Unicode
၇လွှာရှိသော မြင့်မားလှသည့်ကျောင်းတော်ကြီးသည် ပတ်ဝန်းကျင်မှာ ထင်းနေကာ ဝံ့ထည်လျှက်ရှိသည်။ တရုတ်နိုင်ငံ၏ ထိပ်တန်းစာရင်းဝင် ကျောင်းပီသစွာ၊ နာမည်ကြီး ဗိသုကာပညာရှင်က ဒီဇိုင်းဆွဲထားပြီး နံပါတ် ၁ ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်ထားသည့် ကျောင်း၏ပုံစံက ခမ်းနားသည်။ အထက်တန်းကျသည်။
လာတက်ရောက်သော ကျောင်းသူ၊ကျောင်းသားတိုင်းကလည်း အရည်အချင်းရှိသူများသာ။
ယခု ထိုကျောင်းကြီး ဖွင့်ချိန်မို့ ဝင်ပေါက်တွင် ကျောက်သားဝတ်စုံကို စမတ်ကျကျဝတ်ဆင်ထားသော ကျောင်းသား/သူတို့နှင့် ပြည့်နေသည်။
စာသင်နှစ်အစမှာတင် တစ်ခြားသောအရပ်မှ ပြောင်းလာခဲ့သူ ဝမ်ရိပေါ်ဆိုသောကောင်ကလေးသည် ကျောင်းပေါက်ဝနှင့် မလှမ်းမကမ်းမှာ ရပ်နေပြီး ကျောင်းတော်ကြီးကို ငေးကြည့်နေသည်။
ဒါက သူတက်ရမယ့်ကျောင်းတဲ့။
သူက ထူးချွန်တဲ့ကျောင်းသားမို့သာ တက်ခွင့်ရခဲ့သောကျောင်း။
မယုံနိုင်စရာကောင်းလောက်အောင် ခမ်းနားထည်ဝါတဲ့ကျောင်းရဲ့အသွင်အပြင်က သူ့ကို စိတ်လှုပ်ရှားစေလျှက်။ လက်သီးလေး တင်းနေအောင်ဆုပ်ကာ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း ဝင်သွားလိုက်သည်။
တာဝန်ရှိသူထံသွားကာ ပြောဆိုပြီးနောက် သူတက်ရမည့် အခန်းကို ခေါ်သွားခံရသည်။
“ဒါက ကျောင်းသားသစ်”
အတန်းပိုင်ဆရာ၏ မိတ်ဆက်စကားက ဤတစ်ခွန်းသာ။
ကျောင်းသားသစ်ဆိုသည်က စာသင်နှစ် စတိုင်း ရောက်လာနေကြမို့ အထူးတလှယ်မိတ်ဆက်မနေ၊ နောက်ကျ သူ့ဟာနဲ့သူ ခင်မင်သွားကြတာပဲမို့ အထွေအထူးမလုပ်ကြပါ။
“သွား ဟိုပြတင်းပေါက်ဘေးခုံလွတ်ကိုသွား”
ရိပေါ်သည် အားလုံးကို ဦးညွှတ်နှုတ်ဆက်ပြီးနောက် ပြရာခုံသို့အလာ၊ တစ်စုံတစ်ယောက်၏ ခြေထိုးခံခြင်းကြောင့် ရှေ့ဟက်ထိုးလဲကျသွားရပါ၏။
အားလုံးက တခိခိနဲ့ဝိုင်းရယ်ကျသည်။
ရှက်ရှက်နဲ့ ထပြီး ခြေထိုးလိုက်တဲ့သူကို ကြည့်တော့ သူ အံ့သြသွားရသည်။
ဒီတစ်ယောက်က...
သူအလုပ်လုပ်တဲ့ ကော်ဖီဆိုင်မှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ရသည့်တစ်ယောက်။
ယင်း "တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ရခြင်း"ကတော့ဖြင့်...
သူက ကော်ဖီဆိုင်က အဖျော်သမားကလေးအဖြစ် အချိန်ပိုင်းအလုပ်ဝင်သည်။ အဲ့ဒီ့နေ့က တိုက်တိုက်ဆိုင်ဆိုင် စာပွဲထိုးမိန်းကလေးက မလာ၍ သူက အဖျော်သမားကနေ စားပွဲထိုးဝင်လုပ်လိုက်ရသည်။
ဧည့်သည်တစ်ယောက်သောက်သွားတဲ့ ကော်ဖီခွက်ကို သိမ်းပြီး အလှည့် တိုက်တိုက်ဆိုင်ဆိုင် ဖိနပ်ကြိုးက ပြေနေပြီး တက်နင်းမိသွားသည်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ တဖက်စားပွဲက တစ်စုံတစ်ယောက်ကလည်း ဖုန်းပြောရင်း အလောတကြီးအလှည့်.... ရိပေါ်ရဲ့လက်ထဲက ကော်ဖီခွက်ထဲက အကြွင်းအကျန်ကော်ဖီလေးဟာ ထိုသူ့ပေါ်ကို တမင်တကာလှမ်းပက်လိုက်သလိုဖြစ်သွားပါလေသည်။
ထိုသူသည် ခေတ္တကြောင်အသွားပြီး နောက် ဒေါသနဲ့ တောက်ခေါက်သံကျယ်ကျယ်ထွက်လာသည်။
“မင်း!! ...”
ဆက်ပြီးရန်မတွေ့နိုင်ခင်မှာ ဖုန်းထဲကအသံကြောင့် အလောတကြီး ထွက်သွားတော့သည်။
ရိပေါ်သည် တောင်းလည်းမတောင်းပန်သလို၊ ကြောက်ရွံ့ခြင်းလည်းမရှိသည့် မျက်နှာသေအတိုင်း ဖြစ်ပျက်သွားသည်များအား ကြောင်အစွာကြည့်နေလျှက်။
ထိုတိုက်ဆိုင်ခြင်းသည် သူပြောင်းလာသည့်ကျောင်းအထိ ပါလာပေသည်။
ဓားလိုဖြောင့်တန်းနေတဲ့မျက်ခုံးတန်းက အားဖြည့်လျှက် ကြည်လဲ့သော မျက်ဝန်းနက်နက်တစ်စုံသည် စူးရှ၏။ အရိုင်းဆန်၏။ ပါးလျလျနှုတ်ခမ်းက မထီသလို တွန့်ချိုးနေသည်။ ခြုံငုံကြည့်ရလျှင် တဖက်လူ၏အသွင်သည် ရူပကာအားဖြင့် ချောမောသည့်တိုင် ခပ်ဆိုးဆိုးအကျင့်ရှိမှာက မလွဲ။
မျက်နှာသေအတိုင်း ရိပေါ်သည် လှည့်ပြီး ခုံမှာဝင်ထိုင်လိုက်သည်။ နှစ်ယောက်တွဲထိုင်ခုံ၏လွတ်နေသည့်အပိုင်းမို့ သူဝင်ထိုင်တော့ ဘေးတွင် မိန်းကလေးတစ်ယောက် ရှိနေသည်။ သူ့ကို ခြေထိုးခံတဲ့ရှေ့ကတစ်ယောက်အကြောင်းတွေးနေတာမလို့ ထိုင်ပြီးမှ မိန်းကလေးကို မြင်တော့သည်။ မိန်းကလေးက သူ့ကိုပြုံးပြသည်။
ကလေးဆန်သည့်မျက်နှာဝိုင်းငယ်ငယ်လေးနှင့် ဆံပင်ကို နှစ်ဖက်ခွဲ စည်းထားပြီး နဖူးရှေ့ ဆံမြိတ်ပါးပါးချထားသည်။ ချစ်စဖွယ်အသွင်အပြင်ကို အပြည့်ဆောင်ယူလျှက်။
သူသည် ထိုမိန်းကလေး ပြန်ပြုံးပြဖြစ်သည်။
ကောင်မလေးခမျာ တစ်ခဏ အသက်ရှုဖို့ မေ့မတက်။ ပါးလေးက ရဲလာပြီး မျက်တောင်မြန်မြန်ခက်ကာ စာအုပ်ကိုသာ အကြည့်လွှဲ ကြည့်လိုက်သည်။
ချောလိုက်တာ! ချောလိုက်တာ! ချောလိုက်တာ!!!!
ထို့နောက် ဆရာက စာစသင်ပြီမို့ အားလုံးက တိတ်ဆိတ်သွားတော့သည်။
ရိပေါ်မသိသည်က ရှေ့ကလူသည် ကော်ဖီဆိုင်တုန်းက ဖြစ်ပျက်သည့်ကိစ္စအပြင်၊ မတောင်းပန်သည့် သူ၏မျက်နှာသေပုံစံကြောင့် ပို၍ဒေါသထွက်နေပြီး တမင်လုပ်သည်ဟုထင်ကာ အတေးထားလိုက်သည့်စိတ်ကိုပင်။
****
နေ့လည်စာ စားချိန်ရောက်တော့ ရိပေါ်သည် ထမင်းထုတ်ကလေးကိုင်ကာ ကျောင်း၏ ထမင်းစားဆောင်ကို လာခဲ့သည်။ သို့ရာတွင်လည်း မိန်းကလေးများ ခြံရံလျှက် တစ်စုံတစ်ယောက်သောသူသည် သူ့ကို ဟန့်တားလာပါ၏။
ထိုသူကတော့ မလွဲဧကန် တိုက်ဆိုင်မှုများကြားက တွေ့ခဲ့ရပါသော ထိုသူ။
ဘေးနားက မိန်းမငယ်လေးတစ်အုပ်နဲ့ မြင်ကွင်းမှာ နန်းတွင်းကားထဲမှ အပျိုတော်များခြံရံနေသည့် မင်းသားတစ်ပါးအလား။ အကုန်လုံးက ထိုသူကို အရှင်သခင်လို ကြည်ညိုလေးစားနေဟန်နှင့်။
“အလို ... ဒါအသစ်လေးမလား? ဟေ့ ယူက ထမင်းစားမလို့လား?”
မိန်းကလေးတစ်ယောက်က ညူတူတူပြောလာသည်။ ရယ်စရာမပါသော်လည်း ကျန်မိန်းကလေးများက တခိခိနဲ့။ တစ်ယောက်က ဝင်ပြောပြန်သည်။
“တို့ကိုပြပါဦး၊ ဘာတွေချက်လာတာလဲ?”
ရိပေါ်သည် ကွေ့ပတ်ရှောင်ချင်သော်လည်း မိန်းကလေးတစ်သိုက်က ပိတ်ထားသည်မို့မရ။
သူသည် စကားအပြောအဆို ရေလည်သူမဟုတ်။ အမြဲတစေ သီးသန့်နေခြင်းနဲ့အကျင့်ရနေခဲ့ပြီး ယခုလို အစုလိုက်အပြုံလိုက်ကိုလည်း လုံးဝမနှစ်မြို့။ သူ၏မျက်နှာသည် တည်တံ့ဆဲ။ အကြည့်က နံရံကို ပျင်းရိလေးတွဲစွာ မှီရပ်ပြီး လက်ပိုက်ကာ သူ့ကို ခပ်ပြုံးပြုံးကြည့်နေသူဆီ ပို့ထားလျှက်။
“ဟက် ဘာလို့ တို့ရှောင်ကောကို ကြည့်နေတာလဲ?? ငါပြောနေတာ မကြားဘူးလား? ဘာလဲ နင်က ဟိုနေ့တုန်းက ကော်ဖီပက်ခဲ့တာမလောက်လို့ ထမင်းဗူးကို မှောင်ချမလို့လား?”
ကောင်မလေးအပြောကြားတော့ ရိပေါ် မျက်မှောင်ကြုံ့လိုက်သည်။ ငါ ဘယ်တုန်းက အဲ့လိုလုပ်လို့တုန်း? ပြောနေတာက တမင်လုပ်သလိုကြီးနဲ့!
“ဖြေလေဟယ်၊ နင်က အ,အလား?”
“နင့်လိုဟာကများ ရာရာစစ ..... ပေးစမ်း ...”
ခွမ်း!!
ကောင်မလေးက စိတ်မရှည်စွာ သူ့ထမင်းဗူးကိုလာလုရင်း နောက်ဆုံး ၂ယောက်လုံးလက်ထဲက လွတ်ထွက်သွားကာ ကြမ်းပြင်နဲ့မိတ်ဆက်၍ ကွဲကြေသွား၏။
အထဲက ထမင်းဖြူဖြူနဲ့ကြက်ဥကြော်လေးက ပြန့်ကျဲလို့။
ထိုဟာကိုမြင်ပြီး ကောင်မလေးတစ်ယောက်က သရော်သည်။
“ဟမ့် အ
ထိုဟာကိုမြင်ပြီး ကောင်မလေးတစ်ယောက်က သရော်သည်။
“ဟမ့် အဆင့်မရှိလိုက်ပုံများ ကြည့်ဦး”
“စိတ်ပျက်စရာကြီးပါဟယ်”
“ကောကော ညီမတို့သွားရအောင်၊ ဒီဟာလေးကို နောက်မှ ဖြည်းဖြည်းချင်းကစားကြတာပေါ့”
ကောင်မလေးတွေက တစ်ယောက်တစ်ပေါက်။
အစကနေအဆုံးထိ နံရံမှီရပ်ကြည့်နေသူသည် ထိုအခါမှ လှည့်ထွက်သွား၏။
ရိပေါ်က သူတို့ကိုကြည့်လေ ဘဝင်ရူးတွေလို့ထင်လေပဲ။
သက်ပြင်းချကာ ထမင်းတွေအသာကျုံးပြီး အမှိုက်ပုံးထဲထည့်လိုက်သည်။
သူအခန်းကို ပြန်မယ်လုပ်တော့ အတူတူထိုင်တဲ့ ချစ်စရာကလေးမလေးက သူ့ရှေ့လာရပ်ကာ သူမရဲ့လက်တွေက တဖက်ကိုတဖက် ဆုပ်ကိုင်ကစားနေရင်း ပြောလာသည်။
“ဟို ငါ့မှာ ထမင်းတွေများတယ် အတူတူစားမလား”
ရိပေါ်က ခဏ ကြည့်နေပြီး နောက်မှ ခေါင်းညိမ့်ပြတော့ ကလေးမလေးက ပျော်သွားရှာသည်။
ဖတ်မဲ့သူရှိမှဆက်Upပေးမယ်နော်ရေးချင်လာလို့3ပွင့်ဆိုင်လေး😁အရေးအသားဆိုးနေရင်လဲခွင့်လွှတ်ပေးပါ
Zawgyi
“ဒါက ကျောင်းသားသစ်”
ဒီတစ်ယောက်က...
“မင်း!! ...”
****
“ဖြေလေဟယ်၊ နင်က အ,အလား?”
ခွမ်း!!
“ဟမ့် အ