အခန်း(၃)

2.5K 368 45
                                    

Unicode

လူငယ်များ၏ တူညီသောအကျင့်တစ်ခု ပြပါဆိုလျှင် လူကြီးတွေမကြိုက်သောအလုပ်ကို ခိုးလုပ်ရခြင်းပင် ဖြစ်လိမ့်မည်ဟု ကိုကိုထင်သည်။ 

ကိုကိုတို့အုပ်စု ကျောင်းအိမ်သာနောက်မှာ ဆေးလိပ်တစ်လိပ်ကို အမဲဖြတ်သလို ဝိုင်းလုရင်း သောက်နေကြသည်။ ဆရာ၊မိဘ မကြိုက်သည့် အလုပ်ကို တက်ညီလက်ညီ လုပ်နေကြရသည်ကို လူစွမ်းကောင်းတွေဟုပင် ကိုကို့တို့ ဂုဏ်မြောက် နေမိကြသည်။

"အလကားကောင် ညီညီမင်းခန့် အခြောက်"

"အေးလေ ဒါလေး ကိုင်တာကို မျက်ရည်တောင် ကျပြနေသေးတယ်၊ ခြောက်ခြောက်တို့ မျက်ရည် မြေပေါ် ကျမကောင်း" 

"သူ့ဟာက သေးလို့နေမယ်" 

"ဘာတဲ့ ပြောလိုက်သေးတယ်၊ဒါမင်းတို့ Abuseလုပ်နေတာနော်တဲ့၊သူက မိန်းကလေး ကျနေတာပဲ" 

"အခြောက်ပါဆို မင်းကလည်း" 

"မျက်နှာလေးကလည်း ထမင်း၇ရက် မစားရတဲ့ လမ်းဘေးခွေးလေးကျနေတာပဲ.၊သနားတောင် သွားတယ်" 

"မပြောကြပါနဲ့တော့ကွာ မနေ့ကမှ သူ့အဖေ ငါတို့အိမ်မှာ မြက်လာရှင်းနေတာ၊ပိုသနားဖို့ကောင်းတယ်" 

စကားလုံးတို့က သွေးကြောမှတစ်ဆင့် ကြွက်သားတွေကိုပါ နှိုးဆွပေးလိုက်သည်။ အသံကြားရာဆီ ရောက်တော့ လေတိုက်လျှင် ပျက်သွားနိုင်သည့် ပင့်ကူအိမ်လို ယိုင်နဲ့နဲ့ ငနဲသုံးကောင်ကို တွေ့လိုက်ရ၏။ 

ကိုကို့ကို တွေ့တာနှင့် ခိုးစားနေသည့် ထမင်းလုပ်ကို ပါးစပ်ထဲငုံရင်း လူမိသွားသော ခွေးသူခိုးတွေလို မျက်နှာငယ်လေးတွေနှင့် ဖြစ်နေသည်။ မျက်ခွက်တွေကို ဆယ်ချက်လောက် ဆင့်ထိုးလိုက်ရလျင်ဟု ကိုကိုတွေးနေမိသည်။ 

"အဲ့ဒီအခြောက်နဲ့ မင်းအစ်မကို တစ်ညပေးအိပ် ခိုင်းကြည့်ပါလား" 

"ဟေ့ကောင် မင်းဘာစကားပြောတာလဲ" 

"လူစကားပြောတာလေ၊ခွေးတွေက နားမလည်ဘူးလား"  

ကိုကို့ ဘေးက ပါလာသည့် ငနာလေးတွေက အရေးကြီး သွေးစည်းပြီး ဘေးမှာ အသင့်ရှိနေကြသည်။ မကြာခင်မှာပင် အိမ်သာနားက ထိုးပွဲလှလှ စတော့၏။ 

​နေရာခဏလဲချင်သည်Место, где живут истории. Откройте их для себя