Triangle {Completed}

By SebaekVkook9461

282K 21.9K 2.7K

Xiao Zhan - များစွာသော အတုအယောင်တွေကြား စစ်မှန်တဲ့မင်းကိုသာ ငါအချစ်ဆုံး Yibo - ချစ်စရာလူများနေရင်တောင် ကျွန်တ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Not Update
Part-7
No Update
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Apologize
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part_23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Not Update
Part-32
Part-33
Sorry
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50(Final)
EXTRA
Extra-2
Final Extra
❗❗

Part-34

4.5K 360 53
By SebaekVkook9461

Unicode

ရာသီအသစ်တစ်ခု ထပ်မံကုန်သွားပြန်ပြီခလေး~~~ 5နှစ်ဆိုတဲ့ အချိန်ကာလက နည်းလွန်းနေသေးလို့လား။ ခလေးဘာဖြစ်လို့ ကိုယ့်ဆီ ပြန်ရောက်မလာသေးတာလဲ။

"မင်းကလည်း သူတို့လိုပဲ" ကိုယ်မပြောရက်ခဲ့ပါဘူး။ ကိုယ့်အမှားကြောင့် ခလေးထွက်သွားတာမလား။ ဒါပေမဲ့လေ ကိုယ့်ဆီကို လာပြီးပေါက်ကွဲပစ်လိုက်၊ ဒေါသထွက်ပစ်လိုက်လို့ရတာပဲ။ ဒါပေမဲ့ ခလေးဒီလိုတော့ ထွက်မသွားပါနဲ့လား။

ကိုယ်အရမ်းလွမ်းလွန်းလှပြီခလေးရယ်။ ကိုယ်ရူးပါတော့မယ်။ 

Weiboမှာကော Wechatမှာပါ ပျောက်ကွယ်နေတဲ့ မင်းက Instagramမှာလည်း ပေါ်မလာခဲ့ဘူး။ Onlineလောကမှာရှိမနေခဲ့သလို အပြင်လောကမှာလည်း 5နှစ်လုံးလုံး လူအင်အားကော ငွေအင်အားပါ သုံးလို့ရှာခဲ့ပေမဲ့ မင်းကို ဘာလို့မတွေ့ခဲ့ရတာလဲ။

လူတွေပြောသလို ပုန်းကွယ်ချင်တဲ့သူကို ရှာရခက်တယ်ဆိုသည့်အလား မင်းက ကိုယ့်ဘဝထဲတင်မက ကိုယ့်မျက်စိရှေ့ကပါ ပျောက်ကွယ်ပစ်ခဲ့တယ်။

ကိုယ့်နှလုံးသားထဲမှာတော့ မင်းပျောက်မသွားနိုင်ဘူးဆိုတာ မင်းလေး သိပုံမရခဲ့ဘူးထင်ပါတယ်။

Xiao Zhan သူ့ဘေးက ခေါင်းအုံးလေးကို ဆွဲယူနမ်းရှိုက်ရင်း မျက်ရည်တို့ အသွင်သွင်ကျဆင်းနေလေသည်။

ကိုယ့်မနက်ခင်းလေးက မျက်ရည်နဲ့ မလွှတ်ကင်းနိုင်တာ 5နှစ်တာရှိရောပေါ့။ ဒီမျက်ရည်တွေက မင်းလာမှ ရပ်တန့်ပေးမဲ့ပုံရတယ်။

အမြန်ပြန်လာတော့အချစ်ရယ် မင်းအိမ်ပြန်လာချိန် တန်ပြီလေ။

"ခင်များ ငိုနေပြန်ပြီလား ကျွန်တော် အလုပ်သွားတော့မယ် ခင်များ အလုပ်သွားမယ်ဆို သော့ခတ်သွားလိုက်"

ခလေးသိလား ခလေးရဲ့အစ်ကိုက ထင်သလောက်လဲ မဆိုးပါဘူး။ အစကတော့ ကိုယ့်ကို ပစ်ပစ်ခါခါမုန်းခဲ့ပေမဲ့ အခုတော့ ကိုယ့်ကို ခလေးအခန်းထဲ လာအိပ်ခွင့်ပေးတယ်။ ကိုယ်5နှစ်လုံး အိမ်မပြန်ဖြစ်ဘူးခလေး။ မင်းသာပြန်လာရင် ကိုယ်ချက်ချင်းတောင်းပန်နိုင်အောင်လို့လေ။

မင်းကိုယ့်အနားမှာ မရှိတော့ပေမဲ့ မင်းအငွေ့အသက်တွေတော့ ရှိနေသေးတယ်လေ။

မင်းလေး ပြန်လာနိုး ပြန်လာနိုးနဲ့ ကိုယ့်မှာလည်း တကယ်ပင်ပန်းနေပါပြီ။ တစ်နေ့နေ့တော့ ပြန်လာလေမလား ဆိုပြီး ကိုယ်အသက်ဆက်ရင်း စောင့်နေပါတယ်ဆိုတာ ခလေး သိပေးပါကွာ။

~~~~~

"မြေးလေး တကယ်အဆင်သင့်ဖြစ်ပြီလား
Xiao Groupမှာ သွားဆွေးနွေးဖို့ အဆင်မပြေရင် အဖွား ကိုယ်စလှယ်ကိုပဲလွှတ်~~~"

"ရပါတယ်အဖွား သားမသွားနိုင်စရာအကြောင်းလဲမရှိပါဘူး။ ကျွန်တော် သွားညှိနိုင်းပေးပါ့မယ်"

"ဒါပေမဲ့ မြေးလေးက အခုမှ ပြန်ရောက်တာလေကွယ် မနက်ဖြန်သွားဆွေးနွေးမယ် ဟင်း~~~ သား မနားတော့ဘူးလား"

"မနားတော့ပါဘူး အဖွား သားက ရပါတယ်"

Lanသခင်မကြီးပြောမရတဲ့အဆုံး ရင်နစ်သဲချာမြေးလေးကို Xiao Groupနဲ့  ဆွေးနွေးဖို့ လက်ခံလိုက်လေသည်။

"သားပင်ပန်းလာတယ်မလား နားအုံးလေသား"

"ဟုတ်ကဲ့အဖွား ဒါဆို ခွင့်ပြုပါအုံး"

Lan သခင်မ ထွက်သွားတဲ့ သူမမြေးရဲ့ ကျောပြင်လေးကို လိုက်ကြည့်ရင်း သက်ပြင်းသာ ချနေမိလေသည်။

တည်တည်ငြိမ်ငြိမ်နဲ့ ကိစ္စအဝဝကို ပြတ်ပြတ်သားသားနဲ့ ဆုံးဖြတ်တတ်တဲ့ သူမမြေးကို မြင်ရတာ ကျေနပ်မိပေမဲ့၊ ဟိုနေ့က အားအင်ချိနဲ့စွာနဲ့ သူမရင်ခွင်ထဲ ပြိုကျလာပြီး ငိုယိုဝမ်းနည်းနေတဲ့ မြေးဖြစ်သူရဲ့အဖြစ်ကို ပြန်မြင်ယောင်တော့ သူမတကယ်မပျော်ရွှင်နိုင်တော့။

သူမသန်မာတဲ့ရုပ်ကို မြင်နေရပေမဲ့
အတွင်းစိတ်ကလေးကိုပါ သူမတွဲမြင်နေရတာကြောင့် အပြုံးတစ်ဝက်မှာ သူမရဲ့ သက်ပြင်းချသံက တန်းစီပါလာတတ်လေသည်။

"သားဘယ်လောက်ဖုံးဖုံး အဖွားက မြင်ပြီးသားပါသားရယ်"

ငါးနှစ်ဆိုတဲ့အရာက ကိုယ်သိပ်ချစ်ရတဲ့ လူကို မေ့ပစ်ဖို့ လုံလောက်တဲ့ အချိန်မရခဲ့ဘူးထင်ပါတယ်။

~~~~~

ရွှေဘုံစံ သခင်လေးတစ်ယောက် အထူးသဖြင့် သခင်လေး Lan Yiboရဲ့အခန်းက နန်းတော်အလား သန့်ရှင်း သပ်ရပ် ကြည်လင်  လှပ၏။ ထိုလှပတဲ့အရာတွေနဲ့ ကွဲထွက်စွာ ပြတင်းပေါက်ကနေ အပြင်ဘက်ကို ငေးနေတဲ့ သခင်လေးရဲ့ မျက်လုံးလေးက လွမ်းဆွေးရိပ်တို့ လွှမ်းခြုံနေလေသည်။

ဝိုင်နီတစ်ခွက်ကို လက်မှာချိတ်လို့ လိုက်ကာအနည်းငယ်သာ ဟထားတဲ့ အခန်းထဲမှာ သူရပ်နေတယ်။

ဝိုင်လေးတွေက ရစ်မူးစေပေမဲ့ ရင်ခုန်ဖို့ကောင်းလွန်းတယ်။ စွဲမက်စရာလေး။

ကိုကို အခုကျွန်တော် ဒီမြေကို တစ်ဖန်ပြန်ရောက်လာပြီ။ ခင်များ အဆင်ပြေတယ်မလား။

"ဒီနေ့လည်း ခင်များအဆင်ပြေတယ်မလား"

ငါနေ့တိုင်း ဒီစကါးကို ပြောပေမဲ့ လေပြေတွေက မင်းကိုတော့ ပြန်မပြောပြဘူးထင်ပါတယ်။ ငါ့ရဲ့ချစ်ခဲ့ဖူးသော~~~။


ပြန်လာပါပီနော်Ficလေးကိုစောင့်ပြီးဖတ်ပေးတဲ့့လူတေအကုန်လုံးကျေးဇူးတင်ပါတယ်

Zawgyi

ရာသီအသစ္တစ္ခု ထပ္မံကုန္သြားျပန္ၿပီခေလး~~~ 5ႏွစ္ဆိုတဲ့ အခ်ိန္ကာလက နည္းလြန္းေနေသးလို႔လား။ ခေလးဘာျဖစ္လို႔ ကိုယ့္ဆီ ျပန္ေရာက္မလာေသးတာလဲ။

"မင္းကလည္း သူတို႔လိုပဲ" ကိုယ္မေျပာရက္ခဲ့ပါဘူး။ ကိုယ့္အမွားေၾကာင့္ ခေလးထြက္သြားတာမလား။ ဒါေပမဲ့ေလ ကိုယ့္ဆီကို လာၿပီးေပါက္ကြဲပစ္လိုက္၊ ေဒါသထြက္ပစ္လိုက္လို႔ရတာပဲ။ ဒါေပမဲ့ ခေလးဒီလိုေတာ့ ထြက္မသြားပါနဲ႔လား။

ကိုယ္အရမ္းလြမ္းလြန္းလွၿပီခေလးရယ္။ ကိုယ္ရူးပါေတာ့မယ္။ 

Weiboမွာေကာ Wechatမွာပါ ေပ်ာက္ကြယ္ေနတဲ့ မင္းက Instagramမွာလည္း ေပၚမလာခဲ့ဘူး။ Onlineေလာကမွာရိွမေနခဲ့သလို အျပင္ေလာကမွာလည္း 5ႏွစ္လံုးလံုး လူအင္အားေကာ ေငြအင္အားပါ သံုးလို႔ရွာခဲ့ေပမဲ့ မင္းကို ဘာလို႔မေတြ့ခဲ့ရတာလဲ။

လူေတြေျပာသလို ပုန္းကြယ္ခ်င္တဲ့သူကို ရွာရခက္တယ္ဆိုသည့္အလား မင္းက ကိုယ့္ဘဝထဲတင္မက ကိုယ့္မ်က္စိေရ႔ွကပါ ေပ်ာက္ကြယ္ပစ္ခဲ့တယ္။

ကိုယ့္ႏွလံုးသားထဲမွာေတာ့ မင္းေပ်ာက္မသြားႏိုင္ဘူးဆိုတာ မင္းေလး သိပံုမရခဲ့ဘူးထင္ပါတယ္။

Xiao Zhan သူ႔ေဘးက ေခါင္းအံုးေလးကို ဆြဲယူနမ္းရိႈက္ရင္း မ်က္ရည္တို႔ အသြင္သြင္က်ဆင္းေနေလသည္။

ကိုယ့္မနက္ခင္းေလးက မ်က္ရည္နဲ႔ မလႊတ္ကင္းႏိုင္တာ 5ႏွစ္တာရိွေရာေပါ့။ ဒီမ်က္ရည္ေတြက မင္းလာမွ ရပ္တန္႔ေပးမဲ့ပံုရတယ္။

အျမန္ျပန္လာေတာ့အခ်စ္ရယ္ မင္းအိမ္ျပန္လာခ်ိန္ တန္ၿပီေလ။

"ခင္မ်ား ငိုေနျပန္ၿပီလား ကြၽန္ေတာ္ အလုပ္သြားေတာ့မယ္ ခင္မ်ား အလုပ္သြားမယ္ဆို ေသာ့ခတ္သြားလိုက္"

ခေလးသိလား ခေလးရဲ့အစ္ကိုက ထင္သေလာက္လဲ မဆိုးပါဘူး။ အစကေတာ့ ကိုယ့္ကို ပစ္ပစ္ခါခါမုန္းခဲ့ေပမဲ့ အခုေတာ့ ကိုယ့္ကို ခေလးအခန္းထဲ လာအိပ္ခြင့္ေပးတယ္။ ကိုယ္5ႏွစ္လံုး အိမ္မျပန္ျဖစ္ဘူးခေလး။ မင္းသာျပန္လာရင္ ကိုယ္ခ်က္ခ်င္းေတာင္းပန္ႏိုင္ေအာင္လို႔ေလ။

မင္းကိုယ့္အနားမွာ မရိွေတာ့ေပမဲ့ မင္းအေငြ့အသက္ေတြေတာ့ ရိွေနေသးတယ္ေလ။

မင္းေလး ျပန္လာႏိုး ျပန္လာႏိုးနဲ႔ ကိုယ့္မွာလည္း တကယ္ပင္ပန္းေနပါၿပီ။ တစ္ေန့ေန့ေတာ့ ျပန္လာေလမလား ဆိုၿပီး ကိုယ္အသက္ဆက္ရင္း ေစာင့္ေနပါတယ္ဆိုတာ ခေလး သိေပးပါကြာ။

~~~~~

"ေျမးေလး တကယ္အဆင္သင့္ျဖစ္ၿပီလား
Xiao Groupမွာ သြားေဆြးေနြးဖို႔ အဆင္မေျပရင္ အဖြား ကိုယ္စလွယ္ကိုပဲလႊတ္~~~"

"ရပါတယ္အဖြား သားမသြားႏိုင္စရာအေၾကာင္းလဲမရိွပါဘူး။ ကြၽန္ေတာ္ သြားၫွိႏိုင္းေပးပါ့မယ္"

"ဒါေပမဲ့ ေျမးေလးက အခုမွ ျပန္ေရာက္တာေလကြယ္ မနက္ျဖန္သြားေဆြးေနြးမယ္ ဟင္း~~~ သား မနားေတာ့ဘူးလား"

"မနားေတာ့ပါဘူး အဖြား သားက ရပါတယ္"

Lanသခင္မႀကီးေျပာမရတဲ့အဆံုး ရင္နစ္သဲခ်ာေျမးေလးကို Xiao Groupနဲ႔  ေဆြးေနြးဖို႔ လက္ခံလိုက္ေလသည္။

"သားပင္ပန္းလာတယ္မလား နားအံုးေလသား"

"ဟုတ္ကဲ့အဖြား ဒါဆို ခြင့္ျပဳပါအံုး"

Lan သခင္မ ထြက္သြားတဲ့ သူမေျမးရဲ့ ေက်ာျပင္ေလးကို လိုက္ၾကည့္ရင္း သက္ျပင္းသာ ခ်ေနမိေလသည္။

တည္တည္ၿငိမ္ၿငိမ္နဲ႔ ကိစၥအဝဝကို ျပတ္ျပတ္သားသားနဲ႔ ဆံုးျဖတ္တတ္တဲ့ သူမေျမးကို ျမင္ရတာ ေက်နပ္မိေပမဲ့၊ ဟိုေန့က အားအင္ခ်ိနဲ႔စြာနဲ႔ သူမရင္ခြင္ထဲ ၿပိဳက်လာၿပီး ငိုယိုဝမ္းနည္းေနတဲ့ ေျမးျဖစ္သူရဲ့အျဖစ္ကို ျပန္ျမင္ေယာင္ေတာ့ သူမတကယ္မေပ်ာ္ရႊင္ႏိုင္ေတာ့။

သူမသန္မာတဲ့ရုပ္ကို ျမင္ေနရေပမဲ့
အတြင္းစိတ္ကေလးကိုပါ သူမတြဲျမင္ေနရတာေၾကာင့္ အၿပံဳးတစ္ဝက္မွာ သူမရဲ့ သက္ျပင္းခ်သံက တန္းစီပါလာတတ္ေလသည္။

"သားဘယ္ေလာက္ဖံုးဖံုး အဖြားက ျမင္ၿပီးသားပါသားရယ္"

ငါးႏွစ္ဆိုတဲ့အရာက ကိုယ္သိပ္ခ်စ္ရတဲ့ လူကို ေမ့ပစ္ဖို႔ လံုေလာက္တဲ့ အခ်ိန္မရခဲ့ဘူးထင္ပါတယ္။

~~~~~

ေရႊဘံုစံ သခင္ေလးတစ္ေယာက္ အထူးသျဖင့္ သခင္ေလး Lan Yiboရဲ့အခန္းက နန္းေတာ္အလား သန္႔ရွင္း သပ္ရပ္ ၾကည္လင္  လွပ၏။ ထိုလွပတဲ့အရာေတြနဲ႔ ကြဲထြက္စြာ ျပတင္းေပါက္ကေန အျပင္ဘက္ကို ေငးေနတဲ့ သခင္ေလးရဲ့ မ်က္လံုးေလးက လြမ္းေဆြးရိပ္တို႔ လႊမ္းၿခံဳေနေလသည္။

ဝိုင္နီတစ္ခြက္ကို လက္မွာခ်ိတ္လို႔ လိုက္ကာအနည္းငယ္သာ ဟထားတဲ့ အခန္းထဲမွာ သူရပ္ေနတယ္။

ဝိုင္ေလးေတြက ရစ္မူးေစေပမဲ့ ရင္ခုန္ဖို႔ေကာင္းလြန္းတယ္။ စြဲမက္စရာေလး။

ကိုကို အခုကြၽန္ေတာ္ ဒီေျမကို တစ္ဖန္ျပန္ေရာက္လာၿပီ။ ခင္မ်ား အဆင္ေျပတယ္မလား။

"ဒီေန့လည္း ခင္မ်ားအဆင္ေျပတယ္မလား"

ငါေန့တိုင္း ဒီစကါးကို ေျပာေပမဲ့ ေလေျပေတြက မင္းကိုေတာ့ ျပန္မေျပာျပဘူးထင္ပါတယ္။ ငါ့ရဲ့ခ်စ္ခဲ့ဖူးေသာ~~~။


ျပန္လာပါပီေနာ္Ficေလးကိုေစာင့္ၿပီးဖတ္ေပးတဲ့႔လူေတအကုန္လံုးေက်းဇူးတင္ပါတယ္

Continue Reading

You'll Also Like

805K 49.1K 114
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
2.3M 119K 65
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
1.1M 59.2K 37
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
Fake Love By :)

Fanfiction

149K 3.5K 50
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...