အခန်း( ၃၆)

1.4K 176 240
                                    

Unicode

ကိုကို့အတွက် ကောင်ငယ်လေးသည် သူနှင့်ပတ်သက်သည့် ဒဏ်ရာလက်လက်ဆက်ဆက်အား အနာတရကင်းစွာ သက်သာစေလိုသော အရွက်ပြန်စွတ် ဂွမ်းစကလေးနှယ် နာကျင်မှု အလုံးစုံအား နူးညံ့ညင်သာစွာ နှစ်သိမ့်ပေးနိုင်သည်။

အလျင်နှုန်းမသိအောင် ခုန်ပေါက်နေသည့် နှလုံးသားအား ကိုကိုကိုယ်တိုင်ပင် အပြည့်အဝ နားမလည်သေးပေ။ခြံစည်းရိုးဝမှ ဝင်လာသော အရိပ်ယောင်အား မြင်လိုက်ရသည့်အခါ ကိုကို့မှာ  ညီညီ့ထက် အချစ်ပိုရသူ  မရှိသေးကြောင်း သေချာသွား၏။

ကိုကိုသည် ဝတ်ရည်ရှိမှ ရှင်သန်နိုင်မည့် လိပ်ပြာတစ်ကောင်လို ညီညီ့အား စိတ်အလုံးစုံအထိ လိုအပ်ခြင်းများဖြင့် လွှမ်းမိုးခွင့် ပေးမိထားဆဲပင်။

နှင်းမကျသည့် ဆောင်းရာသီကဲ့သို့ ညီညီက  ခြောက်သွေ့ အထီးကျန်ဆန်စွာ ငြိမ်သက်အေးဆေးသလောက် ကိုကိုသည် ဆူနာမီလှိုင်းလို ပြင်းပြင်းထန်ထန် လှုပ်ရှားရိုက်ခက်နေရသည်။

"မနက်စာ ချက်ကျွေးမလို့ ဝယ်လာတာ နောက်ကျသွားပြီ ထင်တယ်"

"ဘယ်သူက စားချင်တယ် ပြောနေလို့လဲ၊ မင်းလက်သာ မင်းဂရုစိုက်စမ်းပါ၊ သောက်အရည်မရ အဖက်မရတွေ လုပ်မနေနဲ့"

လက်နှင့်အပြည့်ဆွဲလာသည့် အထုပ်များအား ကူ၍ သယ်ချပေးလိုက်သည်။ညီညီသည် ပုဆိုးအား ဒူးနှစ်လုံးကြား သိမ်း၍ထိုင်ကာ အခန်းအား အကဲခတ်ကြည့်၍ အလိုမကျစွာ ကိုကို့ဘက် လှည့်လာသည်။

"ဆရာအောင်သင်းက ပြောတယ်၊အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်ချင်ရင် အိပ်ယာအရင်သိမ်းရမယ်၊ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိရမယ်တဲ့၊ တတ်ကြွတဲ့ လူငယ်တစ်ယောက်ဟာ ကိုယ့်အိပ်ယာကိုတောင် သပ်သပ်ရပ်ရပ် စည်းကမ်းတကျ မသိမ်းဆည်း တတ်ဘူး၊ ကိုယ့်တစ်ကိုယ်ရည် သန့်ရှင်းရေးတောင် မစွမ်းဆောင်နိုင်ဘူးဆိုရင် အညွှန့်ကျိုးနေတဲ့ လူငယ်ပဲတဲ့၊ ကိုကို့ပုံစံနဲ့ အိပ်ယာကို ကြည့်စမ်းပါဦး"

"မင်းနဲ့ဘာဆိုင်လဲ၊ ငါ့ဘာသာငါ အညွှန့်ပဲကျိုးကျိုး၊ အမြစ်ကနေပဲ ပုပ်ပုပ်"

​နေရာခဏလဲချင်သည်Where stories live. Discover now