Unicode
"ကိုကို သက်သာလာရဲ့လားဟင်"
"ကိုကို ဘယ်လိုနေသေးလဲ"
"ကိုကို အဆင်မပြေသေးဘူးလား"
"ကိုကို စာပြန်အုံး"
"ကိုကို ခင်များနေကောင်းပြီလား"
reply မရှိတဲ့ message၊ ဖြေကြားသူမရှိတဲ့
Phone Callကို Yibo အတန်ကြာ ဖုန်းဆက္နေမိလေသည်။
တစ်ဖက်လူကတော့ စိတ်မာစွာပဲ
သူ့ကို ဘာမှအရေးမစိုက်ခဲ့ပေ။
မိနစ်ခြားတစ်ခါ တုန်ခါနေတဲ့
ဖုန်းကို Xiao Zhan စိုက်ကြည့်နေရင်းသာ
မဲ့ပြုံးတစ်ခု ပြုံးလိုက်လေသည်။
ညဘက်ထိ ဆက်ကြည့်ပေမဲ့ ဖြေသူမရှိတဲ့
တစ်ဖက်ဖုန်းကြောင့် Yibo ညလယ္ရောက်သည္ထိ အိပ်မပျော်ခဲ့ပေ။ မနက် တစ်နာရီကျော်မှာ မှေးခနဲ ဖြစ္သွားပေမဲ့ ထွက်ပေါ်လာတဲ့ ဖုန်းသံကြောင့် လူက မျက်လုံးပြဴးမျက်ဆံပြူးနဲ့ ချက်ချင်းထထိုင်လို့ လက်ထဲကဖုန်းကိုလည်း ကိုင်ပြီးသားဖြစ်လေသည်။
Yibo ပြုံးရွှင်စွာနဲ့ပဲ~~~
"ဟဲလို ကိုကို ကိုကို~~~"
တစ်ဖက်ရဲ့ စကားသံက Yiboကို
ငြိမ်သက်နိုင်စွမ်းအပြည့်ရှိသည်။
Clubမှာတဲ့ ပြီးတော့ လူသူမသိအောင်ကို
မူးနေပြီတဲ့ ကိုကိုဘာဖြစ်တာလဲ။
အနွေးထဲကို အမြန်ဆွဲယူလို့ တစ်ဖက်ကသူပြောလာတဲ့ လိပ်စာအတိုင်းကိုသာ Yibo အပြေးအလွှားနဲ့ရောက်သွားလေသည်။
"ကိုကို ကိုကို ကိုကို"
သူClubကို ရောက်ရောက်ချင်း ထွက်လာတဲ့
စကားက ကိုကိုတဲ့။ သူဘယ်လောက်စိတ်ပူနေကြောင်းကို မျက်နှာလေးကို ကြည့်လိုက်ရုံနဲ့ သိသာ၏။
တွေ့ပါပြီ။ ကိုကိုက ခုံပေါ်မှာမောက်နေပြီး
waiter တစ်ယောက်က ကိုကို့ဘေးမှာ ရပ်စောင့်နေတာပဲ။ ဘယ်လောက်တောင် သောက်လိုက်တာလဲ ကိုကိုရာ။
Yibo အမြန်ပဲ Xiao Zhanနားပြေးသွားပြီး~~~
"ကိုကို ကိုကို"
"အဲ့အကိုရဲ့ဖုန်းပါ ဆရာ ခွင့်ပြုပါအုံး"
သူ Xiao Zhanကို လှုပ်နိုးနေတုန်း
ဖုန်းကိုလှမ်းပေးရင်း နှုတ်ဆက်လာတဲ့
waiter ကောင်လေးကို သူခေါင်းညိတ်ခြင်းသာ အသိအမှတ်ပြုနိုင်တော့သည်။
"ကိုကို ဘာလို့ဒီလေါက်တောင် သောက်ရတာလဲ လာပါ ပြန်ကြမယ်"
"ဟင် မင်းက ဘယ်သူလဲ? ဖယ်စမ်း!!"
မူးနေတဲ့ Xiao Zhanက သူကိုဆွဲထူနေတဲ့ Yiboကို ဒေါသတကြီးနဲ့ အော်ပြီး တွန်းထုတ်လိုက်လေသည်။
"အ့!!"
ဆွဲထူဖို့သာ အားသန်နေတဲ့ Yiboက Xiao Zhanရဲ့ လုပ်ရပ်ကို သတိမထားနိုင်ဖြစ်သွားတာကြောင့် Xiao Zhanအားကို မတားနိုင်ပဲ
နောက်သို့ လှန်ကျသွားလေသည်။ ကြမ်းပြင်ကို လက်ဖြင့်အားနဲ့ ထောက်မိသွားတာကြောင့် Yiboရဲ့ လက်ကောက်ဝတ်ဖွေးဖွေးက ချက်ချင်းဆိုသလို နီရဲသွားရလေသည်။
ချက်ချင်းဝဲတက်လာတဲ့ မျက်ရည်ကို မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်နဲ့ Yibo အမြန်ပင် သိမ်းဆည်းလို့ Xiao Zhanကိုသာ ဆွဲထူနေပြန်သည်။
"လာပါ ကိုကိုရယ် အိမ်ပြန်မယ်လေနော်"
ဒီတစ်ခေါက်မှာတော့ Xiao Zhanက Yiboကို တွန်းမထုတ်ပဲ Yibo မျက်နှာကို အုပ်ကိုင်ရင်း ရီဝေဝေနဲ့~~~
"Yiboလား ဟင်? Yiboလား ဟက်! ဘယ်လိုဖြစ်နိုင်မှာလဲ?"
Xiao Zhanထိုသို့ပြောပြီး တစ်ဖက်သို့ လှည့်ရင်း မှောက်အိပ်ဖို့ ကြံနေပြန်သည်။
Yibo Xiao Zhanရဲ့လက်မောင်းကို အမြန်ဆွဲယူပြီး~~~
"Yiboလေ ကိုကို Yiboပါ"
"မဖြစ်နိုင်ဘူး သူလားငါ့ဆီလာမှာ သူမအားဘူး သူအဲ့ကောင်မနဲ့ပဲရှိနေတာ ဖယ်စမ်း!"
Xiao Zhanထိုသို့ ပြောပြီး Yiboကို တွန်းထုတ်လိုက်ပြန်သည်။ အားသိပ်မပါ၍လား Yiboလှဲကျလောက်ထိတော့ အားမပြင်းခဲ့။
"ကျွန်တော်ဘယ်ကောင်မနဲ့မှ ရှိမနေပါဘူး ကိုကိုရာ ထပါဗျာ ပြန်ကြမယ်"
ရှိုက်သံမထွက်အောင် ထိန်းရင်းသာ Yibo Xiao Zhanကို ဆွဲထူသည်။
ကျွန်တော်ဘာဖြစ်နေမှန်းမသိဘူး ငိုချင်နေတာပဲသိတယ်။ ဖြစ်နိုင်တယ် ကျွန်တော်ရူးသွားပြီထင်တယ်။ ကိုကိုက ကျွန်တော့်အပေါ် မယုံကြည်တာလား။
Xiao Zhanဟာ လိမ်လိမ်မာမာနဲ့ပဲ Yibo ပုခုံးကိုမှီလို့ Yibo ခေါ်လာရာလမ်းအတိုင်းကို လိုက်လာလေသည်။
အပြင်ဘက်ရောက်တော့ လေအေးတွေတိုက်နေပြီဖြစ်တာကြောင့် Yibo Xiao Zhanကိုကြည့်လိုက်တော့ ဝတ်ထားတာကလည်း ပါးပါးလေးရယ်။
"ကျစ်! အေးနေတော့မှာပဲ"
"ကိုကို ဒီမှါခဏ မှီထားအုံး"
Yibo သူ့အနွေးထည်ကို ချွတ်ပြီး Xiao Zhanကို ဝတ်ပေးလိုက်ပြန်သည်။ ထိုချိန်မှာ ရုန်းလာတဲ့ Xiao Zhanကြောင့် Yiboမှာ ဝတ်ပေးရမလွယ်ကူခဲ့။
"ဖယ် ငါ့ကိုလာမရှုပ်နဲ့။ ချစ်သူကတောင် ပစ်ထားတာဖယ်"
"ချစ်သူ"
Yibo အမူးသမားရဲ့စကားကို သံယောင်လိုက်ပြန်တော့ Xiao Zhanက~~~
"ငါ့ချစ်သူလေ Wang Yibo ငါ့ကိုမချစ်ဘူး။ ဟိုကောင်မနဲ့ နီးနီးကပ္ကပ္မနေပါနဲ့ဆိုတာကို နီးဖြစ်အောင်ကို နီးနေသေးတယ်"
Xiao Zhanရဲ့ စကားအဆုံးမှာ Yiboရဲ့ မျက်ရည်က ဖိတ်ခေါ်စရာမလိုပဲ
ကြွေလွှင့်၏။
"ကျွန်တော်ကိုကို့ိကိုပဲ ချစ်တာပါ"
Yiboရဲ့စကားတိုးတိုးအဆုံးမှာ Xiao Zhanက ရုန်းကန်ခြင်းမရှိ သေချာကြည့်တော့ အိပ်ပျော်နေလေပြီ။
Taxi လည်း ဒီညမှ ရှားလို့ ရှာတောင်မရတော့။ မူးနေတဲ့ ကောင်လေးတစ်ယောက်ကို မနိုင်မနင်းနဲ့ သယ်သွားတဲ့ ကောင်လေးတစ်ယောက်ပုံရိပ်က ညချမ်းတစ်ခုမှာ အကျည်းတန်စေသည်။
ဟင့်ယူလေးတို့ကနည်းနည်းလောက်သဘောကောင်းလိုက်ရင်FBကနည်းနည်းသွားတယ်
Zawgyi
"ကိုကို သက္သာလာရဲ့လားဟင္"
"ကိုကို ဘယ္လိုေနေသးလဲ"
"ကိုကို အဆင္မေျပေသးဘူးလား"
"ကိုကို စာျပန္အံုး"
"ကိုကို ခင္မ်ားေနေကာင္းၿပီလား"
reply မရိွတဲ့ message၊ ေျဖၾကားသူမရိွတဲ့
Phone Callကို Yibo အတန္ၾကာ ဖုန္းဆကၷေမိေလသည္။
တစ္ဖက္လူကေတာ့ စိတ္မာစြာပဲ
သူ႔ကို ဘာမွအေရးမစိုက္ခဲ့ေပ။
မိနစ္ျခားတစ္ခါ တုန္ခါေနတဲ့
ဖုန္းကို Xiao Zhan စိုက္ၾကည့္ေနရင္းသာ
မဲ့ၿပံဳးတစ္ခု ၿပံဳးလိုက္ေလသည္။
ညဘက္ထိ ဆက္ၾကည့္ေပမဲ့ ေျဖသူမရိွတဲ့
တစ္ဖက္ဖုန္းေၾကာင့္ Yibo ညလယ္ေရာက္သညၴိ အိပ္မေပ်ာ္ခဲ့ေပ။ မနက္ တစ္နာရီေက်ာ္မွာ ေမွးခနဲ ျဖစ္သြားေပမဲ့ ထြက္ေပၚလာတဲ့ ဖုန္းသံေၾကာင့္ လူက မ်က္လံုးျပဴးမ်က္ဆံျပဴးနဲ႔ ခ်က္ခ်င္းထထိုင္လို႔ လက္ထဲကဖုန္းကိုလည္း ကိုင္ၿပီးသားျဖစ္ေလသည္။
Yibo ၿပံဳးရႊင္စြာနဲ႔ပဲ~~~
"ဟဲလို ကိုကို ကိုကို~~~"
တစ္ဖက္ရဲ့ စကားသံက Yiboကို
ၿငိမ္သက္ႏိုင္စြမ္းအျပည့္ရိွသည္။
Clubမွာတဲ့ ၿပီးေတာ့ လူသူမသိေအာင္ကို
မူးေနၿပီတဲ့ ကိုကိုဘာျဖစ္တာလဲ။
အေနြးထဲကို အျမန္ဆြဲယူလို႔ တစ္ဖက္ကသူေျပာလာတဲ့ လိပ္စာအတိုင္းကိုသာ Yibo အေျပးအလႊားနဲ႔ေရာက္သြားေလသည္။
"ကိုကို ကိုကို ကိုကို"
သူClubကို ေရာက္ေရာက္ခ်င္း ထြက္လာတဲ့
စကားက ကိုကိုတဲ့။ သူဘယ္ေလာက္စိတ္ပူေနေၾကာင္းကို မ်က္ႏွာေလးကို ၾကည့္လိုက္ရံုနဲ႔ သိသာ၏။
ေတြ့ပါၿပီ။ ကိုကိုက ခံုေပၚမွာေမာက္ေနၿပီး
waiter တစ္ေယာက္က ကိုကို႔ေဘးမွာ ရပ္ေစာင့္ေနတာပဲ။ ဘယ္ေလာက္ေတာင္ ေသာက္လိုက္တာလဲ ကိုကိုရာ။
Yibo အျမန္ပဲ Xiao Zhanနားေျပးသြားၿပီး~~~
"ကိုကို ကိုကို"
"အဲ့အကိုရဲ့ဖုန္းပါ ဆရာ ခြင့္ျပဳပါအံုး"
သူ Xiao Zhanကို လႈပ္ႏိုးေနတုန္း
ဖုန္းကိုလွမ္းေပးရင္း ႏႈတ္ဆက္လာတဲ့
waiter ေကာင္ေလးကို သူေခါင္းညိတ္ျခင္းသာ အသိအမွတ္ျပဳႏိုင္ေတာ့သည္။
"ကိုကို ဘာလို႔ဒီေလါက္ေတာင္ ေသာက္ရတာလဲ လာပါ ျပန္ၾကမယ္"
"ဟင္ မင္းက ဘယ္သူလဲ? ဖယ္စမ္း!!"
မူးေနတဲ့ Xiao Zhanက သူကိုဆြဲထူေနတဲ့ Yiboကို ေဒါသတႀကီးနဲ႔ ေအာ္ၿပီး တြန္းထုတ္လိုက္ေလသည္။
"အ့!!"
ဆြဲထူဖို႔သာ အားသန္ေနတဲ့ Yiboက Xiao Zhanရဲ့ လုပ္ရပ္ကို သတိမထားႏိုင္ျဖစ္သြားတာေၾကာင့္ Xiao Zhanအားကို မတားႏိုင္ပဲ
ေနာက္သို႔ လွန္က်သြားေလသည္။ ၾကမ္းျပင္ကို လက္ျဖင့္အားနဲ႔ ေထာက္မိသြားတာေၾကာင့္ Yiboရဲ့ လက္ေကာက္ဝတ္ေဖြးေဖြးက ခ်က္ခ်င္းဆိုသလို နီရဲသြားရေလသည္။
ခ်က္ခ်င္းဝဲတက္လာတဲ့ မ်က္ရည္ကို မ်က္ေတာင္ေလး ပုတ္ခတ္ ပုတ္ခတ္နဲ႔ Yibo အျမန္ပင္ သိမ္းဆည္းလို႔ Xiao Zhanကိုသာ ဆြဲထူေနျပန္သည္။
"လာပါ ကိုကိုရယ္ အိမ္ျပန္မယ္ေလေနာ္"
ဒီတစ္ေခါက္မွာေတာ့ Xiao Zhanက Yiboကို တြန္းမထုတ္ပဲ Yibo မ်က္ႏွာကို အုပ္ကိုင္ရင္း ရီေဝေဝနဲ႔~~~
"Yiboလား ဟင္? Yiboလား ဟက္! ဘယ္လိုျဖစ္ႏိုင္မွာလဲ?"
Xiao Zhanထိုသို႔ေျပာၿပီး တစ္ဖက္သို႔ လွည့္ရင္း ေမွာက္အိပ္ဖို႔ ႀကံေနျပန္သည္။
Yibo Xiao Zhanရဲ့လက္ေမာင္းကို အျမန္ဆြဲယူၿပီး~~~
"Yiboေလ ကိုကို Yiboပါ"
"မျဖစ္ႏိုင္ဘူး သူလားငါ့ဆီလာမွာ သူမအားဘူး သူအဲ့ေကာင္မနဲ႔ပဲရိွေနတာ ဖယ္စမ္း!"
Xiao Zhanထိုသို႔ ေျပာၿပီး Yiboကို တြန္းထုတ္လိုက္ျပန္သည္။ အားသိပ္မပါ၍လား Yiboလွဲက်ေလာက္ထိေတာ့ အားမျပင္းခဲ့။
"ကြၽန္ေတာ္ဘယ္ေကာင္မနဲ႔မွ ရိွမေနပါဘူး ကိုကိုရာ ထပါဗ်ာ ျပန္ၾကမယ္"
ရိႈက္သံမထြက္ေအာင္ ထိန္းရင္းသာ Yibo Xiao Zhanကို ဆြဲထူသည္။
ကြၽန္ေတာ္ဘာျဖစ္ေနမွန္းမသိဘူး ငိုခ်င္ေနတာပဲသိတယ္။ ျဖစ္ႏိုင္တယ္ ကြၽန္ေတာ္ရူးသြားၿပီထင္တယ္။ ကိုကိုက ကြၽန္ေတာ့္အေပၚ မယံုၾကည္တာလား။
Xiao Zhanဟာ လိမ္လိမ္မာမာနဲ႔ပဲ Yibo ပုခံုးကိုမွီလို႔ Yibo ေခၚလာရာလမ္းအတိုင္းကို လိုက္လာေလသည္။
အျပင္ဘက္ေရာက္ေတာ့ ေလေအးေတြတိုက္ေနၿပီျဖစ္တာေၾကာင့္ Yibo Xiao Zhanကိုၾကည့္လိုက္ေတာ့ ဝတ္ထားတာကလည္း ပါးပါးေလးရယ္။
"က်စ္! ေအးေနေတာ့မွာပဲ"
"ကိုကို ဒီမွါခဏ မွီထားအံုး"
Yibo သူ႔အေနြးထည္ကို ခြၽတ္ၿပီး Xiao Zhanကို ဝတ္ေပးလိုက္ျပန္သည္။ ထိုခ်ိန္မွာ ရုန္းလာတဲ့ Xiao Zhanေၾကာင့္ Yiboမွာ ဝတ္ေပးရမလြယ္ကူခဲ့။
"ဖယ္ ငါ့ကိုလာမရႈပ္နဲ႔။ ခ်စ္သူကေတာင္ ပစ္ထားတာဖယ္"
"ခ်စ္သူ"
Yibo အမူးသမားရဲ့စကားကို သံေယာင္လိုက္ျပန္ေတာ့ Xiao Zhanက~~~
"ငါ့ခ်စ္သူေလ Wang Yibo ငါ့ကိုမခ်စ္ဘူး။ ဟိုေကာင္မနဲ႔ နီးနီးကပၠပၼေနပါနဲ႔ဆိုတာကို နီးျဖစ္ေအာင္ကို နီးေနေသးတယ္"
Xiao Zhanရဲ့ စကားအဆံုးမွာ Yiboရဲ့ မ်က္ရည္က ဖိတ္ေခၚစရာမလိုပဲ
ေႂကြလႊင့္၏။
"ကြၽန္ေတာ္ကိုကို႔ိကိုပဲ ခ်စ္တာပါ"
Yiboရဲ့စကားတိုးတိုးအဆံုးမွာ Xiao Zhanက ရုန္းကန္ျခင္းမရိွ ေသခ်ာၾကည့္ေတာ့ အိပ္ေပ်ာ္ေနေလၿပီ။
Taxi လည္း ဒီညမွ ရွားလို႔ ရွာေတာင္မရေတာ့။ မူးေနတဲ့ ေကာင္ေလးတစ္ေယာက္ကို မႏိုင္မနင္းနဲ႔ သယ္သြားတဲ့ ေကာင္ေလးတစ္ေယာက္ပံုရိပ္က ညခ်မ္းတစ္ခုမွာ အက်ည္းတန္ေစသည္။
ဟင့္ယူေလးတို႔ကနည္းနည္းေလာက္သေဘာေကာင္းလိုက္ရင္FBကနည္းနည္းသြားတယ္