"မြေးလေး အဖွားပြောတဲ့ ကိစ္စကို ဘယ်လိုသဘောရလဲဟင် "
"အဖွားသဘောအတိုင်းပါပဲဗျ အဖွား သားမှာ ငြင်းလိုစိတ်မရှိပါဘူး"
သူ့ကို ဘေးနားမှာ ကပ်ထိုင်လို့ သူမပြောသမျှ ခေါင်းညိတ်နေတဲ့ မြေးလေးကြောင့် လန်သခင်မကြီး စိတ်ထဲထင့်နေရပြန်သည်။
"မြေးလေးစိတ်ချမ်းသာဖို့က အဖွားရွေးချယ်မှုလေ ဒါကြောင့်မို့ပဲ မြေးလေးကို မေးတာပေါ့။ ပြီးတော့ ဒီကုမ္မဏီရဲ့ CEOက~~~"
"အတိတ်တွေကို သားထည့်မတွက်သလို အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို သားဆွဲမရောတာမို့ အဖွားစိတ်ချလို့ရပါတယ် အဖွား"
"မြေးလေးရယ် ရင့်ကျက်လာလိုက်တာ။ အဖွားကတော့ မြေးလေးကို ဆံပင်အုပ်အုပ်ကလေးနဲ့ အငိုသန်တဲ့ယုန်ဖြူလေးလို့ ထင်နေတုန်း မြေးလေးကတော့ အစွယ်ပီစိလေးနဲ့ ခြင်္သေ့ပေါက်စလေးဖြစ်နေပြီ"
"ဟီး အဖွားကလည်း "
ကျွန်မထိုသို့ပြောတော့ မြေးလေးက ခွေးပေါက်လေးလို မူပိုချွဲလို့ ကျွန်မလက်မောင်းကို ကိုင်ပြီး ခေါင်းလေူတိုးဝှေ့လာတယ်။
ဒါလေးများ တည်တည်တံ့တံ့လေးနဲ့ နေချက်သေးတယ် ရုပ်လေးက ငါးနှစ်သားထက်တောင် ပိုမကြီးဘူး။
ကံမကုန်လို့ ပြန်ဆုံရုံပဲ ထင်ခဲ့မိတာ ကျွန်တော်မှားသွားတယ် ကိုကို။ ခင်များနဲ့ ဝဠ်ကျွေးတွေ မကျေသေးလို့ထင်ပါရဲ့ မနက်ဖြန်တွေမှာလည်း ခင်များနဲ့ မျက်နှာချင်းဆိုင် ရအုံးမှာတဲ့။ ကျွန်တော် တကယ်ပဲ ကံကြမ္မာဇာတ်ဆရာတွေကို လုံးဝ နားမလည်နိုင်တော့ဘူး။
သူမကိုမှီချွဲလိုက်တာနဲ့ ညို့မိှုင်းသွားတဲ့ မြေးဖြစ်သူရဲ့ မျက်နှာလေးကို လန်သခင်မကြီး မြင်သွားခဲ့ရင်လေ~~~။
~~~~
ဓာတ်လှေကား ပိတ်ခါနီးမှာ လက်သွယ်သွယ်လေးတစ်ဖက်ကြောင့် တီခနဲ မြည်ပြီး တံခါးက ပြန်လည်ဖွင့်သွားလေသည်။
အလောတကြီးနဲ့ ထိုလူကို အားလုံးကဝိုင်းကြည့်နေသလို CEO ဖြစ်တဲ့ Xiao Zhanကလည်း နည်းတူဖြစ်လေသည်။
Yibo သူ့ရှေ့က လူကို မြင်တော့ နောက်ပြန်ဆုတ်ဖို့ လုပ်ခဲ့မိသေးပေမဲ့ ဘာမှ မသက်ဆိုင်တော့ပဲ ဘာရင်မှလည်း ခုန်နေစရာမလိုတော့ဘူးဆိုပြီး ကိုယ့်ကိုယ်ကို အသိပေးရင်း ဓာတ်လှေကားထဲ ဝင်လိုက်လေသည်။
"အင့်"
လူပိနေတဲ့ ဓာတ်လှေကားမှာ အများသူငါ တိုးဝှေ့တော့ Yibo မရည်ရွယ်ပါပဲ ဘေးနားက လူရဲ့ ရင်ခွင်ထဲ တန်းတန်းမတ်မတ်ရောက်သွားလေသည်။
အားလုံးထွက်သွားကြပေမဲ့ အကြည်စိုက်နေသေးတဲ့ CEO နှစ်ယောက်က အေးဆေးပင်ဖြစ်သည်။
"ခင်များ လွှတ်! ကျွန်တော့်အသားကို မထိနဲ့ဖယ်!"
စိတ်လွှတ်နေတာ နှစ်ယောက်လုံးဆို အရင် အသိဝင်တာ မင်းဖြစ်ပေလိမ့်မယ်။ အသိကပ်တာနဲ့ ကိုယ့်ကို အတင်းတွန်းလို့ မင်းက ကိုယ့်ကို ရွံစရာ သတ္တဝါတစ်ကောင်လို ကြည့်လာတယ်။
"ကောင်း ကောင်းပြီ ခလေး ထိခိုက်သွားသေးလား ဘယ်နားနာသေးလဲ"
"ရူးနေလား ခင်များ ဖယ်!"
ကိုယ့်ကို စိတ်ပျက်သလို မျက်မှောင်ကျုံ့ကြည့်ပြီး မင်းက ဦးစွာ ထွက်သွားတယ်။
ကိုယ်အရေးစိုက်တာခံရလို့ မျက်လုံးလေးဝိုင်းဝိုင်းလေးနဲ့ ကိုယ့်ကို ပြုံးပြလာတဲ့ မင်းမျက်နှာလေးကို ကိုယ်တစ်ဖန် ပြန်မြင်ရလို့ မဖြစ်တော့ဘူးလား ခလေးရယ်။ ကိုယ့်အပြစ်က တကယ်ပဲ ခွင့်လွှတ်ပေးလို့မရတော့ဘူးလား။
~~~~
"CEO~~~"
ခြေလှမ်းကျဲတွေနဲ့ ဓာတ်လှေကားကနေ ထွက်လာတဲ့ CEOက ဒေါသကြောင့်လား ဝမ်းနည်းမှုကြောင့်လား မသဲကွဲစွာ မျက်နှာတစ်ခုလုံး နီရဲ နေပြီး အရှိန်အဟုန်တစ်ခုနဲ့ လမ်းလျှောက်နေတာကြောင့် ယန်လီ စိတ်ပူပြီး ဘေးနားကနေ ခပ်သွက်သွက်လျှောက်လိုက်ရလေသည်။
"CEO"
"ကျွန်တော် ဘာမှမပြောချင်သေးဘူးကျဲ"
"ဟုတ် ဟုတ်ကဲ့"
Yiboရဲ့ အမိန့်တစ်ခုအောက်မှာ ယန်လီ နှုတ်ပိတ် အသံဆိတ်လို့ သူ့နောက်ကိုသာ စကားမပြောပဲ ရောက်သွားလေသည်။
ဝန်ထမ်းတစ်ယာက် အထူးသဖြင့် Xiao Zhanရဲ့ အတွင်းရေးမှူး ကျန်းချန်ရဲ့ လိုက်ပြမှုကြောင့် Yibo သူ့ရုံးခန်းထဲရောက်လာရလေသည်။
စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေပုံက တကယ့်ကို အူယားစရာဆိုတာမှန်ပေမဲ့ အပြင်လူတွေကတော့ ဒါတွေကို မြင်တွေ့ဖူးဖို့ ခဲယဥ်းလှသည်။
"ကျဲ ကျွန်တော် ခဏ မှေးချင်လို့ ယူလာတဲ့ အလုပ်ကို ဒီတိုင်းချထားလိုက်ပါ"
"CEO အဆင်ပြေ~~~"
"ပြေပါတယ်ကျဲ ပြီးတော့ ကျွန်တော့်ကို Yiboလို့ပဲ ခေါ်ပါ "
"ဟုတ်ကဲ့ပါရှင့် Yiboလေးနားအုံး အဲ့ဆိုလည်း"
"ဟုတ်ကျဲ"
တံခါးပိတ်သံကြားရမှာ ထိုင်ခုံမှီပြီး အိပ်ချင်ယောင်ဆောင်နေတဲ့ Yiboက မျက်လုံးလေး ဖြေးဖြေးချင်း ဖွင့်လာပြီး တစ်နေရာရာကိုသာ မျက်ဝန်းသေနဲ့ စိုက်ကြည့်နေလေသည်။
မကြွေချင် ယုယခဲ့ရင် အကောင်းသား။
ကြွေကျလို့ ညိုးခါမှ စာအုပ်ကြားညှပ်လို့
ထိန်းသိမ်းချင်တယ်တဲ့။ မလှပတော့ပါဘူး ကိုကိုရယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
"ေျမးေလး အဖြားေျပာတဲ့ ကိစၥကို ဘယ္လိုသေဘာရလဲဟင္ "
"အဖြားသေဘာအတိုင္းပါပဲဗ် အဖြား သားမွာ ျငင္းလိုစိတ္မရိွပါဘူး"
သူ႔ကို ေဘးနားမွာ ကပ္ထိုင္လို႔ သူမေျပာသမ်ွ ေခါင္းညိတ္ေနတဲ့ ေျမးေလးေၾကာင့္ လန္သခင္မႀကီး စိတ္ထဲထင့္ေနရျပန္သည္။
"ေျမးေလးစိတ္ခ်မ္းသာဖို႔က အဖြားေရြးခ်ယ္မႈေလ ဒါေၾကာင့္မို႔ပဲ ေျမးေလးကို ေမးတာေပါ့။ ၿပီးေတာ့ ဒီကုမၼဏီရဲ့ CEOက~~~"
"အတိတ္ေတြကို သားထည့္မတြက္သလို အလုပ္နဲ႔ ကိုယ္ေရးကိုယ္တာကို သားဆြဲမေရာတာမို႔ အဖြားစိတ္ခ်လို႔ရပါတယ္ အဖြား"
"ေျမးေလးရယ္ ရင့္က်က္လာလိုက္တာ။ အဖြားကေတာ့ ေျမးေလးကို ဆံပင္အုပ္အုပ္ကေလးနဲ႔ အငိုသန္တဲ့ယုန္ျဖဴေလးလို႔ ထင္ေနတုန္း ေျမးေလးကေတာ့ အစြယ္ပီစိေလးနဲ႔ ျခေသၤ့ေပါက္စေလးျဖစ္ေနၿပီ"
"ဟီး အဖြားကလည္း "
ကြၽန္မထိုသို႔ေျပာေတာ့ ေျမးေလးက ေခြးေပါက္ေလးလို မူပိုခြၽဲလို႔ ကြၽန္မလက္ေမာင္းကို ကိုင္ၿပီး ေခါင္းေလးတိုးေဝ႔ွလာတယ္။
ဒါေလးမ်ား တည္တည္တံ့တံ့ေလးနဲ႔ ေနခ်င္ေသးတယ္ ရုပ္ေလးက ငါးႏွစ္သားထက္ေတာင္ ပိုမႀကီးဘူး။
ကံမကုန္လို႔ ျပန္ဆံုရံုပဲ ထင္ခဲ့မိတာ ကြၽန္ေတာ္မွားသြားတယ္ ကိုကို။ ခင္မ်ားနဲ႔ ဝဠ္ေကြၽးေတြ မေက်ေသးလို႔ထင္ပါရဲ့ မနက္ျဖန္ေတြမွာလည္း ခင္မ်ားနဲ႔ မ်က္ႏွာခ်င္းဆိုင္ ရအံုးမွာတဲ့။ ကြၽန္ေတာ္ တကယ္ပဲ ကံၾကမၼာဇာတ္ဆရာေတြကို လံုးဝ နားမလည္ႏိုင္ေတာ့ဘူး။
သူမကိုမွီခြၽဲလိုက္တာနဲ႔ ညို႔မိႈင္းသြားတဲ့ ေျမးျဖစ္သူရဲ့ မ်က္ႏွာေလးကို လန္သခင္မႀကီး ျမင္သြားခဲ့ရင္ေလ~~~။
~~~~
ဓာတ္ေလွကား ပိတ္ခါနီးမွာ လက္သြယ္သြယ္ေလးတစ္ဖက္ေၾကာင့္ တီခနဲ ျမည္ၿပီး တံခါးက ျပန္လည္ဖြင့္သြားေလသည္။
အေလာတႀကီးနဲ႔ ထိုလူကို အားလံုးကဝိုင္းၾကည့္ေနသလို CEO ျဖစ္တဲ့ Xiao Zhanကလည္း နည္းတူျဖစ္ေလသည္။
Yibo သူ႔ေရ႔ွက လူကို ျမင္ေတာ့ ေနာက္ျပန္ဆုတ္ဖို႔ လုပ္ခဲ့မိေသးေပမဲ့ ဘာမွ မသက္ဆိုင္ေတာ့ပဲ ဘာရင္မွလည္း ခုန္ေနစရာမလိုေတာ့ဘူးဆိုၿပီး ကိုယ့္ကိုယ္ကို အသိေပးရင္း ဓာတ္ေလွကားထဲ ဝင္လိုက္ေလသည္။
"အင့္"
လူပိေနတဲ့ ဓာတ္ေလွကားမွာ အမ်ားသူငါ တိုးေဝ႔ွေတာ့ Yibo မရည္ရြယ္ပါပဲ ေဘးနားက လူရဲ့ ရင္ခြင္ထဲ တန္းတန္းမတ္မတ္ေရာက္သြားေလသည္။
အားလံုးထြက္သြားၾကေပမဲ့ အၾကည္စိုက္ေနေသးတဲ့ CEO ႏွစ္ေယာက္က ေအးေဆးပင္ျဖစ္သည္။
"ခင္မ်ား လႊတ္! ကြၽန္ေတာ့္အသားကို မထိနဲ႔ဖယ္!"
စိတ္လႊတ္ေနတာ ႏွစ္ေယာက္လံုးဆို အရင္ အသိဝင္တာ မင္းျဖစ္ေပလိမ့္မယ္။ အသိကပ္တာနဲ႔ ကိုယ့္ကို အတင္းတြန္းလို႔ မင္းက ကိုယ့္ကို ရြံစရာ သတၲဝါတစ္ေကာင္လို ၾကည့္လာတယ္။
"ေကာင္း ေကာင္းၿပီ ခေလး ထိခိုက္သြားေသးလား ဘယ္နားနာေသးလဲ"
"ရူးေနလား ခင္မ်ား ဖယ္!"
ကိုယ့္ကို စိတ္ပ်က္သလို မ်က္ေမွာင္က်ံဳ႔ၾကည့္ၿပီး မင္းက ၪီးစြာ ထြက္သြားတယ္။
ကိုယ္အေရးစိုက္တာခံရလို႔ မ်က္လံုးေလးဝိုင္းဝိုင္းေလးနဲ႔ ကိုယ့္ကို ၿပံဳးျပလာတဲ့ မင္းမ်က္ႏွာေလးကို ကိုယ္တစ္ဖန္ ျပန္ျမင္ရလို႔ မျဖစ္ေတာ့ဘူးလား ခေလးရယ္။ ကိုယ့္အျပစ္က တကယ္ပဲ ခြင့္လႊတ္ေပးလို႔မရေတာ့ဘူးလား။
~~~~
"CEO~~~"
ေျခလွမ္းက်ဲေတြနဲ႔ ဓာတ္ေလွကားကေန ထြက္လာတဲ့ CEOက ေဒါသေၾကာင့္လား ဝမ္းနည္းမႈေၾကာင့္လား မသဲကြဲစြာ မ်က္ႏွာတစ္ခုလံုး နီရဲ ေနၿပီး အရိွန္အဟုန္တစ္ခုနဲ႔ လမ္းေလ်ွာက္ေနတာေၾကာင့္ ယန္လီ စိတ္ပူၿပီး ေဘးနားကေန ခပ္သြက္သြက္ေလ်ွာက္လိုက္ရေလသည္။
"CEO"
"ကြၽန္ေတာ္ ဘာမွမေျပာခ်င္ေသးဘူးက်ဲ"
"ဟုတ္ ဟုတ္ကဲ့"
Yiboရဲ့ အမိန္႔တစ္ခုေအာက္မွာ ယန္လီ ႏႈတ္ပိတ္ အသံဆိတ္လို႔ သူ႔ေနာက္ကိုသာ စကားမေျပာပဲ ေရာက္သြားေလသည္။
ဝန္ထမ္းတစ္ယာက္ အထူးသျဖင့္ Xiao Zhanရဲ့ အတြင္းေရးမွဴး က်န္းခ်န္ရဲ့ လိုက္ျပမႈေၾကာင့္ Yibo သူ႔ရံုးခန္းထဲေရာက္လာရေလသည္။
စိတ္ပ်က္လက္ပ်က္နဲ႔ ထိုင္ေနပံုက တကယ့္ကို အူယားစရာဆိုတာမွန္ေပမဲ့ အျပင္လူေတြကေတာ့ ဒါေတြကို ျမင္ေတြ့ဖူးဖို႔ ခဲယဥ္းလွသည္။
"က်ဲ ကြၽန္ေတာ္ ခဏ ေမွးခ်င္လို႔ ယူလာတဲ့ အလုပ္ကို ဒီတိုင္းခ်ထားလိုက္ပါ"
"CEO အဆင္ေျပ~~~"
"ေျပပါတယ္က်ဲ ၿပီးေတာ့ ကြၽန္ေတာ့္ကို Yiboလို႔ပဲ ေခၚပါ "
"ဟုတ္ကဲ့ပါရွင့္ Yiboေလးနားအံုး အဲ့ဆိုလည္း"
"ဟုတ္က်ဲ"
တံခါးပိတ္သံၾကားရမွာ ထိုင္ခံုမွီၿပီး အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့ Yiboက မ်က္လံုးေလး ေျဖးေျဖးခ်င္း ဖြင့္လာၿပီး တစ္ေနရာရာကိုသာ မ်က္ဝန္းေသနဲ႔ စိုက္ၾကည့္ေနေလသည္။
မေႂကြခင္ ယုယခဲ့ရင္ အေကာင္းသား။
ေႂကြက်လို႔ ညိုွးခါမွ စာအုပ္ၾကားၫွပ္လို႔
ထိန္းသိမ္းခ်င္တယ္တဲ့။ မလွပေတာ့ပါဘူး ကိုကိုရယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~