Triangle {Completed}
Por SebaekVkook9461
283K 21.9K 2.7K
Xiao Zhan - များစွာသော အတုအယောင်တွေကြား စစ်မှန်တဲ့မင်းကိုသာ ငါအချစ်ဆုံး Yibo - ချစ်စရာလူများနေရင်တောင် ကျွန်တ... Más
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Not Update
Part-7
No Update
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Apologize
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part_23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Not Update
Part-32
Part-33
Sorry
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50(Final)
EXTRA
Extra-2
Final Extra
❗❗
Part-22
4K 337 49
Por SebaekVkook9461
Unicode
အခန်းထဲရောက်တော့ Xiao Zhanက Hae Yeonနဲ့ Yiboကြားကို ဝင်ထိုင်ပလိုက်လေသည်။
Yiboကတော့ ဘာမှမတတ်နိုင်စွာပဲ Haeကို အားနာတဲ့မျက်ဝန်းနဲ့သာ ကြည့်နေရလေသည်။ ဘယ်လိုပဲပြောပြော Hae Yeonက သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းမလေးမလား။
သူထိုအခြေအနေရောက်နေတာတောင် သူXiao Zhanကို စိတ်မဆိုးဖြစ်ခဲ့။ Xiao Zhanသူတို့ကြားဝင်ထိုင်ပြီး ကျေကျေနပ္နပ်ကြီးသူ့ကိုပြုံးပြပြန်တော့ သူ့မှာပျော်ရွှင်ရပြန်သည်။
ဘယ်လိုပဲဖြစ်ဖြစ်တော့ ကိုကိုကျေနပ်ရင်
ကျွန်တော်လည်း ပျော်ပါပြီ။
Xiao Zhanအောင်နိုင်သူအပြုံးနဲ့ Haeကို ပြုံးပြတော့ Hae လေးပင်စွာပဲ မသိမသာနဲ့ ခေါင်းခါမိလေသည်။
နင်အရမ်း အညိုးကြီးတာပဲ Xiao Zhan။ ဒီကိစ္စမှာ Yiboက ဘာမှမသိဘူးလေ။
~~~~~
"ကိုကိုလာကြိုမယ်"ဆိုတဲ့ စကားကြောင့်
Yibo အိမ်ပေါက်ဝမှာ နာရီချီအောင် Xiao Zhanကို ရပ်စောင့်နေမိလေသည်။  ကျောင်းတောင်တက်ခါနီးပြီ Xiao Zhanက ရောက်မလာတာကြောင့်  Yibo စိတ်ထဲ လေးလံလာလေသည်။
"ကိုကိုဘာဖြစ်နေတာလဲမသိဘူး။ ဘာလို့ ခုထိရောက်မလာသေးတာလဲ"
နာရီလေးတစ္ကြည့်ကြည့်နဲ့ လမ်းထိပ်ကို လည်လေးတစ်ဆန့်ဆန့်နဲ့ ကြည့်ကြည့်နေတဲ့ ကောင်လေးတစ်ယောက်ရယ် သစ်ပင်အကွယ် တစ်နေရာကနေ တိတ်တိတ်လေး ရပ်နေတဲ့ကောင်လေးတစ်ယောက်ရယ် အားလုံးက အဆင်ပြေရမှာ ဖြစ်ပေမဲ့ ကမောက်ကမ ဖြစ်လွန်းသည်။
နည်းတူ ကျောင်းစာသင်ခန်းထဲကနေ ကျောင်းတံခါးဝကို လည်လေးတစ်ဆန့်ဆန့်နဲ့ ကြည့်နေတဲ့ ကောင္မလေးတစ်ယောက်လည်းရှိသည်။
"ဘာလို့ ခုထိ ရောက်မလာသေးတာလဲ Yiboရယ်။ နောက်ကျလိုက်တာ"
မဟုတ်မှ သူ့ချစ်သူနဲ့ လျှောက်လည်နေတာများလား?
သက်ပြင်းချသံတိုးတိုးရယ် ညိုးငယ်နေတဲ့ မျက်နှာလေးက Kim Hae Yeonနဲ့ လုံးဝမလိုက်ဖက်ပေ။
~~~~~
"Hello အစ်ကို မရောက်~~~"
"ကိုယ်ရုတ်တရက် နေမကောင်းချင်လာလို့ ကိုယ်ကျောင်းမလာနိုင်တော့ဘူး ခလေးစောင့်နေတုန်းလား ကိုယ်တောင်းပန်ပါတယ်"
"ကျွန်တော်မစောင့်တော့ပါဘူး ကိုကိုရဲ့ ကိုကိုဒီလေါက် နောက်ကျတာ ကျွန်တော် ကျောင်းတောင်ရောက်နေပြီ။
ဆေးသေချာသောက်ပြီး နားနော် ကျွန်တော်က စိတ်ပူတယ်"
တော်တော်နဲ့ ထွက်သွားပုံမရတဲ့ အကောင်ပေါက်ကို ကျွန်တော်ဖုန်းဆက်တော့ မစောင့်တော့ဘူးတဲ့။ ဘာလို့ညာလိုက်တာလဲ။ စောင့်တယ်ဆိုရင် စောင့်တယ်ပြောလိုက်ပေါ့။ တဟဲဟဲနဲ့ရယ်ပြလိုက်သေးတယ်။
ဒီလေါက်လေးနဲ့ မင်းက ဘာလို့ငိုတာလဲ။
ကောင်ပေါက်က ဖုန်းပြောပြီးတာနဲ့
ဖုန်းကို လွယ်အိတ်ထဲကောက်သိမ်းလို့ ခြေဖနောင့်နဲ့တင်ပါး ဆောင့်တော့မတတ် ပြေးပါတော့တယ်။
ကျွန်တော်လွန်သွားပြီလား။
~~~~~
​ျေကျာင်းတက်ချိန် တစ်ချိန်နောက်ကျလို့ Yiboတစ်ယောက် အိမ်သာသန့်ရှင်းရေးလုပ်လိုက်ရလေသည်။ အပြစ်ခံယူပြီးစီးလို့ သစ်ပင်အောက်က ခုံတန်းမှာထိုင်နေတုန်း ရေသန့်ဗူးလေးနဲ့ သူ့နားရောက်လာတဲ့ Hae Yeonက~~~
"Yibo ဒီနေ့ ဘာလို့ တစ်ချိန်တောင် နောက်ကျလိုက်တာလဲ"
"ဟီး အိပ်ယာထတာနောက်ကျလို့လေ Haeရဲ့ ညက Gameဆော့တာ နောက်ကျသွားတယ်"
"သေချာလို့လား"
ကျွန်တော့်အဖြေကို Haeက သဘောမကျပုံရတယ်။ ကျွန်တော်က အကြောင်းစုံပြောပြီး ကိုကို့မကောင်းကြောင်း ပြောမယ်တဲ့လား။ ကျွန်တော်မလုပ်နိုင်ပါဘူး။ ပြီးတော့ ကိုကိုက နေမကောင်းလို့ပဲဟာ။
"imm"
နင်ညာနေတာသိသာပါတယ် Yiboရယ် မို့အစ်နေတဲ့ မျက်ခွံလေးနဲ့ နီရဲရဲ မျက်ဝန်းလေးက သက်သေပဲ။
"ဟုတ်ပါပြီ တစ်ယောက်ယောက်က Yiboကို အနိုင်ကျင့်ရင် Haeကိုပြော Haeသူ့ကို သွားသတ်ပေးမယ်"
"ဟုတ်ပါပြီဗျာ ကျွန်တော်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးကို ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော့်ကြောင့် ရန်မဖြစ်ပါနဲ့ဗျာ"
"ဟင့် မသိဘူး Hae သိတာ Yiboစိတ်ချမ်းသာစေဖို့ပဲ"
နှစ်ယောက်သား ဟိုပြောဒီပြောနဲ့ရယ်မောနေတဲ့ ပုံတွေက ဖုန်းscreenတစ်ခုထဲ သွားပေါ်လေသည်။
"တောက်!! သနားလို့မရတဲ့ ကောင်တွေ"
"ခွမ်း!!"
Xiao Zhanရဲ့ ဒေါသကြောင့် Iphone 11 pro Maxလေးက နံရံပေါ်ပစ်ပေါက်ခံရတာကြောင့် ကြမ်းပြင်မှာ တစ်စစီကို ကွဲအက်နေလေသည်။
ငါ့မှာတော့ လွန်သွားပြီလားတွေးပူနေရတာ သူကတော့ ဟိုကောင်မနဲ့ ပျော်နေတာပဲ။
ဟက်!! မင်းနာကျင်ပြရမှာလေ ဒါမှ ဟိုလူနာကျင်မှာ။ မင်းရယ်နေလို့မရဘူး။
အံ့သြဖို့ကောင်းလွန်းတဲ့ အညိုးတွေက
နတ်ဆိုးတစ်ကောင်နှင့်တူသည်။
တွေ့တဲ့အရာတိုင်းကို သတ်ချင် ဖြတ်ချင်နေသလိုမျိုးပေါ့။
မကောင်းတဲ့ အညိုးတွေ အတ္တတွေက
လူတွေကို ပြန်လည်ဒဏ်ခတ်တတ်မှန်း
Xiao Zhanသာ သိခဲ့ရင်~~~။
စောစောupပေးမလို့ပဲYiboလေးကိစ္စတွေကြောင့်နဲနဲကြာသွားတယ်စိတ်ကအဆင်မပြေလို့
ဒါနဲ့ယူလေးတို့အရှေ့ပိုင်းက
ဝှက်ထားတာလေးရောတွေ့ကြရဲ့လား
Zawgyi
~~~~~
~~~~~
"Hello အစ်ကို မရောက်~~~"
~~~~~
"သေချာလို့လား"
"imm"
"ခွမ်း!!"
Xiao Zhanသာ သိခဲ့ရင်~~~။
Seguir leyendo
También te gustarán
1.3M 57.9K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
22.5K 1.3K 7
For Coin Campaign Donation Xz Birthday Zsww Fc Yu Yu Xiao Mei Mei Zhan Yi Aye Xiao Hong Yue✨❤️
576K 8.8K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
288K 8.6K 95
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...