အခန်း(၂၅)

1.8K 204 93
                                    

Unicode

မြို့ထဲရောက်တော့ သည်းနေတဲ့မိုးက ဖွဲလာသည်။တိမ်တောက်တွေက အနောက်ခွင်တလွှား ရဲရဲတောက်နေ၏။ မနက်ဖြန် နေသာမည်ဆိုသော အတိတ်ကို နိမိတ်ဆောင်နေသည့်နှယ်။

လူ့ဘဝမှာ မနက်ဖြန်အတွက် နိမိတ်ပြခြင်းတွေသာ ရှိမယ်ဆိုရင် ဦးလှထွန်းအား ယုံကြည်အားကိုးမိသည့် နေ့ကိုသာ ညီညီ ရှောင်ရှားချင်မိသည်။ စိတ်အလိုလျောက် ဆုံးဖြတ်မိသည့် အမှားအား ဘဝတစ်လျှောက် တာဝန်ယူနေရခြင်းအပေါ် ရံဖန်ရံခါ သိပ်ပန်းလှပြီ။

"ဗိုက်မဆာဘူးလား အုပ်ကြီး"

ကားတံခါးကို ဖွင့်ချလိုက်ရာ လက်ကျန်မိုးနံ့နဲ့အတူ မိုးဖွားလေးတွေ မျက်နှာပေါ် လာစင်သည်။  အလှောင်ပိတ်ခံထားရတဲ့စိတ်ဟာ ဝမ်းတစ်ထွာရဲ့ ဝေဒနါထက် ပိုမိုပြင်းပြနေသည်ကို ကောင်းထက်ထူးလည်း သိနိုင်မည် မဟုတ်တာကြောင့် ခေါင်းသာ ရမ်းပြလိုက်သည်။

"ကမ်းနားလမ်းသွားရအောင် စိတ်ပြေလက်ပျောက်ပေါ့"

"ကမ်းနားလမ်းမှာ ထိုင်လို့ စိတ်ပြေမယ်ဆိုရင် အဲ့ဒီနေရာက လမ်းလျှောက်ဆန္ဒပြပွဲထက်တောင် လူပိုစည်သွားဦးမယ် "

"အခုလည်း စည်နေတာပဲကို ဘာမှမသိဘဲနဲ့"

ကားလမ်းကြောင်းက လေကို ဆန်တက်နေရတာမို့ မိုးဖွားလေးများသည် ညီညီ့ကိုယ်တစ်ခြမ်းအား ပတ်ဖျန်းလျက်ပင်။ကောင်းထက်ထူးက ကားမှန်ကို ပြန်တင်လိုက်ချေပြီ။

"လောကမှာ ဘယ်လိုပြဿနာပဲ ဖြစ်ဖြစ် အချိန်တန် ဖြေရှင်းမှ ပြီးမယ့် ကိစ္စကို စိတ်လေလွင့်ခံပြီး အချိန်ဖြုန်းလိုက်ရတဲ့အပြင် ပြဿနာဆီက အရင်ဆုံး ရှောင်ပြေးချင်တဲ့စိတ်ကို စိတ်ပြေလက်ပျောက်လို့ ခေါ်တာ၊ ငါ့အတွက်တော့ မလိုပါဘူး"

ညီညီ့ကိုယ်ကို ကာကွယ်ပေးလိုက်တဲ့ ကားမှန်မှာ မိုးစက်မှုန်ကလေးတွေ ကပ်တွယ်စီးကျလာသည်။ တစ်ယောက်ယောက်ကို ကာကွယ်ချင်ပြီဆိုရင် ကိုယ်ကအနာခံနိုင်မှ ဖြစ်ချေမည်ဟု တွေးမိလျက် ကားမှန်ကို ပြန်ချလိုက်၏။

မိုးသည်းထန်တာကို မကြိုက်ပေမယ့် မိုးစက်ပေါက်ကလေးတွေကိုတော့ မြတ်နိုးခွင့် ရှိတယ်မလား။

​နေရာခဏလဲချင်သည်Where stories live. Discover now