မိတ်ဆက်

19.1K 672 104
                                    

Unicode

အဝေးမှ အပြေးလာသလို တိုးဝင်လာသည့် လေစိမ်းများအား အဆုပ်ထဲထိ အပြည့်အဝရောက်အောင် ကြိုးစား ရှိုက်ယူလိုက်သည်။ကောင်းကင်မှ တိမ်စိုင်များနှင့်အတူ ဦးတည်ရာမဲ့ ရွေးလျားနေသည့် စိတ်အား ချုပ်ထိန်းနိုင်ရန် ညီညီကြိုးစားယူနေရ၏။

အိမ်ရှေ့မှ ကားရပ်သံကြားလိုက်ရသည်နှင့် ပီတာ၏ ပျော်ရွှင်နေသံလေး ညံသွားသည်။လွယ်လွယ်ကူကူ ရခဲ့သည့် လက်ထပ်ပွဲ မဟုတ်သည့်တိုင် ပီတာက အရာအားလုံးကို လွယ်လွယ်နှင့် မေ့ပစ်လိုက်ပြီ ထင်သည်။

"ပျော်လာတယ်ပေါ့"

"အပြည့်အဝပေါ့"

ပျားသကာစမ်း၍ သကြားရည်ဖြူးပြီး ဆေးသကြားစိမ်ထားသလို ချိုမြမြအသံနှင့် ပီတာက ဖြေလာ၏။ နောက်တော်​ပါးမှ ကိုကိုကတော့ သူမဟုတ်သလို ရုပ်တည်ကြီးနှင့် ရပ်နေသည်။ ပီတာပျော်သလို ကိုကို့ကိုလည်း ပျော်စေချင်မိ၏။

"ညီညီ့ကို တစ်ကယ် နားမလည်ဘူး"ဟု ပြောတတ်သည့် ကိုကိုက အခုထိ နားမလည်နိုင်သလို မျက်ဝန်းတွေနှင့် ကြည့်နေဆဲပင်။

"ညီညီ့အကြောင်း ဘယ်ဘက်ကစမ်းစမ်း ညာဘက်ကစမ်းစမ်း အလယ်တည့်တည့်က စမ်းစမ်း အကုန်သိတယ်"လို့ ကြုံးဝါးခဲ့သည့် ပီတာကလည်း မဂ်လာမဆောင်ခင် တစ်ရက်မှာ "ညီညီက နားလည်ရခက်လိုက်တာ"ဟု ညည်းတွားခဲ့၏။

"သောက်ရူးတော့ သောက်ရူးပဲ ငါသိပ်ချစ်တဲ့ သောက်ရူးလေး"လို့ ညီညီ အမြင်ကပ်လောက်အောင် အမြဲတစေ ရေရွတ်ခဲ့သည့် ကောင်းထက်ထူးကရော။ သူ့အကြောင်း တွေးမိတော့ လေအေးတွေက ညီညီ့မျက်သားဆီ တိုးဝှေ့တိုက်ခက်လိုက်ကြ၏။အခု သူ့အိမ်မှာ လူတွေစည်နေပြီ။ မေမေလည်း အဲ့ဒီကို သွားနေတာပဲလေ။

"ကိုကိုရာ ရေချိုးပါဆိုနေ...ညစ်ပတ်အိုး လုပ်မနေနဲ့သွား"

"ခဏနေ အိပ်တော့မှာပဲကို မင်း တော်တော် ဇရာချဲ့တယ်"

"အိပ်တော့မှာမလို့ ချိုးခိုင်းတာပေါ့ သွား မြန်မြန်ချိုး"

ဘေးခန်းမှ အသံတွေကို အတိုင်းသား ကြားနေရ၏။ ပါးပြင်ပေါ် ပြေးဆင်းလာတဲ့ အရည်ကြည်တွေကို လေအေးအေးက ခြောက်သွေ့စေသည်။

​နေရာခဏလဲချင်သည်Tempat cerita menjadi hidup. Temukan sekarang