Unicode
"ခလေး ခလေး ထတော့ ရောက်ပါပြီ ခလေး"
"အင်း"
တစ်လမ်းလုံးအိပ်ပျော်လာတဲ့ ခလေးက ကျွန်တော်တို့ ဟိုတယ်ရောက်လာသည့်တိုင် နိုးမလာခဲ့။ ကျွန်တော် အသာလေးလှုပ်နိုးတော့မှ အင်း ဆိုတဲ့ အသံပီစိလေးနဲ့အတူ မျက်လုံးမှေးမှေးလေးနဲ့ ကျွန်တော့်ကို ကြည့်လာတယ်။
"ခင်များ ဘာလုပ်တာလဲ ဖယ်!"
"အင့်!"
Yibo နိုးလာတော့ သူ့ကိုယ်ပေါ် အုံ့မိုးသလို ဖြစ်နေတဲ့ Xiao Zhanကို မြင်တော့ လန့်သွားတာနဲ့ Xiao Zhanကို အားစိုက်တွန်းမိသွားလေသည်။
အနောက်သို့ အနည်းငယ်လန်ကျသွားရပေမဲ့ Xiao Zhan အပြုံးမပျက်ခဲ့။
"ကိုယ်က ခလေးကို နိုးလိုက်ရုံပါ ဟိုတယ်ရောက်နေပါပြီ"
"သြော် အင်း"
ခလေး အနေခက်မှာစိုးလို့ ကားပေါ်အမြန်ဆင်းလို့ အရင်ဦးအောင် ရပ်စောင့်လိုက်မိတယ်။ ခလေးအနေရခက် စေတာမျိုး ကျွန်တော်မလုပ်ချင်ဘူး။
ခလေး ကျွန်တော်ဘေးမှာ ရှိနေတယ် ဆိုတာနဲ့တင် အရာရာ ဟာပြည့်စုံပြီးသား။
~
~
~
"အားတော့နာပါတယ် ဧည့်သည် ကျွန်မတို့ဘက်က တစ်ကယ်ပဲ တစ်ခန်းပဲ ရှိတော့လို့ပါ။"
Xiao Zhanတကယ်မတတ်နိုင်တော့ အခုက အခန်းက တစ်ခန်းတည်း ရွာမြို့ဆိုတော့ တည်းခိုခန်းက ဒီတစ်ခုတည်းရှိနေတော့ သူလည်းမတတ်နိုင်တော့။
သူကတော့ Yiboနားနေချင်ပေမဲ့ Yiboက သူ့နားမနေချင်မှာစိုးရိမ်စိတ်နဲ့ Xiao Zhan တကယ် မသက်မသာလှ။
အနေခက်တဲ့ပုံရတဲ့ Xiao Zhanကြောင့် Yiboကပဲ သက်ပြင်းတစ်ချက်ချရင်း~~~
"ကျွန်တော်တို့ နှစ်ယောက် အတွက် စီစဥ်ပေးပါ"
Yibo စကားလည်း ကြားရော Xiao Zhan ဝမ်းနည်းဝမ်းသာနဲ့ ငိုချင်စိတ်ပေါက်လာလေသည်။ အခုမှ လူလည်း အထိအခိုက်မခံနိုင်တဲ့ ကြွေခွက်လေးလိုပဲ။
"ခလေး ရေအရင်ချိုးမလား "
အဝတ်တွေကိုနေရာတကျ ချရင်း
Xiao Zhanမေးတော့ Yibo က ~~~
"ခင်များအရင်ချိုးပါ ကျွန်တော် ငိုက်နေသေးတယ်။ ခနနားအုံးမယ်"
ခင်များတဲ့ စာတွေိဖွဲ့ပြီး ညီးညူမနေတော့ဘူး။ အချိန်တစ်ခုထိတော့ ပေးဆပ်ရအုံးမယ်လို့သာ ရင်ထဲ မြဲမြဲ မှတ်သားလိုက်တော့မယ်။
"ဒါဆို ကိုယ်္အရင်ချိုးပြီနော်"
ဘာစကားသံမှ ပြန်မရပေမဲ့ ကျွန်တော် ကျေနပ်တယ်။ အခု ကျွန်တော် ခလေးနဲ့ အတူတူရှိနေတာပဲ ထပ်မံကြိုးစားတာပေါ့။
Xiao Zhan ရေချိုးခန်းထဲ ဝင်သွားတော့ ရွေးပေးနေကြ ညဝတ်လေးကို ထရွေးဖို့ Yiboကိုယ်တိုင်မသိပဲ ထလုပ်မလို့ ရပ်နေလေသည်။
"ငါဘာလုပ်ဖို့ ကြံနေတာလဲ ငါရူးနေတာလား? 5နှစ်ကျော်ခဲ့ပြီ သူနဲ့ပြန်တွေ့မှ ဒီအကျင့်က ပေါ်လာတာတဲ့လား? Lan Yibo မပီသလိုက်တာ"
Yibo စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်ကို ဆွဲဖွပြီး ကုတင်ပေါ် ခန္ဓာပစ်တင်လို့ စိတ်ငြိမ်အောင် အိပ်ပလိုက်လေသည်။
အိပ်ပျော်သွားတာပဲကောင်းတယ်။ ဒီလိုသာဆို ဘာမှတွေးစရာမလိုသလို ဘာမှလည်း နာကျင်စရာမလိုတော့ဘူး။
ကြိုးစားမျက်လုံးမှိတ်ရင်း Yiboကိုယ်တိုင်က အိမ်မက်ကမ္ဘာဆီသို့~~~။
ကျွန်တော် ရေချိုးပြီးထွက်လာတော့ ခလေးက အိပ်ယာပေါ်မှာ ပက်လက်ကလေး အိပ်ပျော်နေလေရဲ့။
ကျွန်တော် သတိမထားမိချိန်မှာပဲ ကျွန်တော်က ခလေးရဲ့ ကုတင်နားရောက်နေလေပြီ။
ကြည့်ပါအုံး ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်တဲ့ ခလေးလေးလဲ။ မျက်ခွံမို့မို့လေးကလည်း မြတ်နိုးစရာ နှာခေါင်းလုံးလုံးလေးရော ပြီးတော့ ဒီ နှုတ်ခမ်းဖူးဖူးလေးရောပဲ။ ပြီးပြည့်စုံတယ် ဆိုတာ ဒီခလေးမှာ လာရောက်စုပြုံထားလေသလားပဲ။ ပြီးတော့ ဒီပါးဖောင်းလေးကလည်း ဖိကပ်နမ်းလိုက်ရင် နစ်ဝင်သွားမဲ့ ဖြစ်ခြင်းပဲ။
ဒီလူက ကျွန်တော် ပိုင်ဆိုင်ဖူးတဲ့လူတဲ့။ သူ့အချစ်အလုံးစုံကို ကျွန်တော်ရဖူးခဲ့တာတဲ့။ ပြီးတော့ ကျွန်တော် ကိုယ်တိုင် ရက်ရက်စက်စက် နင်းချေခဲ့ဖူးတာတဲ့။ လက်စားချေချင်စိတ်တစ်ခုတည်းနဲ့လေ။
အလိမ်အညာတွေကြား ကျွန်တော် အမြတ်နိုးရဆုံး အစစ္အမှန်တရားက ခလေးပါ ဆိုတာကို တစ်နေ့နေ့ အခွင့်ရရင်တော့ တမေ့တမော ပြောပြအုံးမှာ။
Xiao Zhan ခလေးကို အနီးကပ် ငေးမောနေရင်းတာ မျက်ရည်တွေ တိတ်တဆိတ် ကျနေမိလေသည်။ တဆက်တည်းမှာပဲ Yiboက လူးလွန့်လာတာကြောင့် Xiao Zhan အမြန်ထရပ်လို့ တစ်ဖက်ကို လှည့်ပြီး မျက်ရည်သုတ်လိုက်လေသည်။
"ခင်များ ဘာရပ်လုပ်နေတာလဲ"
Yibo နိုးလာတော့ သူ့ကို ကျောပေးပြီး ရပ်နေတဲ့ Xiao Zhan ကို မေးလိုက်လေသည်။
"အင် ကိုယ် ရေချိုးပြီးပြီ အဲ့ဒါ ခလေးလည်း ချိုးတော့လေ ခဏနေ ကိုယ်တို့ ညစာသွားစားကြမယ်လေ"
"အင်း ဒါနဲ့ ပြောရအုံးမယ် ဘာလို့ ကျွန်တော့်ကို ခလေးလို့ ခေါ်နေတာလဲ ခင်များ ခလေးမဟုတ်ဘူးလို့ ကျွန်တော် မပြောဘူးလား။ ကျွန်တော် နာမည် Lan Yibo သေချာမှတ်ထားအုံး"
Yibo ထိုသို့ပြောပြီး အိပ်ချင်မူးထူးနဲ့ ရေချိုးခန်းထဲ ဝင်သွားပေမဲ့ နေရာမှာတင် တောင့်တောင့်ကြီး ရပ်နေသူက Xiao Zhanပင်ဖြစ်သည်။
မယုံပါဘူး မဟုတ်ဘူးဆိုတာကို Lanနဲ့ Wang ပဲ ကွဲသွားတာ Xiao Zhanက ရူးနေလို့ ဒါတွေကို ယုံရမှာလား။ ကိုယ်အမှန်တရားတွေရှာမယ် အဲ့နေ့ရောက်မှာ သက်သေတွေနဲ့အတူ ကိုယ့်ရင်ခွင်ထဲ သိမ်းထားမယ် ဘယ်တော့မှ မလွှတ်ပေးတော့ဘူး။
Yibo ရေချိုးခန်းထဲရောက်တော့ ထိန်းထားသမျှ လွှတ်ချလိုက်သလို ရေချိုးခန်းတံခါးကိုမှီလို့ သက်ပြင်းချနေမိလေသည်။
ထို့နောက်တော့ ရေချိုးခန်းထဲမှန်ထဲက ကိုယ့်မျက်နှာကို စိုက်ကြည့်ရင်း တစ်ခုခုကို အလိုမကျသလို ခေါင်းတွေ ခါရမ်းနေပြန်သည်။
သူပြန်ထွက်လာတော့ ကျွန်တော် ဘာလုပ်ရမယ်မသိတာနဲ့ အမြန်ပဲ အိပ်ချင်ယောင်ဆောင်ဖြစ်တယ်။ သူဘာလုပ်မယ်ဆိုတာလည်း သိချင်တာရောပေါ့။
သူကျွန်တော့်နား တိုးကပ်လာတာကိုလည်း သိတယ်။ သူတစ်ခုခုလုပ်မယ် ထင်ခဲ့ပေမဲ့ သူက ကျွန်တော့်နားမှာပဲ ငြိမ်သွားပြန်တယ်။ အချိန်တော်တော်ကြာသည်ထိ ဘာမှလည်းမပြောမဆိုနဲ့ ငြိမ်နေတာကြောင့် ကျွန်တော် နိုးသလိုလုပ်တော့ သူက ဆတ်ခနဲ ထသွားပုံရတယ်။ ကျွန်တော်ထထိုင်သည်ထိ သူက ကျွန်တော့်ကို ကျောပေးထားတုန်းပဲ။
တဆိတ် သူမျက်ရည်သုတ်လိုက်တာလား။ သူဘာကြောင့် ငိုတာလဲ။
ရေဗန်းကို ဖွင့်ချလို့ မသန့်မရှင်းဖြစ်နေတာတွေ ဆေးကြောဖြစ်တယ်။ ရေချိုးချိန်မှာ စိတ်ထဲ ကျန်ရစ်နေတဲ့ အညစ်အကြေးတွေကိုပါ ဆေးကြောပစ်နိုင်ရင် အကောင်းသား။
အခုတော့ မလှပခဲ့တဲ့ အတိတ်ကပုံရိပ်တွေက နှလုံးသားတိမ်စိုင်မှာ သံချေးတက်နေသလိုပဲ လေးလံလွန်းတယ်။
ကဲရွာရောက်ပီဆိုတော့ချိုတော့မှာပါနော်
ပြီးတော့Haeလဲပြန်လာတော့မယ်နော်
ဟင့်FBတေတကယ်နည်းသွားတယ်😢
Zawgyi
"ခေလး ခေလး ထေတာ့ ေရာက္ပါၿပီ ခေလး"
"အင္း"
တစ္လမ္းလံုးအိပ္ေပ်ာ္လာတဲ့ ခေလးက ကြၽန္ေတာ္တို႔ ဟိုတယ္ေရာက္လာသည့္တိုင္ ႏိုးမလာခဲ့။ ကြၽန္ေတာ္ အသာေလးလႈပ္ႏိုးေတာ့မွ အင္း ဆိုတဲ့ အသံပီစိေလးနဲ႔အတူ မ်က္လံုးေမွးေမွးေလးနဲ႔ ကြၽန္ေတာ့္ကို ၾကည့္လာတယ္။
"ခင္မ်ား ဘာလုပ္တာလဲ ဖယ္!"
"အင့္!"
Yibo ႏိုးလာေတာ့ သူ႔ကိုယ္ေပၚ အံု႔မိုးသလို ျဖစ္ေနတဲ့ Xiao Zhanကို ျမင္ေတာ့ လန္႔သြားတာနဲ႔ Xiao Zhanကို အားစိုက္တြန္းမိသြားေလသည္။
အေနာက္သို႔ အနည္းငယ္လန္က်သြားရေပမဲ့ Xiao Zhan အၿပံဳးမပ်က္ခဲ့။
"ကိုယ္က ခေလးကို ႏိုးလိုက္ရံုပါ ဟိုတယ္ေရာက္ေနပါၿပီ"
"ေၾသာ္ အင္း"
ခေလး အေနခက္မွာစိုးလို႔ ကားေပၚအျမန္ဆင္းလို႔ အရင္ၪီးေအာင္ ရပ္ေစာင့္လိုက္မိတယ္။ ခေလးအေနရခက္ ေစတာမ်ိဳး ကြၽန္ေတာ္မလုပ္ခ်င္ဘူး။
ခေလး ကြၽန္ေတာ္ေဘးမွာ ရိွေနတယ္ ဆိုတာနဲ႔တင္ အရာရာ ဟာျပည့္စံုၿပီးသား။
~
~
~
"အားေတာ့နာပါတယ္ ဧည့္သည္ ကြၽန္မတို႔ဘက္က တစ္ကယ္ပဲ တစ္ခန္းပဲ ရိွေတာ့လို႔ပါ။"
Xiao Zhanတကယ္မတတ္ႏိုင္ေတာ့ အခုက အခန္းက တစ္ခန္းတည္း ရြာၿမိဳ႔ဆိုေတာ့ တည္းခိုခန္းက ဒီတစ္ခုတည္းရိွေနေတာ့ သူလည္းမတတ္ႏိုင္ေတာ့။
သူကေတာ့ Yiboနားေနခ်င္ေပမဲ့ Yiboက သူ႔နားမေနခ်င္မွာစိုးရိမ္စိတ္နဲ႔ Xiao Zhan တကယ္ မသက္မသာလွ။
အေနခက္တဲ့ပံုရတဲ့ Xiao Zhanေၾကာင့္ Yiboကပဲ သက္ျပင္းတစ္ခ်က္ခ်ရင္း~~~
"ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ အတြက္ စီစဥ္ေပးပါ"
Yibo စကားလည္း ၾကားေရာ Xiao Zhan ဝမ္းနည္းဝမ္းသာနဲ႔ ငိုခ်င္စိတ္ေပါက္လာေလသည္။ အခုမွ လူလည္း အထိအခိုက္မခံႏိုင္တဲ့ ေႂကြခြက္ေလးလိုပဲ။
"ခေလး ေရအရင္ခ်ိဳးမလား "
အဝတ္ေတြကိုေနရာတက် ခ်ရင္း
Xiao Zhanေမးေတာ့ Yibo က ~~~
"ခင္မ်ားအရင္ခ်ိဳးပါ ကြၽန္ေတာ္ ငိုက္ေနေသးတယ္။ ခနနားအံုးမယ္"
ခင္မ်ားတဲ့ စာေတြိဖြဲ႔ၿပီး ညီးၫူမေနေတာ့ဘူး။ အခ်ိန္တစ္ခုထိေတာ့ ေပးဆပ္ရအံုးမယ္လို႔သာ ရင္ထဲ ၿမဲျမဲ မွတ္သားလိုက္ေတာ့မယ္။
"ဒါဆို ကိုယ္္အရင္ခ်ိဳးၿပီေနာ္"
ဘာစကားသံမွ ျပန္မရေပမဲ့ ကြၽန္ေတာ္ ေက်နပ္တယ္။ အခု ကြၽန္ေတာ္ ခေလးနဲ႔ အတူတူရိွေနတာပဲ ထပ္မံႀကိဳးစားတာေပါ့။
Xiao Zhan ေရခ်ိဳးခန္းထဲ ဝင္သြားေတာ့ ေရြးေပးေနၾက ညဝတ္ေလးကို ထေရြးဖို႔ Yiboကိုယ္တိုင္မသိပဲ ထလုပ္မလို႔ ရပ္ေနေလသည္။
"ငါဘာလုပ္ဖို႔ ႀကံေနတာလဲ ငါရူးေနတာလား? 5ႏွစ္ေက်ာ္ခဲ့ၿပီ သူနဲ႔ျပန္ေတြ့မွ ဒီအက်င့္က ေပၚလာတာတဲ့လား? Lan Yibo မပီသလိုက္တာ"
Yibo စိတ္ရႈပ္ရႈပ္နဲ႔ ဆံပင္ကို ဆြဲဖြၿပီး ကုတင္ေပၚ ခႏၶာပစ္တင္လို႔ စိတ္ၿငိမ္ေအာင္ အိပ္ပလိုက္ေလသည္။
အိပ္ေပ်ာ္သြားတာပဲေကာင္းတယ္။ ဒီလိုသာဆို ဘာမွေတြးစရာမလိုသလို ဘာမွလည္း နာက်င္စရာမလိုေတာ့ဘူး။
ႀကိဳးစားမ်က္လံုးမိွတ္ရင္း Yiboကိုယ္တိုင္က အိမ္မက္ကမ႓ာဆီသို႔~~~။
ကြၽန္ေတာ္ ေရခ်ိဳးၿပီးထြက္လာေတာ့ ခေလးက အိပ္ယာေပၚမွာ ပက္လက္ကေလး အိပ္ေပ်ာ္ေနေလရဲ့။
ကြၽန္ေတာ္ သတိမထားမိခ်ိန္မွာပဲ ကြၽန္ေတာ္က ခေလးရဲ့ ကုတင္နားေရာက္ေနေလၿပီ။
ၾကည့္ပါအံုး ဘယ္ေလာက္ေတာင္ ခ်စ္ဖို႔ေကာင္းလိုက္တဲ့ ခေလးေလးလဲ။ မ်က္ခြံမို႔မို႔ေလးကလည္း ျမတ္ႏိုးစရာ ႏွာေခါင္းလံုးလံုးေလးေရာ ၿပီးေတာ့ ဒီ ႏႈတ္ခမ္းဖူးဖူးေလးေရာပဲ။ ၿပီးျပည့္စံုတယ္ ဆိုတာ ဒီခေလးမွာ လာေရာက္စုၿပံဳထားေလသလားပဲ။ ၿပီးေတာ့ ဒီပါးေဖာင္းေလးကလည္း ဖိကပ္နမ္းလိုက္ရင္ နစ္ဝင္သြားမဲ့ ျဖစ္ျခင္းပဲ။
ဒီလူက ကြၽန္ေတာ္ ပိုင္ဆိုင္ဖူးတဲ့လူတဲ့။ သူ႔အခ်စ္အလံုးစံုကို ကြၽန္ေတာ္ရဖူးခဲ့တာတဲ့။ ၿပီးေတာ့ ကြၽန္ေတာ္ ကိုယ္တိုင္ ရက္ရက္စက္စက္ နင္းေခ်ခဲ့ဖူးတာတဲ့။ လက္စားေခ်ခ်င္စိတ္တစ္ခုတည္းနဲ႔ေလ။
အလိမ္အညာေတြၾကား ကြၽန္ေတာ္ အျမတ္ႏိုးရဆံုး အစစ္အမွန္တရားက ခေလးပါ ဆိုတာကို တစ္ေန့ေန့ အခြင့္ရရင္ေတာ့ တေမ့တေမာ ေျပာျပအံုးမွာ။
Xiao Zhan ခေလးကို အနီးကပ္ ေငးေမာေနရင္းတာ မ်က္ရည္ေတြ တိတ္တဆိတ္ က်ေနမိေလသည္။ တဆက္တည္းမွာပဲ Yiboက လူးလြန္႔လာတာေၾကာင့္ Xiao Zhan အျမန္ထရပ္လို႔ တစ္ဖက္ကို လွည့္ၿပီး မ်က္ရည္သုတ္လိုက္ေလသည္။
"ခင္မ်ား ဘာရပ္လုပ္ေနတာလဲ"
Yibo ႏိုးလာေတာ့ သူ႔ကို ေက်ာေပးၿပီး ရပ္ေနတဲ့ Xiao Zhan ကို ေမးလိုက္ေလသည္။
"အင္ ကိုယ္ ေရခ်ိဳးၿပီးၿပီ အဲ့ဒါ ခေလးလည္း ခ်ိဳးေတာ့ေလ ခဏေန ကိုယ္တို႔ ညစာသြားစားၾကမယ္ေလ"
"အင္း ဒါနဲ႔ ေျပာရအံုးမယ္ ဘာလို႔ ကြၽန္ေတာ့္ကို ခေလးလို႔ ေခၚေနတာလဲ ခင္မ်ား ခေလးမဟုတ္ဘူးလို႔ ကြၽန္ေတာ္ မေျပာဘူးလား။ ကြၽန္ေတာ္ နာမည္ Lan Yibo ေသခ်ာမွတ္ထားအံုး"
Yibo ထိုသို႔ေျပာၿပီး အိပ္ခ်င္မူးထူးနဲ႔ ေရခ်ိဳးခန္းထဲ ဝင္သြားေပမဲ့ ေနရာမွာတင္ ေတာင့္ေတာင့္ႀကီး ရပ္ေနသူက Xiao Zhanပင္ျဖစ္သည္။
မယံုပါဘူး မဟုတ္ဘူးဆိုတာကို Lanနဲ႔ Wang ပဲ ကြဲသြားတာ Xiao Zhanက ရူးေနလို႔ ဒါေတြကို ယံုရမွာလား။ ကိုယ္အမွန္တရားေတြရွာမယ္ အဲ့ေန့ေရာက္မွာ သက္ေသေတြနဲ႔အတူ ကိုယ့္ရင္ခြင္ထဲ သိမ္းထားမယ္ ဘယ္ေတာ့မွ မလႊတ္ေပးေတာ့ဘူး။
Yibo ေရခ်ိဳးခန္းထဲေရာက္ေတာ့ ထိန္းထားသမ်ွ လႊတ္ခ်လိုက္သလို ေရခ်ိဳးခန္းတံခါးကိုမွီလို႔ သက္ျပင္းခ်ေနမိေလသည္။
ထို႔ေနာက္ေတာ့ ေရခ်ိဳးခန္းထဲမွန္ထဲက ကိုယ့္မ်က္ႏွာကို စိုက္ၾကည့္ရင္း တစ္ခုခုကို အလိုမက်သလို ေခါင္းေတြ ခါရမ္းေနျပန္သည္။
သူျပန္ထြက္လာေတာ့ ကြၽန္ေတာ္ ဘာလုပ္ရမယ္မသိတာနဲ႔ အျမန္ပဲ အိပ္ခ်င္ေယာင္ေဆာင္ျဖစ္တယ္။ သူဘာလုပ္မယ္ဆိုတာလည္း သိခ်င္တာေရာေပါ့။
သူကြၽန္ေတာ့္နား တိုးကပ္လာတာကိုလည္း သိတယ္။ သူတစ္ခုခုလုပ္မယ္ ထင္ခဲ့ေပမဲ့ သူက ကြၽန္ေတာ့္နားမွာပဲ ၿငိမ္သြားျပန္တယ္။ အခ်ိန္ေတာ္ေတာ္ၾကာသည္ထိ ဘာမွလည္းမေျပာမဆိုနဲ႔ ၿငိမ္ေနတာေၾကာင့္ ကြၽန္ေတာ္ ႏိုးသလိုလုပ္ေတာ့ သူက ဆတ္ခနဲ ထသြားပံုရတယ္။ ကြၽန္ေတာ္ထထိုင္သည္ထိ သူက ကြၽန္ေတာ့္ကို ေက်ာေပးထားတုန္းပဲ။
တဆိတ္ သူမ်က္ရည္သုတ္လိုက္တာလား။ သူဘာေၾကာင့္ ငိုတာလဲ။
ေရဗန္းကို ဖြင့္ခ်လို႔ မသန္႔မရွင္းျဖစ္ေနတာေတြ ေဆးေၾကာျဖစ္တယ္။ ေရခ်ိဳးခ်ိန္မွာ စိတ္ထဲ က်န္ရစ္ေနတဲ့ အညစ္အေၾကးေတြကိုပါ ေဆးေၾကာပစ္ႏိုင္ရင္ အေကာင္းသား။
အခုေတာ့ မလွပခဲ့တဲ့ အတိတ္ကပံုရိပ္ေတြက ႏွလံုးသားတိမ္စိုင္မွာ သံေခ်းတက္ေနသလိုပဲ ေလးလံလြန္းတယ္။
ကဲရြာေရာက္ပီဆိုေတာ့ခ်ိဳေတာ့မွာပါေနာ္
ၿပီးေတာ့Haeလဲျပန္လာေတာ့မယ္ေနာ္
ဟင့္FBေတတကယ္နည္းသြားတယ္😢