Triangle {Completed}

By SebaekVkook9461

282K 21.9K 2.7K

Xiao Zhan - များစွာသော အတုအယောင်တွေကြား စစ်မှန်တဲ့မင်းကိုသာ ငါအချစ်ဆုံး Yibo - ချစ်စရာလူများနေရင်တောင် ကျွန်တ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Not Update
Part-7
No Update
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Apologize
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part_23
Part-24
Part-25
Part-26
Part-27
Part-28
Part-30
Part-31
Not Update
Part-32
Part-33
Sorry
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50(Final)
EXTRA
Extra-2
Final Extra
❗❗

Part-29

4.5K 378 133
By SebaekVkook9461

Unicode

ရုတ်တရက် လဲကျသွားတဲ့ Yiboကြောင့် Xiao Zhanတစ်ယောက် နှလုံးခုန်နှုန်းတွေ ရပ်တန့်သွားသည့်အလား အသက်တောင် ဝဝမရူနိုင်တော့။

"ခလေး!! ခလေး ခလေး!"

Xiao Zhan Yiboကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းတော့ သတိမေ့နေတဲ့ Yiboက သူ့ရင်ခွင်ထဲ ပြိုကျလာလေသည်။

အသိစိတ်ကင်းမဲ့နေတဲ့ Xiao Zhan​က
သူကိုယ္တိုင်ပဲ Yiboကို ဆေးရုံရောက်သည်ထိ ပွေ့ဖက်နေတာ သတိမထားမိသလို မျက်ရည်တွေ တာကျိုးသလို ကျဆင်းနေတာကိုလည်း သူသတိမထားမိတော့။

တောင်းပန်ပါတယ်လို့သာ အခေါက်ခေါက်အခါခါရေရွတ်နေတာက
တကယ် အရူးတစ်ယောက်လိုပင်။

ခွဲစိတ်ခန်းရှေ့မှာရပ်လို့ Xiao Zhanမှာ
ဟိုလျှောက်ဒီလျှောက်နဲ့ တကယ်ကို စိတ်မငြိမ်နိုင်ဖြစ်နေရလေသည်။

"ခလေး ကိုယ်တောင်းပန်ပါတယ် တကယ် မရည်ရွယ်ခဲ့ပါဘူး။ ခလေး ဘာမှ မဖြစ်လိုက်ပါနဲ့"

နှုတ်မှာလည်း Yiboအတွက် တစ်တွတ်တွတ်ရေရွတ်ဆုတောင်းနေသလိုလက်နှစ်ဖက်ကိုလည်း အချင်းချင်းပွတ်သပ်လို့ သူ့ရဲ့ မတည်ငြိမ်ကို စိတ်ကို အတင်းတွေ ဖိချုပ်နေရလေသည်။

"Yibo Yibo! "

လူကိုတောင်မတွေ့ရသေးပဲ စိုးရိမ်တကြီးအသံနဲ့ရောက်လာသူ Seoun Youn။

"Yibo~~~"

"Seoun Youn shi"

"Xiao Zhan ညီက ဘယ်လိုဖြစ်တာလဲ? ဘာလို့ ဒီအခြေအနေထိ ရောက်သွားရတာလဲ?"

မဖုံးကွယ်လိုတော့တဲ့ Xiao Zhanက Seoun Younကို အစကနေအဆုံး ပြောပြတော့ ဒေါသမထိန်းနိုင်တော့တဲ့ Seoun Younက~~~

ခွပ်!!!

ခွပ်ခနဲ မြည်သံနဲ့အတူ Xiao Zhanလည္း
နောက်သို့ တစ်ချက်ယိုင်သွားရလေသည်။

အဆိုးဆုံးအခြေအနေထိ တွက်ထားပြီးသားမို့ Xiao Zhan က ကျေနပ်နေပုံတောင် ထွက်နေလေသည်။

"မင်းထွက်သွား! မဟုတ်ရင် မင်းငါ့လက်နဲ့ သေတော့မယ်~~~ မင်းမလို့! မင်းမလို့ သူ့ကို လုပ်ရက်တယ်။ သူ့အချစ်ကိုမှ ကစားစရာအဖြစ် ဟက်! မင်းသိပ်မိုက်တယ် Xiao Zhan! သိပ်ကို ဖြူစင်လွန်းတဲ့ အဲ့ဒီကလေးကိုလေ မင်းမို့လို့ ကစားရက်တယ်!!
မိန်းခလေးတစ်ယောက်ကြောင့်နဲ့လေ သူ့ရဲ့အချစ်ကို မင်းကစားတယ်။

ဟဟ မင်းသိလား? အဲ့ဒီ Wang Yibo ဆိုတဲ့ ငါ့ညီက မင်းကို ဘယ်လောက်တောင် ချစ်တယ် ဆိုတဲ့အကြောင်းကိုလေ။ ဟက်! မင်း ရူးတောင်သွားအုံးမယ်!

မင်းအခုငါ့ရှေ့ကနေထွက်သွားတော့! မဟုတ်ရင် ငါမင်းကို သတ်မိတော့မယ်!"

Seoun Younစကားကို နားထောင်ရင်း Xiao Zhan ခေါင်းတခါခါနဲ့သာ အသံတိတ်နေရာမှ ရှိုက်သံရောယှက်နေတဲ့ အသံလေးနဲ့~~~

"မင်းစိတ်ကြိုက် ငါ့ကို ရိုက်နိုင်တယ် ငါပြန်မချဘူးလို့ ကတိပေးတယ္။ ငါတကယ်မရည်ရွယ်ပါဘူး။ ဒါပေမဲ့ အခုချိန် ငါတကယ္ ခလေးကို ချစ်မိသွားပြီမို့ ငါ့ကို နှင်မထုတ်ပါနဲ့နော်"

"မင်းသွားတော့! Xiao Zhan!"

"မသွားဘူးကွ! ငါ့ခလေးက အထဲမှာ ငါစိတ်မချဘူး မင်းငါ့ကိုသွားစေချင်ရင် သေအောင်သာ သတ်သွားလိုက်! ငါမသွားဘူး"

"ကျစ်! မင်း~~~"

Seoun Younစကားပင်မဆုံးလိုက် ဆရာဝန်ထွက်လာတာကိုတွေ့တော့
Yiboအခြေအနေကိုမေးဖို့ သူတို့နှစ်ယောက်လုံးဟာ ဆရာဆီ ရုတ်တရက် ချည်းကပ်သွားလေသည်။

"ဆရာ ဆရာ ခ ခလေး ခလေးအခြေအနေ သူ သူ ဘာ ဘာမှ မဖြစ်ဘူးမလား ဆရာ"

"ဆရာ ကျွန်တော့်ညီအခြေအနေ"

"ဟုတ်ကဲ့ လူနာက အစာမရှိပဲ အရက်တွေ သောက်ထားတာကြောင့် ဗိုက်နာတာပါ။ ပြီးတော့ လူနာက အရမ်းအားနည်းနေတာကြောင့်ရော အရက်အရှိန်ကြောင့်ရော မူးလဲသွားတာပါ။ မကြာခင် ပြန်သတိရလာမှာပါ။အခုတော့ လူနာဘေးကင်းပြီမို့ ခဏနေ ရိုးရိုးခန်းပြောင်းပေးမှာပါဗျာ"

"ကျေးဇူးတင်ပါတယ် ဆရာ တကယ် ကျေးဇူးတင်ပါတယ်"

~~~~~

"ခလေး ကိုယ်တောင်းပန်ပါတယ် မြန်မြန်သတိရလာပါတော့နော် ကိုယ်လေ ခလေးကို ပြောစရာအများကြီးရှိနေတာ။ ကိုယ့်ကို ခွင့်လွှတ်ပါ ခလေးရယ်"

Xiao Zhan သတိမရသေးတဲ့ Yibo လက်ကို ကိုင်ယူလို့ ပါးပြင်မှာကပ်ရင်း တီးတိုးစကားဆိုနေလေသည်။

ချလပ်

တံခါးခေါက်သံမပါ ပါပဲ အခန်းထဲ ဝုန်းခနဲ ဝင်လာသူက နှစ်ယောက်မရှိတဲ့ Kim Hae Yeon ပင်ဖြစ်သည်။

ကုတင်ပေါ်မှာ ဖျော့တော့စွာလှဲနေတဲ့ Yiboကိုတွေ့တော့ Hae Yeon ထွက်လာတဲ့ဒေါသတွေကို အားအင်အပြည့်နဲ့ လက်ဖဝါး တစ်ချက်က Xiao Zhan မျက်နှာပေါ် ဖြန်းခနဲ ရောက်ချသွားလေသည်။

"နင်ရူးနေတာလား Xiao Zhan!  ဘာလို့ Yiboအပေါ် ဒီလေါက်တောင် လုပ်ရက်ရတာလဲ"
"နင့်ကြောင့်လေ!"

Xiao Zhan စကားကြောင့် Hae Yeon ပြောစကားပျောက်ရှသွားသလို လူပါ မျက်လုံးပြူးသွားရလေသည်။

"ငါကြောင့် ဟုတ်လား! ငါက~~~"

"မင်းကြောင့် ငါ့ကို ချစ်မိအောင်လုပ်ပြီး
ငါ့ချစ်သူအဖြစ် ရှိမနေပေးခဲ့တဲ့နင်။
လူဘုံအလယ်မှာ ငါ့အသည်းကို ခွဲသွားတဲ့နင်!! "

"နင်ရူးနေတာလား ငါ့မှနင့်ကို မချစ်တာ
ဘယ်လိုလုပ်နင့်ကို ပြန်ချစ်ရမှာလဲ ပြီးတော့ အချိန်တွေလည်းကြာ~~~"

"ငါဂရုမစိုက်ဘူး! ငါ့ကို ဂရုမစိုက်တဲ့မင်းကို
မင်းချစ်ရသူကို နှိပ်စက်ပြီး မင်းကို နာကျင်စေတာ ဘယ်လောက်တောင် ပျော်လိုက်လဲ။ ဟက်! သူအခုလို ဖြစ်နေတာ မင်းကြောင့် မှတ်ထားလိုက် မင်းကြောင့်!!!"

ဒါပေမဲ့ အခုတော့ သူကငါ့အပိုင် ငါ့ချစ်သူ ငါသိပ်ချစ်ရသူဆိုပြီး Xiao Zhan ဆက်မပြောမိတာ အမှားတစ်ခုဖြစ်သွားတယ် ဆိုတာ ကြိုသိခဲ့ရင်~~~~

ဟိန်းခနဲ ထွက်သွားတဲ့ Xiao Zhanအသံနဲ့အတူ Hae Yeonလည်း ကြောက်ရုပ်လို တောင့်တောင့်ကြီး ဖြစ်နေလေသည်။

အိမ်ကို ပစ္စည်းပြန်သယ်ပြီးပြန်ရောက်လာတဲ့ Seoun Younလည်း ထိုအငြင်းအခုံစကားတွေကို ကြားတော့ တံခါးအပြင်ဘက်မှာတင် ရပ်လို့ အတွေးတို့ကို နယ်ချဲ့နေလေသည်။

သခင်ဖြစ်သူရဲ့ နားထင်ကို ဖြတ်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ ပြေးဆင်းသွားတဲ့ တစ်စုံတစ်ယောက်ရဲ့ မျက်ရည်စက်ကိုတော့
သူတို့သတိမထားမိကြပေ။

တကယ်တော့ ကျွန်တော်က သူတို့ရဲ့အချစ်ကြားက မြေဇာပင် တဲ့လား?


တောင်းပန်ပါတယ်နောက်ကျသွားလို့
ပျော်ရွှင်စရာလပြည့်ညလေးပါနော်အားလုံး

~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi



"ခလေး!! ခလေး ခလေး!"







"Yibo Yibo! "


"Yibo~~~"

"Seoun Youn shi"



ခွပ်!!!

ခွပ်ခနဲ မြည်သံနဲ့အတူ Xiao Zhanလည်း






"မင်းစိတ်ကြိုက် ငါ့ကို ရိုက်နိုင်တယ် ငါပြန်မချဘူးလို့ ကတိပေးတယ်။ ငါတကယ်မရည်ရွယ်ပါဘူး။ ဒါပေမဲ့ အခုချိန် ငါတကယ် ခလေးကို ချစ်မိသွားပြီမို့ ငါ့ကို နှင်မထုတ်ပါနဲ့နော်"



"ကျစ်! မင်း~~~"






~~~~~



ချလပ်



"နင့်ကြောင့်လေ!"


"ငါကြောင့် ဟုတ်လား! ငါက~~~"







သူတို့သတိမထားမိကြပေ။




~~~~~~~~~~~~~~~~~~~~~~~~~~~~

Continue Reading

You'll Also Like

94.9K 2.4K 12
Bbrae. Raven is at her weakest state and it is Beast boy's job to protect her
58.7K 6.5K 37
Rashi ba shi kaɗai yake samar da giɓi a rayuwa ba. Wani yana doron ƙasa amma dalilai kan sa wanzuwarsa ta kasa amfanar da makusantansa. Me zai faru d...
1.1M 59.5K 37
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
Fake Love By :)

Fanfiction

152K 3.5K 50
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...