ့ ထိတွေ့ခိုင်းတာ။ ခင်များပုံက အူတူတူနဲ့ ခံကော ခံစားလို့ရရဲ့လား"
Yibo စကားကြောင့် Xiao Zhan ရင်ထဲ လှိုက်ခနဲ သူသိပ်ပျော်သွားတာကို သူ့မျက်လုံးကို ကြည့်တာနဲ့တင် သိနိုင်မည်ဖြစ်သည်။
"ခံစားရပါတယ်။ အရမ်းပဲ"
"အင်း"
Xiao Zhan ပြောချင္တဲ့ သဘောကို နှစ်ယောက်သား နားလည်ခဲ့ပေမဲ့ Yiboရဲ့ "အင်း"တစ်လုံးအောက်မှာ အရာရာ ငြိမ်သက်သွားရလေသည္။
ခပ်အေးအေးလေး တိုးဝေ့နေတဲ့ လေပြေလေးကလွဲ အာလုံးက ငြိမ်သက်၏။
ခုနက ရယ်မောသံတွေ ပြည့်နေတာ သူမဟုတ်တဲ့ အတိုင်းပေါ့။
~~~~~~~~~~~~~~~~~~~~~~~~~
zawgyi
မနက္အာရံုၪီးရဲ့ ေနေရာင္ႏုႏုေလး ထြက္လာခ်ိန္မွာေတာ့ လက္ေမာင္းေပၚက ေလးလံမႈေၾကာင့္ Xiao Zhanရဲ့ မ်က္လံုးအစံုက ဖြင့္ၾကည့္လာေလသည္။ လႈပ္ရွားမႈမျပဳေသးပါပဲ ၿငိမ္ေနတုန္း သူ႔လက္ဖဝါးႀကီးထဲက ႏုႏုေနြးေနြးလက္ကေလးကို သတိထားမိၿပီး ၾကည့္လိုက္ေတာ့~~~
"ခေလး~~~"
ထြက္ေတာ့မဲ့ စကားလံုးကို အျမန္ရပ္ရင္း သူ႔ လက္ေမာင္းေပၚမွာ ေခါင္းေလးေစာင္းတင္ၿပီး အိပ္ေပ်ာၷေတဲ့ Yiboကို ပီတိမ်က္ဝန္းေလးနဲ႔ တစိမ့္စိမ့္ၾကည့္ေနမိေလသည္။
ဇက္ေလးေညာင္းေနေတာ့မွာပဲ ခေလးရယ္။ မင္းေလးက ကိုယ့္အတြက္ ရိွေနေပးတာတဲ့လား။
ထံုက်င္ေနတဲ့ လက္ကို လ်စ္လ်ူရႉ႔လို႔ သူခ်စ္လိုက္ရတဲ့ ခေလးရဲ့ မ်က္ႏွာကိုသာ အေသးစိတ္ၾကည့္ေနလိုက္ေလသည္။
အနည္းငယ္ လူးလြန္႔လာတဲ့ Yiboေၾကာင့္ Xiao Zhan မႏိုးေသးသလို မ်က္လံုးအျမန္ပိတ္ၿပီး ၿငိမ္သက္ေနလိုက္ေလသည္။
ႏိုးလာတဲ့ ခေလးက ေနရာမေရြ့ေသးပံုရတယ္။ ခဏေတာ့ ကြၽန္ေတာ့္ႏွဖူးေပၚ လက္ေနြးေနြးေလး ေရာက္လာတယ္။ ခဏနဲ႔ ျပန္ရုတ္ၿပီး ကြၽန္ေတာ့္လက္ထဲက က်န္လက္တစ္ဖက္ကို ထုတ္ဖို႔ ႀကံေနပံုရတယ္။ လႈပ္စိစိေလးေပမဲ့ သူအၾကမ္းပတမ္း မဆြဲထုတ္ဘူး။ ဒါေတါင္ သူက Wang Yibo မဟုတ္ဘူးလို႔ ခေလးက မ်က္လံုးမိွတ္ ျငင္းဆန္တယ္။
အသာအယာ ဆြဲထုတ္ႏိုင္သြားေတာ့ သက္ျပင္းခ်သံတိုးတိုးေလးက အဆစ္ပါသြားတယ္။
ခေလးသြားၿပီအထင္နဲ႔ မ်က္ဝန္းဖြင့္ဖို႔ က်န္ရံုရိွေသး ရင္ဘတ္ေပၚ ေရာက္ရိွလာတဲ့ ဂြမ္းေစာင္ေလးေၾကာင့္ စိတ္ကိုအသာထိန္းလို႔ ၿငိမ္သက္လိုက္ရတယ္။
ရင္ဘတ္ေပၚ ႏွစ္ခ်က္ သံုးခ်က္ေလာက္ပုတ္ၿပီး ေရခ်ိဳးခန္းတံခါးပိတ္သံကို ကြၽန္ေတာ္ၾကားရတယ္။
ဒီေန့ ကြၽန္ေတာ္ အရမ္းေပ်ာ္တယ္။ ဝမ္းနည္းဝမ္းသာစိတ္ေတြနဲ႔ေပါ့။ တကယ္ေတာ့ကြၽန္ေတာ့္ခလေးရဲ့ စိတ္ထားက သိပ္ႏူးညံ့တာ ။ သိပ္လည္းျဖဴစင္တယ္။ ကြၽန္ေတာ္သာ သူ႔ကို အေရာင္မဆိုးမိရင္ေပါ့။
ခုေတာ့ ကြၽန္ေတာ္ ႀကိဳးစား ေလ်ွာ္ဖြတ္ခဲ့ေပမဲ့ ပိတ္ျဖဴေလးက အရင္လို ျဖဴေဖြးမေနေတာ့ဘူး။
~~~~
"အစ္ကို!!"
"အိုက္ယား!! ဟာ ဒီေကာင္မေလးကေတာ့ ကိုယ္လန္႔သြားၿပီ"
သူအလုပ္လုပ္ေနတုန္း ေနာက္ေက်ာဘက္မွာ ေျခာက္လန္႔လာတဲ့ Hae Yeon ေၾကာင့္ Seoun Youn ရင္ဘတ္ေပၚ လက္တင္လို႔ လန္႔သြားသလို လုပ္ျပသည္။
"ဟာ အစ္ကိုေနာ္ ပိုၿပီ~~~ ေယာက္်ားေလးျဖစ္ၿပီးေတာ့ အသည္းငယ္လိုက္တာ။ Haeေလ Hot Pot စားခ်င္တယ္လို႔ အဲ့ဒါ အလုပ္ၿပီးရင္ အစ္ကို လိုက္ပို႔ေပးေနာ္"
"အင္း ဒါက~~~"
"ေနာ္ အစ္ကိုေနာ္ ေနာ္လို႔ ေနာ္"
Seoun Youn Hae Yeon ကို စခ်င္တာနဲ႔ တအင္းအင္းလုပ္မယ္လုပ္ေတာ့ Hae Yeon ကေတာ့ အလိုလိုက္ခံရဖူးသူပီပီ Seoun Younကို စတင္ခြၽဲၿပီး သူမရဲ့ လက္ႏွစ္ဖက္ကလည္း Seoun Younရဲ့ အက်ီ္လက္စေလးကို ကိုင္ၿပီး ခါရမ္းေနေလသည္။
သူမကို ခ်စ္မဝ ျဖစ္ေနတဲ့ Seoun Younက အသည္းတယားယားနဲ႔ သူမေခါင္းေပၚ လက္တင္ၿပီး ~~~
"ေအးပါကြာ ကိုယ့္ကို ခြၽဲမေနပါနဲ႔ေတာ့ အရည္ေပ်ာ္ကုန္ပါၿပီဗ်ာ "
"ဟီးဟီး အစ္ကိုကလည္း~~~"
ရခ်င္တာ ရၿပီဆိုရင္ မ်က္လံုးမိွတ္ေတာ့မတတ္ ရယ္ျပတတ္တဲ့ ဒီေကာင္မေလးကို ကြၽန္ေတာ္ သိပ္ကို ျမတ္ႏိုးရပါတယ္။
ခ်စ္လိုက္တာ ေကာင္မေလးရယ္။
~~~~
ၿခံပိုင္ရွင္အဖိုးက Yibo သူ႔ေျမးကို ကယ္ထားတဲ့ ေက်းဇူးကို ဆပ္တဲ့အေနနဲ႔ Yibo လိုခ်င္တဲ့ ေျမယာကို ေရာင္းေပးဖို႔ သေဘာတူလိုက္တာေၾကာင့္ ျပန္ေတာ့မဲ့ ခရီးကို ျဖတ္လို႔ ႏွစ္ေယာက္ သား အဖိုးအို ထမင္းဖိတ္ေကြၽးတာဆီကိုခရီးဆက္ရေလသည္။
တစ္လမ္းလံုးႏႈတ္ဆိတ္ေနတဲ့ Yiboေၾကာင့္ Xiao Zhan ေျပာခ်င္တဲ့ စကားေတြကို ထိန္းထားေနရေလသည္။ အံက်လာလို႔ သူ႔အခ်စ္ကေလး စိတ္ဆိုးသြားမွာကို မလိုလားေပ။
"ကြၽန္ေတာ္တို႔ အဖိုးတို႔အိမ္ မေရာက္ခင္ ေနၾကာခင္းဘက္ကို အရင္သြားရေအာင္"
"ေနၾကာခင္း"
ေမးျမန္းသလို Xiao Zhan အေျဖကို Yiboက
"ဟုတ္တယ္ ေနၾကာခင္း ခင္မ်ား လမ္းမသိရင္ ကြၽန္ေတာ္ေျပာျပမယ္"
ခေလးလမ္းျပခ်က္ အတိုင္း ကြၽန္ေတာ္ေမာင္းလိုက္ေတာ့ ေတာင္ကုန္းေသးေသးေလးေတြၾကား စိုက္ထားတဲ့ ေနၾကာခင္းက်ယ္ႀကီးက ဆည္းဆာ တစ္ခုကို ပိုၿပီးေတာ့ လွပေစသလို။
"ခင္မ်ား ဓာတ္ပံုရိုက္တတ္လား"
"ဟင္~~~"
Yiboစကားကို မေမ်ွာ္လင့္ထားဟန္ Xiao Zhanတစ္ေယာက္ ေၾကာင္မိသြားေလသည္။
သူနားၾကားမွားသလားေပါ့။
"ခင္မ်ား ရိုက္တတ္လား မတတ္ဘူးလား"
"ဟင္ ေၾသာ္ ရ ရတယ္ေလ လာ ကိုယ္ ရိုက္ေပးမယ္"
"ခင္မ်ားဖုန္းနဲ႔ရိုက္ ၿပီးမွ ကြၽန္ေတာ္ ျပန္ယူမယ္"
"ခေလး ေၾသာ္ Yibo သေဘာေလ"
ဆည္းဆာတစ္ခုရဲ့ ေနၾကားပန္း ေတြက လွပပါတယ္။ ဒါေပမဲ့ သူတို႔ၾကား ေျပးလႊားေဆာ့ကစားေနတဲ့ အျဖဴေရာင္ ေကာင္ေလးက ပိုလွတယ္။ ပိုၿပီးေတာ့လည္း ျမတ္ႏိုးဖြယ္ေကာင္းလြန္းတယ္။
ေခါင္းကေန ေျခအထိ အစိတ္ပိုင္းတစ္ခုခ်င္းစီကို အတိအက် မွတ္တမ္းတင္တယ္။
အရင္တုန္းက photoေတြထက္ ေနၾကာပန္းထဲက ခေလးရဲ့ ပံုရိပ္ေတြက memories သစ္ေလးေတြအေနနဲ႔ က်လာတယ္။
တဆိတ္ ကြၽန္ေတာ့္္ ခေလးက ၿပံဳးလိုက္တာလား။ လစ္ခနဲ အၿပံဳးကေလးနဲ႔ေလ။
တန္သြားၿပီ ဒီေန့ လူျဖစ္ရက်ိဳး နပ္သြားၿပီ။
ခေလးရဲ့ အၿပံဳးကို ျမင္ခဲ့ရၿပီ။
~~~~
ႏွစ္ေယာက္သား ဓာတ္ပံုရိုက္ၿပီးေတာ့ ကားေခါင္းေလးေပၚကို Yiboက ထိုင္ေနၿပီး Xiao Zhanက ကားကို မွီရပ္ေနေလသည္။
"ခင္မ်ားစိတ္ခ်မ္းသာလာလား"
"ဟင္"
သူ႔အေမးကို အံ့ၾသသလို ေမးလာတဲ့ Yiboေၾကာင့္ Xiao Zhan နားမလည္သလို သူ႔ကို ၾကည့္လာေတာ့~~~
"အာ ခင္မ်ား နားမလည္ဘူးလား ခင္မ်ား စိတ္ညစ္တယ္ ထင္လို႔ သဘာဝနဲ႔ ထိေတြ့ခိုင္းတာ။ ခင္မ်ားပံုက အူတူတူနဲ႔ ခံေကာ ခံစားလို႔ရရဲ့လား"
Yibo စကားေၾကာင့္ Xiao Zhan ရင္ထဲ လိႈက္ခနဲ သူသိပ္ေပ်ာ္သြားတာကို သူ႔မ်က္လံုးကို ၾကည့္တာနဲ႔တင္ သိႏိုင္မည္ျဖစ္သည္။
"ခံစားရပါတယ္။ အရမ္းပဲ"
"အင္း"
Xiao Zhan ေျပာခ်ငၲဲ့ သေဘာကို ႏွစ္ေယာက္သား နားလည္ခဲ့ေပမဲ့ Yiboရဲ့ "အင္း"တစ္လံုးေအာက္မွာ အရာရာ ၿငိမ္သက္သြားရေလသည္။
ခပ္ေအးေအးေလး တိုးေဝ့ေနတဲ့ ေလေျပေလးကလြဲ အာလံုးက ၿငိမ္သက္၏။
ခုနက ရယ္ေမာသံေတြ ျပည့္ေနတာ သူမဟုတ္တဲ့ အတိုင္းေပါ့။