အခန်း(၆)

2.2K 317 103
                                    

Unicode

ကောင်းကင်မှာ မိုးပြာရောင် ကြည်ကြည်တောက်နေသည်။ စိတ်ထင်သလို မြူးထူးပျော်ပါး နေတတ်သည့် တိမ်စိုင်တွေက ဒီနေ့တော့ အနားယူနေပုံရ၏။

တိမ်ကင်းစင်၍ နေသာသော နေ့လေးတစ်နေ့ ဖြစ်နေသည်။  ကိုကိုတို့ အိမ်ရာသီဥတုကတော့ နေမသာနိုင်ချေ။ ဖျားနာ​နေသမျှ မိုးတိမ်တွေစု၍ သက်တမ်းကုန်ဆုံးကြတော့မည်နှယ်။ မှုံ့မှိုင်းအုံ့စိုင်းနေသည်။

ဖေဖေ့ရဲ့ သက်ပြင်းအခါခါ ချသံက မိုးခြိမ်းသံတွေလို ကြောက်စရာ ကောင်းနေသည်။ အရည်လဲ့နေသော ဦးလေးမျက်ဝန်းတွေကလည်း မုန်တိုင်းနံ့ပါသော မိုးပေါက်တွေလို ကြက်သီးထဖွယ်ပင်။ 

"ကျွန်တော့်ကို နားလည်ပေးသင့်တယ် အစ်ကိုရာ" 

ဦးလေးရဲ့ ဖျောင်းဖျသံ ထွက်လာပြန်သည်။ မနက်မိုးလင်း ညီညီအလုပ် မသွားခင် အချိန်တည်းက ဥွီးလေးရောက်လာပြီး ဒီစကားလုံးကို ပြောနေခဲ့၏။ သည်တစ်ကြိမ်နဲ့ဆို အခါနှစ်ဆယ်လောက် ရှိတော့မည်။ 

စုတ်ပြတ်နေတဲ့ တိတ်ခွေတွေ ထစ်သလို နေရာတစ်ခုထဲတွင် ထပ်ခါထပ်ခါ ရစ်လာနေတဲ့" ညီညီ့ကို သူတို့အိမ်ထောင်စုစာရင်းသို့ ပြောင်းပေးပါ"ဆိုသော ဦးလေးရဲ့ စကားများက စက်ရေပေါ်ထိုးသံလို နားဒုက္ခပေးနေသည်။ 

"သားသဘော သားစိတ်ချမ်းသာတာ လုပ်ပါစေ" 

"စိတ်ချမ်းသာအောင် လုပ်ဖို့ထက် စိတ်ဆင်းရဲ ၊ လူဆင်းရဲ မဖြစ်အောင် လုပ်ပေးသင့်တာပေါ့ ၊သားလေးကို ကြည့်လိုက်ရင် အမြဲရုန်းကန်နေရတယ်"

"အဲ့ဒီလို ဖြစ်အောင် မင်းပဲထားခဲ့တာလေ၊မင်းပဲ တာဝန်မဲ့ခဲ့တာ" 

"အဲ့ဒါကြောင့်လည်း ကျွန်တော်တတ်နိုင်သမျှ တာဝန်ကျေပါရစေ ပြောနေတာပေါ့ အစ်ကိုရာ သားလေးကို စိတ်မချမ်းသာရင်တောင် လူမဆင်းရဲအောင် ကျွန်တော် ထားနိုင်တယ်" 

ဖေဖေက ပန်းတိုင်နှင့် အဝေးကြီးမှ ပြတ်ကျခဲ့တဲ့ လူတစ်ယောက်လို အားလျော့စွာ သက်ပြင်းချပြန်သည်။ 

"ငါလည်း ဘာပြောနေလို့လဲ၊သားသဘောပါဆို" 

"ကျွန်တော့် မနက်ဖြန်တွေက ဘယ်တော့သက်တမ်းဆုံးသွားမလဲ ကြိုသိတာမဟုတ်ဘူး၊သားသဘော ဖြစ်လာတဲ့နေ့ကိုလည်း မစောင့်နိုင်တော့ဘူး၊သားကို ကျွန်တော်တို့ သဘောဖြစ်လာအောင် အစ်ကိုက ဝိုင်းပြောပေးသင့်တာ" 

​နေရာခဏလဲချင်သည်Where stories live. Discover now