​နေရာခဏလဲချင်သည်

By Loon-L

96K 10K 4.4K

#Unicode သူ့တစ်​နေရာ ခဏတာ ဝင်လဲ၍သာ ​ကြည့်ချင်သည် #Zawgyi သူ႕တစ္​ေနရာ ခဏတာ ဝင္လဲ၍သာ ​ၾကည့္ခ်င္သည္ More

မိတ်ဆက်
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း( ၃၀)
အခန်း( ၃၁)
အခန်း( ၃၂)
အခန်း (၃၃)
အခန်း(၃၄)
အခန်း( ၃၅)
အခန်း( ၃၆)
အခန်း ( ၃၇)
အခန်း(၃၈)
အခန်း( ၃၉)
အခန်း(၄၀)
အခန်း(၄၁)

အခန်း(၁၀)

1.8K 276 69
By Loon-L

Unicode

မဖိတ်ဘဲ အိမ်ပေါ်ထိရောက်နေသည့် ဧည့်သည်တော်သည် ကိုကို့အိမ်ကြမ်းပြင်ကို မထိနိုင်သလို စိုက်ကြည့်နေ၏။ လရောင်ပေါက်ကျနေသည့် သွပ်မိုးကို အထူးအဆန်း မော့ကြည့်နေပြန်သည်။

သွားပုတ်ရည်အကြောင်းလိုက်ထင်ကာ မဲညစ်နေသည့် ခေါင်းအုံးနှင့် စောင်အပုံကို တွေ့တော့ နှုတ်ခမ်းကို မခို့တရို့ တွန့်ချလိုက်သည်။ 

ကိုကို အပေါ်အကျ်ီကို ချွတ်၍ တန်းပေါ်ပစ်တင်လိုက်တော့ တွဲလောင်းကျလျက် ဖရိုဖရဲ အဝတ်တန်းကိုပါ  နှာခေါင်းရှုံ့၍ ခိုးဝေ့ကာ  လိုက်ကြည့်နေသည်။ 

ရုတ်တရတ် မိလ္လာရည်ဖောက်ချလိုက်သည့် အနံ့က လှိုင်ထွက်လာ၏။ ကိုကိုတို့ ရပ်ကွက်မှာ မိလ္လာကားခေါ်ရသည်ကို ဝါသနာမထုံကြသူများသည်။

ကိုကိုတို့ အိမ်ရှင်ဆိုလျှင် အမှောင်ကလေး သန်းလာနှင့် မီးစက်ဖွင့်၍ အရည်ကို ဖောက်ချပစ်တတ်သည်။
မောမောပန်းပန်း အလုပ်က ပြန်ရောက်လာပြီး စားနေသောက်နေသူများက အော်ဆဲလည်း သူက ဂရုမပြုပေ။

အချိန်တန်လျှင်တော့ ရပ်ကွက်ရေမြောင်း သန့်ရှင်းရေးကို ရှေ့ဆုံးမှ ပြောတတ်သည်။ အပြောနှင့်အလုပ် ရှေ့နောက်မညီလည်း မကင်းနိုင်သည့်သူများက အရူးဘုံမြောက်ထားရသလို အောက်သက်သက်နှင့် ထောက်ခံကြမြဲပင်။

အတိုးပေးစားပြီး အိမ်ခန်းများစွာပိုင်သော ငွေကြေးဓနရှင် ကိုကိုတို့ အိမ်ရှင်သည် ဆယ်အိမ်ခေါင်းဆိုသော အာဏာကိုပါ ပိုင်ဆိုင်ထားလေသည်။ 

ပုပ်အက်အက်အနံ့ကြောင့် ကောင်ငယ်လေးက နှာခေါင်းကို ပိတ်တော့မယောင်ပြုပြီးမှ ကိုကို့ကို အားနာ၍ ထင်သည်။ နှာဖျားကိုသာ လက်ညှိုးဖြင့် အကြိမ်ကြိမ်ခါထုတ်နေ၏။ 

ကောင်ငယ်လေးရဲ့ ပုံစံကြည့်ရတာ ဖယောင်းရုပ်ကလေးနှင့် တူနေသည်။ ထိတွေ့လိုက်လျှင် အရည်ပျော်ကျသွားမည့် အလား နူးညံ့နေ၏ ။ ပါးဖောင်းဖောင်းလေးများက ဝါဂွမ်းအိအိလေးလို ဖြူဆွတ်အိစက် နေမည်ဆိုတာ ကြည့်ရုံနှင့် သိနိုင်သည်။ ပန်းရောင်သန်းနေသော ခြေသည်းဖျားလေးတွေက
ရွှေဘုံမြတင် ကြီးပြင်းလာရသော ကလေးဆိုတာကို သက်သေပြနေသည့်နှယ်။ 

ထိုင်မချ ခြေမကြွဘဲ ကြောင်တောင်ငေးနေသည့် ကောင်ငယ်လေးကို ကိုကိုကပဲ စကားစလိုက်ရသည်။ 

"ကိုယ်တော်လေး သုတေသနပြုတော်မူပြီးရင်လည်း အမြန်ပြန်ကြွ" 

မနက်က လက်ကျန် ကြက်ကြော်တစ်တုံးကို ယူ၍ ပုလင်းပြားကို ဖွင့်လိုက်သည်။ ခွက်ထဲငှဲ့ချ၍ တစ်ငုံမော့ပြီးမှ ကြက်သားမျှင်လေး နည်းနည်းခွာစားလိုက်၏။ 

နှုတ်ခမ်းထော်ပြီး မျက်စောင်းထိုးသည့် ယောကျာ်လေးတစ်ယောက်ဟာ ထူးထူးခြားခြား လှပနေ၍ ခန္ဓာကိုယ်ထဲ ရောက်နေသော အယ်လ်ကိုဟောဓာတ်များပင် လွင့်စင်သွား၏။ 

ကြမ်းပြင်ပေါ်ထိုင်ချတော့မည် ပြုတော့ ကိုကို့မှာ မနေနိုင်။ ချောင်ထိုးထားသည့် ဖျာအသစ်ကို ဖြန့်ခင်းပေးမိ၏။ မှိုနံ့က ထောင်းခနဲ ထွက်လာတာကို မသိချင်ယောင် ဆောင်ထားရသည်။ 

"ကျေးဇူး" 

ထွက်လာသော အသံက ပိုးရက်ကန်းကထွက်လာသည့် ပိုးချည်မျှင်လေးတွေလို နူးညံ့ညင်သာနေသည်။ ကိုကိုနှင့် ကွာခြားလွန်သည့် ကောင်ငယ်လေးကို
"ဘယ်တော့ ပြန်မလဲ"လို့ ဟုပင် မမေးနိုင်တော့ချေ။

ကိုကိုတစ်ခွက်ထပ်သောက်လိုက်ပြီး ဘေးနားမှာ ထိုင်ကြည့်နေသူကို လှမ်းမေးလိုက်သည်။ 

"သောက်တတ်လား" 

"ဟင့်အင်း" 

"လူမိုက်ပဲ" 

"ဟမ်" 

"အေးလေ ဒီလောက်ကောင်းတဲ့ အရက်ကို မသောက်တတ်တာ မင်းလူမိုက်ပေါ့" 

"ဒီလောက်ခါးပြီး ကျန်းမာရေးအကျိုးမပေးတဲ့ အရက်ကို သောက်တာမှ လူမိုက်မဟုတ်ဘူးလား" 

"အေး မိုက်တော့ မိုက်တာပေါ့၊ငါက မိုက်တွင်းနက်နေတဲ့ လူမိုက် မင်းက သနားစရာ လူမိုက်လေး" 

တတိယတစ်ခွက် သောက်ပြီးချိန်မှာ ကိုကို့အာရုံတွေ ထွေလာသည်။ ကောင်းကင်မှာ အထီးကျန်နေသော လမင်းကြီးကို အိမ်ရှေ့ပေါက်မှ မော့ကြည့်လိုက်၏။
ကိုကို့ဘဝကို ပြန်ကြည့်နေရသလို ဝမ်းနည်းစရာ ကောင်းလှသည်။ 

"ဟိုဟာလေ ဗိုက်ဆာလို့" 

မရဲတရဲ အသံကို ကြားတော့ လှည့်ကြည့်မိသည်။ ကောင်ငယ်လေး၏ နှုတ်ခမ်းများက ပန်းရောင်သန်းနေ၏။ နှာခေါင်းမှာ ချွေးပေါက်လေးများ စို့နေသည်။ လက်ထဲက ကြက်ကြော်နှင့် ပုလင်းပြားကို မြှောက်ပြလိုက်သည်။ 

"ဒါ ငါ့ညနေစာ မင်းစားနိုင်ရင်စား မစားနိုင်ရင်" 

ကိုကို့စကား မဆုံးခင် ကောင်ငယ်လေးဗိုက်မှ ဂွီဆိုသော အသံကို ကြားလိုက်ရ၍ "မစားနဲ့"ဆိုသော အဆက်ကို မြိုချလိုက်ရသည်။ 

"ငါ_ီး နဲ့မှပဲ အာရုံနောက်တယ်"ဟု ပြောကာ အိတ်ကပ်ထဲ ကျန်တဲ့ ပိုက်ဆံနှင့် ဒေါ်ကုလားမဆိုင်ကို ​ပြေးရတော့သည်။ 

__________________________ 

ဘဲဥတစ်ခြမ်းနှင့် အေးစက်တောင့်တင်းနေသော ထမင်းသည် ကောင်ငယ်လေးနှင့်ဆို တွဲဖက်ကြည့်၍မရသော ရေနဲ့ဆီလို ကွာခြားလှ၏။ စားနိုင်ပါ့မလားဆိုသော စိုးရိမ်စိတ်သည် ကိုကိုမခံစားချင်ပါဘဲ အတင်းဝင်ရောက်လာ၏။ 

"ငါ_ိုးမ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အာရုံစားနေရတယ်၊ ဟေ့ကောင် မင်းမစားနိုင်ဘူးလား" 

ထမင်းကိုဇွန်းနှင့် မွှေရုံသာ မွှေနေသူကို လှမ်းမေးတော့ ဆံပင်ကို လက်ချောင်းများဖြင့် သပ်တင်၍ နှုတ်ခမ်းဆူကာ ခေါင်းညိတ်ပြသည်။ 

"သူများအိမ်တက်ပြီး သောက်ကြီးသောက်ကျယ် လုပ်နေတယ်၊မစားရင်လည်း ပြန်ပေတော့" 

"ဘဲဥမှ မကြိုက်တာ" 

မဝံမရဲ ထပ်တွန့်စကားနှင့်အတူ ဗိုက်ထဲက ဆန္ဒပြသံများကိုပါ ကြားနေရသည်။ ကိုကို သေချာစိုက်ကြည့်တော့ ရှက်သည်းဖြာသွားသည့် အပျိုဖြန်းလေးလို ခေါင်းကို ငုံချပစ်နေသည်။အချင်းချင်း ဆုပ်နယ်နေသော လက်ချောင်းလေးများသည် အုန်းသီးပန်းချီသွေးလို ဖြူဖွေးသန့်စင်လွန်းလှသည့် ကောင်ငယ်လေးပင်။ 

"မင်းခေါက်ဆွဲပြုတ်စားမလား၊ဘုရားစင်ပေါ်မှာ တစ်ထုပ်ရှိတယ် ယူပြီး ပြုတ်စားလိုက်" 

ကိုကို လေးခွက်မြောက်ကို ထပ်မော့လိုက်သည်။ အရင်နေ့တွေဆို ထွေတေတေ ရီဝေဝေ ဖြစ်နေပြီ ဆိုသော်လည်း ဒီနေ့တော့ သောက်သမျှ ဘယ်ချောင်ကပ်နေသည်မသိ။  အာခေါင်ဆွတ်ရုံလောက်သာ အရှိန်တက်သေးသည်။

"ဟိုဟာ ပြုတ်ပေးပါလား လုပ်မှ မလုပ်တတ်တာ" 

"မင်းမေ- - ဘုရားစင်ပေါ်က အထုပ် ငါ့ကိုလှမ်းလိုက် ဒါလေးတောင် မလုပ်တတ်ဘဲ လူ့လောကထဲ ဘာလုပ်နေတာလဲ ၊ -ီး လိုမှပဲ မမလေး ကျနေတာပဲ" 

"ရုပ်ကလေးနဲ့မှ မလိုက် အရမ်းဆဲတာပဲ" 

ခေါက်ဆွဲထုပ်ပေးရင်း မကျေမချမ်း ပြောသံကို ရှူတည်တည်စိုက်ကြည့်တော့ ဟီးခနဲ ရယ်ပြသည်။ ပေါက်စီလို ဖြူဖွေးနေသော ပါးဖောင်းဖောင်းတွင် ပါးချိုင့်ကလေးနှစ်ခုပေါ်လာသည်မှာ လမင်းကြီးနဲ့ ကြယ်ပွင့်လေးတွေလို ကြည့်ကောင်းနေ၏။ 

____________________________ 

ရေများပြီး မကျက်တကျက် ခေါက်ဆွဲပြုတ်ကို ကောင်ငယ်လေးက တစ်ဖူးဖူးမှုတ်ပြီး တစ်ဇွန်းခပ်သောက်သည်။ လှချင်လွန်း၍ အတင်းစွပ်ဝတ်ပြီးမှ ဘောင်းဘီခွပြဲသွားသော လူတစ်ယောက်လို ကောင်ငယ်လေး၏ မျက်နှာက လက်မှိုင်ချမှုအလုံးစုံကို နှုတ်ခမ်းထော် နှာခေါင်းရှုံ့၍ သရုပ်ဖော်နေသည်။ 

"စားလို့ရော ရရဲ့လား" 

"မရလို့မှ မရတာ" 

မကျေမနပ် ရေရွတ်သံကြောင့် ကိုကိုပြုံးချင်သွားသည်။ နောက်ဆုံးလက်ကျန် တစ်ခွက်ကို ဇိမ်ခံသောက်ပြီး ကောင်ငယ်လေးကို ကြည့်နေမိသည်။ 

ဆံနွယ်အဝါရောင် ဖွာစုပ်စုပ်က ဝါနေသည့်အသားကို ဝင်းနေစေသည်။ ပူလွန်း၍ နားထင်မှ ကျဆင်းသွားသော ချွေးတစ်စက်က လည်တိုင်တစ်လျှောက် ပြေးဆင်းသွား၏။နူးနူးညံ့ညံ့ ဖြူဖြူဖွေးဖွေး ကောင်ငယ်လေးသည် ကိုကို့အတွက် ငေးကြည့်ချင်စရာတွေချည်းပင်။ 

"မင်း ငါ့နောက်လိုက်လာပြီး ဘာလာလုပ်တာလဲ" 

"အဲ့ဒီစကားကို အခုမှမေးတယ်" 

"အေးလေ ဘာဖြစ်လို့လဲ" 

"လူလိမ်တွေ ဘာတွေ ဖြစ်နေမှာ မစိုးရိမ်ဘူးလား" 

ကိုကို တစ်ချက်ရယ်ပြီး ခေါင်းခါလိုက်တော့ ကောင်ငယ်လေးက ရယ်ပြန်သည်။ 

"အေးလေ ငါ့ကို ယုံမှာပေါ့  ငါ့ဥပဓိက ထင်ချင်စရာမှ မရှိတာကိုး၊ဒါပေမယ့် သတိထားနော် ထင်ချင်စရာမရှိတဲ့ လူတွေ လုပ်စားနေတဲ့ ခေတ်" 

"မင်းကို ယုံတာ မဟုတ်ပါဘူး၊ငါ့ကိုယ်ငါ ယုံတာ၊ ငါ့ဆီက ငွေလိုရင်ချင်ရင်တောင် မင်းရှိတာလေး ပြန်ဝေငှသွားဦး၊အိမ်မှာရှိတဲ့ တန်ဖိုးအကြီးဆုံး ပစ္စည်းကလည်း မင်းထိုင်နေတဲ့ ဖျာပဲရှိတာ၊အဲ့ဒါတောင် အနားသတ်တွေ စုတ်နေလို့ ဝါသနာပါရင် ပြန်ချုပ်ပေးသွားဦး၊ ယုတ်စွအဆုံး ယောကျာ်းလေးချင်း မုဒိမ်းကျင့်လို့မှ မရတာ" 

"ဟဲ့...အမလေးဟယ် စကားကို ယဥ်ယဥ်သာသာလေး ပြောလို့မရဘူးလား" 

ပုလင်းတစ်ပြားလုံး ဝင်ပြီးတဲ့ကိုကိုက အာသွက်လျှာသွက် ဖြစ်လာ၏။ အရှေ့မှာ ထိုင်နေတဲ့ ဖြူဖြူလုံးလုံးလေးကို တွန်းဖယ်ပြီး ဝင်တိုးအိပ်ချင်စိတ်က ဖုံးလွှမ်းနေသည်။ 

"အိမ်က ဖုန်းတွေ တအားဆက်နေပြီ၊ပြန်တော့မယ် ဖုန်းရှိလား" 

"ဘာလုပ်မလို့လဲ" 

"ခဏလောက်ပေး" 

"ဘေမရှိဘူး ဖုန်းခေါ်တာနဲ့ facebookသုံးတာကလွဲရင် ကျန်တာသုံးလို့မရဘူး၊ စက်က တစ်ဆယ့်ငါးမိနစ် တစ်ခါ ပိတ်နေတာ၊ နာမည်ပျက်ခံပြီး ကျော်ချင်ရင် တခြားအကောင်းစားလေးတွေကို သွားလုပ်ပါဟ" 

"အရမ်းစကားများတာပဲ ခဏပေးပါဆို" 

ရဲတင်းလာတဲ့ ကောင်ငယ်လေးက ကိုကို့လက်ထဲမှ ဖုန်းကို ဆွဲလုလိုက်သည်။ 

"ရပြီ ရော့ ငါ့ဖုန်းနံပါတ်လည်း ပေးခဲ့တယ်၊ ငါဖုန်းဆက်ရင် ကိုင်နော်" 

"ဘေမရှိဘဲ ငါ့ဖုန်းနံပါတ် ဘယ်လိုသိလဲ" 

"ဘေစစ်လိုက်တာပေါ့"ဟု ပြော၍ ရယ်ပြနေသော ကောင်ငယ်လေးက မြင်ကွင်းထဲ ဝေဝါးလာသည်။
ဒီအချိန် ထိုးအိပ်ချလိုက်လို့ အကောင်းဆုံးဆိုသော်လည်း ကိုကို မအိပ်ချင်သေး။ 

"မင်းအသက် ဘယ်လောက်လဲ" 

"တစ်ဆယ့်ကိုး" 

"ကောင်လေး စကားကို ရိုရိုသေသေပြောစမ်း ငါမင်းထက် လေးနှစ်ကြီးတယ်"

"သိသားပဲ ကိုကိုကမှ ပီတာ့ကို မမှတ်မိတာ" 

ကိုကိုဆိုသော အသုံးအနှုန်းက စိတ်အစဥ်ကို မှုန်ယိုရူးသွပ်သွားစေသည်။ ချောက်နက်နက်ထဲ ပစ်ချခံရသူလို ထိတ်လန့်မှုက ကြီးစိုးသွား၏။ အာစေးထည့်ခံရသည့်နှယ် ဆွံ့အနေမိသည်။ 

"ပြန်တော့မယ်နော် ဖုန်းဆက်ရင် ကိုင်နော်" 

မသိစိတ်ရဲ့ လှုံ့ဆော်မှုလား၊ အယ်လ်ကိုဟော အရှိန်ပြင်းပြမှုကြောင့်လားတော့မသိ ကောင်ငယ်လေးရဲ့ လက်ကို ဆွဲထားမိသည်။ 

"ဒီမှာ အိပ်မလား ငါတစ်ယောက်တည်းပဲ အမြဲနေ နေရတာ၊မင်းငါနဲ့အတူ နေချင်လား" 

"ကိုယ့်ဒုက္ခ ကိုယ်မသိ မကြောက်မရွံ့ ပြောရဲတယ်နော်၊လာနေလိုက်မှ အဝှိုက်ခံနေရမယ်" 

"မင်းလည်း မနေနိုင်ပါဘူး၊ဒီလို အစုတ်အပြတ်ဘဝထဲ မင်းလည်း မနေနိုင်ဘူး" 

"အဲ့ဒီလို မပြောပါနဲ့ ကိုကိုရာ၊ဘဝက ရွေးချယ်တဲ့ နေရာမှာ နေရတဲ့ လူတွေချင်း အတူတူပဲကို" 

လက်ဖဝါးနုနုက ကိုကို့ပါးပြင်ဆီ ရောက်လာသည်။ ကိုကိုဆိုသည့် ခေါ်သံက နားထဲကို သိမ်သိမ်မွေမွေ့လေး ဝင်၍ နှလုံးအိမ်ထိ ထုတ်ချင်းပေါက်သွား၏။ 

"သွားလိုက်တော့ မင်းလည်း -ီးစကားတွေ ပြောပြီး အာရုံနောက်မနေနဲ့" 

"ဖုန်းဆက်ရင်ကိုင်နော်"ဆိုတဲ့ ကျောပြင်လေးက တဖြည်းဖြည်း မှုန်ဝါးသွား၏။ 

ဖုန်းသံမြည်၍ ကောက်ကိုင်တော့ ဖားကန့်ရောက်နေသည့် ဖေဖေ့အသံကို ကြားရသည်။ ဆယ်တန်းမဖြေတဲ့ သားကို လုပ်ချင်ရာလုပ်ဆိုပြီး ပစ်ထား၍ ဖေဖေက ဖားကန့်ထိ အလုပ်သွားလုပ်နေသည်။ 

ဖေဖေ့ဆီက ဖုန်းချပြီးသည်နှင့် ပထမဦးဆုံး တစ်ကြိမ်တစ်ခါသာ တီးခဲ့ဖူးသည့် အခန်းထောင့်က ဂီတာလေးကို ခပ်တွေတွေ ကြည့်နေမိသည်။နေရာဟောင်းလေးကို စွန့်ပစ်ခဲ့သည့် ကိုကို့မှာ ပိုင်ဆိုင်သမျှဟာ ဒီဂစ်တာလေးဖြစ်ပြီး ဂစ်တာလေးရဲ့ အငွေ့အသက်အားလုံးကိုတော့ ဆုံးရှုံးခဲ့ရတဲ့အချိန်တွေလည်း ကြာခဲ့ပြီ ။

ဘဝဟာ ဘာလဲဆိုရင် အခွံသက်သက်ကျန်ခဲ့တဲ့ ဂစ်တာလေးရယ် အသက်မရှိတဲ့ ဂစ်တာသံစဥ်တွေကို မေ့ပစ်ထားတဲ့ နာကျင်မှုချည်းသာ။ 

ကောင်ငယ်လေးသည့် ကိုကို့မေ့ဖျောက်ခဲ့သည့် နာကျင်မှုသံစဥ်ကို လက်ဖျားကလေးဖြင့် တီးခက်သွားခဲ့လေပြီ။

__________________________________________________________________________________

Unicode

မဖိတ္ဘဲ အိမ္ေပၚထိေရာက္ေနသည့္ ဧည့္သည္ေတာ္သည္ ကိုကို႔အိမ္ၾကမ္းျပင္ကို မထိနိုင္သလို စိုက္ၾကည့္ေန၏။ လေရာင္ေပါက္က်ေနသည့္ သြပ္မိုးကို အထူးအဆန္း ေမာ့ၾကည့္ေနျပန္သည္။

သြားပုတ္ရည္အေၾကာင္းလိုက္ထင္ကာ မဲညစ္ေနသည့္ ေခါင္းအုံးႏွင့္ ေစာင္အပုံကို ေတြ႕ေတာ့ ႏႈတ္ခမ္းကို မခို႔တရို႔ တြန့္ခ်လိဳက္သည္။

ကိုကို အပေါ်အကျ်ီကို ခြၽတ္၍ တန္းေပၚပစ္တင္လိုက္ေတာ့ တြဲေလာင္းက်လ်က္ ဖရိုဖရဲ အဝတ္တန္းကိုပါ ႏွာေခါင္းရႈံ႕၍ ခိုးေဝ့ကာ လိုက္ၾကည့္ေနသည္။

႐ုတ္တရတ္ မိလႅာရည္ေဖာက္ခ်လိဳက္သည့္ အနံ႕က လွိုင္ထြက္လာ၏။ ကိုကိုတို႔ ရပ္ကြက္မွာ မိလႅာကားေခၚရသည္ကို ဝါသနာမထုံၾကသူမ်ားသည္။

ကိုကိုတို႔ အိမ္ရွင္ဆိုလွ်င္ အေမွာင္ကေလး သန္းလာႏွင့္ မီးစက္ဖြင့္၍ အရည္ကို ေဖာက္ခ်ပစ္တတ္သည္။
ေမာေမာပန္းပန္း အလုပ္က ျပန္ေရာက္လာၿပီး စားေနေသာက္ေနသူမ်ားက ေအာ္ဆဲလည္း သူက ဂ႐ုမျပဳေပ။

အခ်ိန္တန္လွ်င္ေတာ့ ရပ္ကြက္ေရေျမာင္း သန့္ရွင္းေရးကို ေရွ႕ဆုံးမွ ေျပာတတ္သည္။ အေျပာႏွင့္အလုပ္ ေရွ႕ေနာက္မညီလည္း မကင္းနိုင္သည့္သူမ်ားက အ႐ူးဘုံေျမာက္ထားရသလို ေအာက္သက္သက္ႏွင့္ ေထာက္ခံၾကၿမဲပင္။

အတိုးေပးစားၿပီး အိမ္ခန္းမ်ားစြာပိုင္ေသာ ေငြေၾကးဓနရွင္ ကိုကိုတို႔ အိမ္ရွင္သည္ ဆယ္အိမ္ေခါင္းဆိုေသာ အာဏာကိုပါ ပိုင္ဆိုင္ထားေလသည္။

ပုပ္အက္အက္အနံ႕ေၾကာင့္ ေကာင္ငယ္ေလးက ႏွာေခါင္းကို ပိတ္ေတာ့မေယာင္ျပဳၿပီးမွ ကိုကို႔ကို အားနာ၍ ထင္သည္။ ႏွာဖ်ားကိုသာ လက္ညွိုးျဖင့္ အႀကိမ္ႀကိမ္ခါထုတ္ေန၏။

ေကာင္ငယ္ေလးရဲ႕ ပုံစံၾကည့္ရတာ ဖေယာင္း႐ုပ္ကေလးႏွင့္ တူေနသည္။ ထိေတြ႕လိုက္လွ်င္ အရည္ေပ်ာ္က်သြားမည့္ အလား ႏူးညံ့ေန၏ ။ ပါးေဖာင္းေဖာင္းေလးမ်ားက ဝါဂြမ္းအိအိေလးလို ျဖဴဆြတ္အိစက္ ေနမည္ဆိုတာ ၾကည့္႐ုံႏွင့္ သိနိုင္သည္။ ပန္းေရာင္သန္းေနေသာ ေျခသည္းဖ်ားေလးေတြက
ေ႐ႊဘုံျမတင္ ႀကီးျပင္းလာရေသာ ကေလးဆိုတာကို သက္ေသျပေနသည့္ႏွယ္။

ထိုင္မခ် ေျခမႂကြဘဲ ေၾကာင္ေတာင္ေငးေနသည့္ ေကာင္ငယ္ေလးကို ကိုကိုကပဲ စကားစလိုက္ရသည္။

"ကိုယ္ေတာ္ေလး သုေတသနျပဳေတာ္မူၿပီးရင္လည္း အျမန္ျပန္ႂကြ"

မနက္က လက္က်န္ ၾကက္ေၾကာ္တစ္တုံးကို ယူ၍ ပုလင္းျပားကို ဖြင့္လိုက္သည္။ ခြက္ထဲငွဲ႕ခ်၍ တစ္ငုံေမာ့ၿပီးမွ ၾကက္သားမွ်င္ေလး နည္းနည္းခြာစားလိုက္၏။

ႏႈတ္ခမ္းေထာ္ၿပီး မ်က္ေစာင္းထိုးသည့္ ေယာက်ာ္ေလးတစ္ေယာက္ဟာ ထူးထူးျခားျခား လွပေန၍ ခႏၶာကိုယ္ထဲ ေရာက္ေနေသာ အယ္လ္ကိုေဟာဓာတ္မ်ားပင္ လြင့္စင္သြား၏။

ၾကမ္းျပင္ေပၚထိုင္ခ်ေတာ့မည္ ျပဳေတာ့ ကိုကို႔မွာ မေနနိုင္။ ေခ်ာင္ထိုးထားသည့္ ဖ်ာအသစ္ကို ျဖန့္ခင္းေပးမိ၏။ မွိုနံ႕က ေထာင္းခနဲ ထြက္လာတာကို မသိခ်င္ေယာင္ ေဆာင္ထားရသည္။

"ေက်းဇူး"

ထြက္လာေသာ အသံက ပိုးရက္ကန္းကထြက္လာသည့္ ပိုးခ်ည္မွ်င္ေလးေတြလို ႏူးညံ့ညင္သာေနသည္။ ကိုကိုႏွင့္ ကြာျခားလြန္သည့္ ေကာင္ငယ္ေလးကို
"ဘယ္ေတာ့ ျပန္မလဲ"လို႔ ဟုပင္ မေမးနိုင္ေတာ့ေခ်။

ကိုကိုတစ္ခြက္ထပ္ေသာက္လိုက္ၿပီး ေဘးနားမွာ ထိုင္ၾကည့္ေနသူကို လွမ္းေမးလိုက္သည္။

"ေသာက္တတ္လား"

"ဟင့္အင္း"

"လူမိုက္ပဲ"

"ဟမ္"

"ေအးေလ ဒီေလာက္ေကာင္းတဲ့ အရက္ကို မေသာက္တတ္တာ မင္းလူမိုက္ေပါ့"

"ဒီေလာက္ခါးၿပီး က်န္းမာေရးအက်ိဳးမေပးတဲ့ အရက္ကို ေသာက္တာမွ လူမိုက္မဟုတ္ဘူးလား"

"ေအး မိုက္ေတာ့ မိုက္တာေပါ့၊ငါက မိုက္တြင္းနက္ေနတဲ့ လူမိုက္ မင္းက သနားစရာ လူမိုက္ေလး"

တတိယတစ္ခြက္ ေသာက္ၿပီးခ်ိန္မွာ ကိုကို႔အာ႐ုံေတြ ေထြလာသည္။ ေကာင္းကင္မွာ အထီးက်န္ေနေသာ လမင္းႀကီးကို အိမ္ေရွ႕ေပါက္မွ ေမာ့ၾကည့္လိုက္၏။
ကိုကို႔ဘဝကို ျပန္ၾကည့္ေနရသလို ဝမ္းနည္းစရာ ေကာင္းလွသည္။

"ဟိုဟာေလ ဗိုက္ဆာလို႔"

မရဲတရဲ အသံကို ၾကားေတာ့ လွည့္ၾကည့္မိသည္။ ေကာင္ငယ္ေလး၏ ႏႈတ္ခမ္းမ်ားက ပန္းေရာင္သန္းေန၏။ ႏွာေခါင္းမွာ ေခြၽးေပါက္ေလးမ်ား စို႔ေနသည္။ လက္ထဲက ၾကက္ေၾကာ္ႏွင့္ ပုလင္းျပားကို ျမႇောက္ျပလိုက္သည္။

"ဒါ ငါ့ညေနစာ မင္းစားနိုင္ရင္စား မစားနိုင္ရင္"

ကိုကို႔စကား မဆုံးခင္ ေကာင္ငယ္ေလးဗိုက္မွ ဂြီဆိုေသာ အသံကို ၾကားလိုက္ရ၍ "မစားနဲ႕"ဆိုေသာ အဆက္ကို ၿမိဳခ်လိဳက္ရသည္။

"ငါ_ီး နဲ႕မွပဲ အာ႐ုံေနာက္တယ္"ဟု ေျပာကာ အိတ္ကပ္ထဲ က်န္တဲ့ ပိုက္ဆံႏွင့္ ေဒၚကုလားမဆိုင္ကို ေျပးရေတာ့သည္။

__________________________

ဘဲဥတစ္ျခမ္းႏွင့္ ေအးစက္ေတာင့္တင္းေနေသာ ထမင္းသည္ ေကာင္ငယ္ေလးႏွင့္ဆို တြဲဖက္ၾကည့္၍မရေသာ ေရနဲ႕ဆီလို ကြာျခားလွ၏။ စားနိုင္ပါ့မလားဆိုေသာ စိုးရိမ္စိတ္သည္ ကိုကိုမခံစားခ်င္ပါဘဲ အတင္းဝင္ေရာက္လာ၏။

"ငါ_ိုးမ ကိုယ့္ပိုက္ဆံနဲ႕ကိုယ္ အာ႐ုံစားေနရတယ္၊ ေဟ့ေကာင္ မင္းမစားနိုင္ဘူးလား"

ထမင္းကိုဇြန္းႏွင့္ ေမႊ႐ုံသာ ေမႊေနသူကို လွမ္းေမးေတာ့ ဆံပင္ကို လက္ေခ်ာင္းမ်ားျဖင့္ သပ္တင္၍ ႏႈတ္ခမ္းဆူကာ ေခါင္းညိတ္ျပသည္။

"သူမ်ားအိမ္တက္ၿပီး ေသာက္ႀကီးေသာက္က်ယ္ လုပ္ေနတယ္၊မစားရင္လည္း ျပန္ေပေတာ့"

"ဘဲဥမွ မႀကိဳက္တာ"

မဝံမရဲ ထပ္တြန့္စကားႏွင့္အတူ ဗိုက္ထဲက ဆႏၵျပသံမ်ားကိုပါ ၾကားေနရသည္။ ကိုကို ေသခ်ာစိုက္ၾကည့္ေတာ့ ရွက္သည္းျဖာသြားသည့္ အပ်ိဳျဖန္းေလးလို ေခါင္းကို ငုံခ်ပစ္ေနသည္။အခ်င္းခ်င္း ဆုပ္နယ္ေနေသာ လက္ေခ်ာင္းေလးမ်ားသည္ အုန္းသီးပန္းခ်ီေသြးလို ျဖဴေဖြးသန့္စင္လြန္းလွသည့္ ေကာင္ငယ္ေလးပင္။

"မင္းေခါက္ဆြဲျပဳတ္စားမလား၊ဘုရားစင္ေပၚမွာ တစ္ထုပ္ရွိတယ္ ယူၿပီး ျပဳတ္စားလိုက္"

ကိုကို ေလးခြက္ေျမာက္ကို ထပ္ေမာ့လိုက္သည္။ အရင္ေန႕ေတြဆို ေထြေတေတ ရီေဝေဝ ျဖစ္ေနၿပီ ဆိုေသာ္လည္း ဒီေန႕ေတာ့ ေသာက္သမွ် ဘယ္ေခ်ာင္ကပ္ေနသည္မသိ။ အာေခါင္ဆြတ္႐ုံေလာက္သာ အရွိန္တက္ေသးသည္။

"ဟိုဟာ ျပဳတ္ေပးပါလား လုပ္မွ မလုပ္တတ္တာ"

"မင္းေမ- - ဘုရားစင္ေပၚက အထုပ္ ငါ့ကိုလွမ္းလိုက္ ဒါေလးေတာင္ မလုပ္တတ္ဘဲ လူ႕ေလာကထဲ ဘာလုပ္ေနတာလဲ ၊ -ီး လိုမွပဲ မမေလး က်ေနတာပဲ"

"႐ုပ္ကေလးနဲ႕မွ မလိုက္ အရမ္းဆဲတာပဲ"

ေခါက္ဆြဲထုပ္ေပးရင္း မေက်မခ်မ္း ေျပာသံကို ရႉတည္တည္စိုက္ၾကည့္ေတာ့ ဟီးခနဲ ရယ္ျပသည္။ ေပါက္စီလို ျဖဴေဖြးေနေသာ ပါးေဖာင္းေဖာင္းတြင္ ပါးခ်ိဳင့္ကေလးႏွစ္ခုေပၚလာသည္မွာ လမင္းႀကီးနဲ႕ ၾကယ္ပြင့္ေလးေတြလို ၾကည့္ေကာင္းေန၏။

____________________________

ေရမ်ားၿပီး မက်က္တက်က္ ေခါက္ဆြဲျပဳတ္ကို ေကာင္ငယ္ေလးက တစ္ဖူးဖူးမႈတ္ၿပီး တစ္ဇြန္းခပ္ေသာက္သည္။ လွခ်င္လြန္း၍ အတင္းစြပ္ဝတ္ၿပီးမွ ေဘာင္းဘီခြၿပဲသြားေသာ လူတစ္ေယာက္လို ေကာင္ငယ္ေလး၏ မ်က္ႏွာက လက္မွိုင္ခ်မႈအလုံးစုံကို ႏႈတ္ခမ္းေထာ္ ႏွာေခါင္းရႈံ႕၍ သ႐ုပ္ေဖာ္ေနသည္။

"စားလို႔ေရာ ရရဲ႕လား"

"မရလို႔မွ မရတာ"

မေက်မနပ္ ေရ႐ြတ္သံေၾကာင့္ ကိုကိုၿပဳံးခ်င္သြားသည္။ ေနာက္ဆုံးလက္က်န္ တစ္ခြက္ကို ဇိမ္ခံေသာက္ၿပီး ေကာင္ငယ္ေလးကို ၾကည့္ေနမိသည္။

ဆံႏြယ္အဝါေရာင္ ဖြာစုပ္စုပ္က ဝါေနသည့္အသားကို ဝင္းေနေစသည္။ ပူလြန္း၍ နားထင္မွ က်ဆင္းသြားေသာ ေခြၽးတစ္စက္က လည္တိုင္တစ္ေလွ်ာက္ ေျပးဆင္းသြား၏။ႏူးႏူးညံ့ညံ့ ျဖဴျဖဴေဖြးေဖြး ေကာင္ငယ္ေလးသည္ ကိုကို႔အတြက္ ေငးၾကည့္ခ်င္စရာေတြခ်ည္းပင္။

"မင္း ငါ့ေနာက္လိုက္လာၿပီး ဘာလာလုပ္တာလဲ"

"အဲ့ဒီစကားကို အခုမွေမးတယ္"

"ေအးေလ ဘာျဖစ္လို႔လဲ"

"လူလိမ္ေတြ ဘာေတြ ျဖစ္ေနမွာ မစိုးရိမ္ဘူးလား"

ကိုကို တစ္ခ်က္ရယ္ၿပီး ေခါင္းခါလိုက္ေတာ့ ေကာင္ငယ္ေလးက ရယ္ျပန္သည္။

"ေအးေလ ငါ့ကို ယုံမွာေပါ့ ငါ့ဥပဓိက ထင္ခ်င္စရာမွ မရွိတာကိုး၊ဒါေပမယ့္ သတိထားေနာ္ ထင္ခ်င္စရာမရွိတဲ့ လူေတြ လုပ္စားေနတဲ့ ေခတ္"

"မင္းကို ယုံတာ မဟုတ္ပါဘူး၊ငါ့ကိုယ္ငါ ယုံတာ၊ ငါ့ဆီက ေငြလိုရင္ခ်င္ရင္ေတာင္ မင္းရွိတာေလး ျပန္ေဝငွသြားဦး၊အိမ္မွာရွိတဲ့ တန္ဖိုးအႀကီးဆုံး ပစၥည္းကလည္း မင္းထိုင္ေနတဲ့ ဖ်ာပဲရွိတာ၊အဲ့ဒါေတာင္ အနားသတ္ေတြ စုတ္ေနလို႔ ဝါသနာပါရင္ ျပန္ခ်ဳပ္ေပးသြားဦး၊ ယုတ္စြအဆုံး ေယာက်ာ္းေလးခ်င္း မုဒိမ္းက်င့္လို႔မွ မရတာ"

"ဟဲ့...အမေလးဟယ္ စကားကို ယဥ္ယဥ္သာသာေလး ေျပာလို႔မရဘူးလား"

ပုလင္းတစ္ျပားလုံး ဝင္ၿပီးတဲ့ကိုကိုက အာသြက္လွ်ာသြက္ ျဖစ္လာ၏။ အေရွ႕မွာ ထိုင္ေနတဲ့ ျဖဴျဖဴလုံးလုံးေလးကို တြန္းဖယ္ၿပီး ဝင္တိုးအိပ္ခ်င္စိတ္က ဖုံးလႊမ္းေနသည္။

"အိမ္က ဖုန္းေတြ တအားဆက္ေနၿပီ၊ျပန္ေတာ့မယ္ ဖုန္းရွိလား"

"ဘာလုပ္မလို႔လဲ"

"ခဏေလာက္ေပး"

"ေဘမရွိဘူး ဖုန္းေခၚတာနဲ႕ facebookသုံးတာကလြဲရင္ က်န္တာသုံးလို႔မရဘူး၊ စက္က တစ္ဆယ့္ငါးမိနစ္ တစ္ခါ ပိတ္ေနတာ၊ နာမည္ပ်က္ခံၿပီး ေက်ာ္ခ်င္ရင္ တျခားအေကာင္းစားေလးေတြကို သြားလုပ္ပါဟ"

"အရမ္းစကားမ်ားတာပဲ ခဏေပးပါဆို"

ရဲတင္းလာတဲ့ ေကာင္ငယ္ေလးက ကိုကို႔လက္ထဲမွ ဖုန္းကို ဆြဲလုလိုက္သည္။

"ရၿပီ ေရာ့ ငါ့ဖုန္းနံပါတ္လည္း ေပးခဲ့တယ္၊ ငါဖုန္းဆက္ရင္ ကိုင္ေနာ္"

"ေဘမရွိဘဲ ငါ့ဖုန္းနံပါတ္ ဘယ္လိုသိလဲ"

"ေဘစစ္လိုက္တာေပါ့"ဟု ေျပာ၍ ရယ္ျပေနေသာ ေကာင္ငယ္ေလးက ျမင္ကြင္းထဲ ေဝဝါးလာသည္။
ဒီအခ်ိန္ ထိုးအိပ္ခ်လိဳက္လို႔ အေကာင္းဆုံးဆိုေသာ္လည္း ကိုကို မအိပ္ခ်င္ေသး။

"မင္းအသက္ ဘယ္ေလာက္လဲ"

"တစ္ဆယ့္ကိုး"

"ေကာင္ေလး စကားကို ရိုရိုေသေသေျပာစမ္း ငါမင္းထက္ ေလးႏွစ္ႀကီးတယ္"

"သိသားပဲ ကိုကိုကမွ ပီတာ့ကို မမွတ္မိတာ"

ကိုကိုဆိုေသာ အသုံးအႏႈန္းက စိတ္အစဥ္ကို မႈန္ယို႐ူးသြပ္သြားေစသည္။ ေခ်ာက္နက္နက္ထဲ ပစ္ခ်ခံရသူလို ထိတ္လန့္မႈက ႀကီးစိုးသြား၏။ အာေစးထည့္ခံရသည့္ႏွယ္ ဆြံ႕အေနမိသည္။

"ျပန္ေတာ့မယ္ေနာ္ ဖုန္းဆက္ရင္ ကိုင္ေနာ္"

မသိစိတ္ရဲ႕ လႈံ႕ေဆာ္မႈလား၊ အယ္လ္ကိုေဟာ အရွိန္ျပင္းျပမႈေၾကာင့္လားေတာ့မသိ ေကာင္ငယ္ေလးရဲ႕ လက္ကို ဆြဲထားမိသည္။

"ဒီမွာ အိပ္မလား ငါတစ္ေယာက္တည္းပဲ အၿမဲေန ေနရတာ၊မင္းငါနဲ႕အတူ ေနခ်င္လား"

"ကိုယ့္ဒုကၡ ကိုယ္မသိ မေၾကာက္မ႐ြံ႕ ေျပာရဲတယ္ေနာ္၊လာေနလိုက္မွ အဝွိုက္ခံေနရမယ္"

"မင္းလည္း မေနနိုင္ပါဘူး၊ဒီလို အစုတ္အျပတ္ဘဝထဲ မင္းလည္း မေနနိုင္ဘူး"

"အဲ့ဒီလို မေျပာပါနဲ႕ ကိုကိုရာ၊ဘဝက ေ႐ြးခ်ယ္တဲ့ ေနရာမွာ ေနရတဲ့ လူေတြခ်င္း အတူတူပဲကို"

လက္ဖဝါးႏုႏုက ကိုကို႔ပါးျပင္ဆီ ေရာက္လာသည္။ ကိုကိုဆိုသည့္ ေခၚသံက နားထဲကို သိမ္သိမ္ေမြေမြ႕ေလး ဝင္၍ ႏွလုံးအိမ္ထိ ထုတ္ခ်င္းေပါက္သြား၏။

"သြားလိုက္ေတာ့ မင္းလည္း -ီးစကားေတြ ေျပာၿပီး အာ႐ုံေနာက္မေနနဲ႕"

"ဖုန္းဆက္ရင္ကိုင္ေနာ္"ဆိုတဲ့ ေက်ာျပင္ေလးက တျဖည္းျဖည္း မႈန္ဝါးသြား၏။

ဖုန္းသံျမည္၍ ေကာက္ကိုင္ေတာ့ ဖားကန့္ေရာက္ေနသည့္ ေဖေဖ့အသံကို ၾကားရသည္။ ဆယ္တန္းမေျဖတဲ့ သားကို လုပ္ခ်င္ရာလုပ္ဆိုၿပီး ပစ္ထား၍ ေဖေဖက ဖားကန့္ထိ အလုပ္သြားလုပ္ေနသည္။

ေဖေဖ့ဆီက ဖုန္းခ်ၿပီးသည္ႏွင့္ ပထမဦးဆုံး တစ္ႀကိမ္တစ္ခါသာ တီးခဲ့ဖူးသည့္ အခန္းေထာင့္က ဂီတာေလးကို ခပ္ေတြေတြ ၾကည့္ေနမိသည္။ေနရာေဟာင္းေလးကို စြန့္ပစ္ခဲ့သည့္ ကိုကို႔မွာ ပိုင္ဆိုင္သမွ်ဟာ ဒီဂစ္တာေလးျဖစ္ၿပီး ဂစ္တာေလးရဲ႕ အေငြ႕အသက္အားလုံးကိုေတာ့ ဆုံးရႈံးခဲ့ရတဲ့အခ်ိန္ေတြလည္း ၾကာခဲ့ၿပီ ။

ဘဝဟာ ဘာလဲဆိုရင္ အခြံသက္သက္က်န္ခဲ့တဲ့ ဂစ္တာေလးရယ္ အသက္မရွိတဲ့ ဂစ္တာသံစဥ္ေတြကို ေမ့ပစ္ထားတဲ့ နာက်င္မႈခ်ည္းသာ။

ေကာင္ငယ္ေလးသည့္ ကိုကို႔ေမ့ေဖ်ာက္ခဲ့သည့္ နာက်င္မႈသံစဥ္ကို လက္ဖ်ားကေလးျဖင့္ တီးခက္သြားခဲ့ေလၿပီ။

__________________________________________________________________________________

Continue Reading

You'll Also Like

240K 6.9K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
305K 17.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
319K 34.2K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
767K 46.4K 30
A love contest between a boy who likes to kick football and a little doctor.