အခန်း(၄၁)

1K 89 100
                                    

အချစ်သည် လူတစ်ယောက်၏ အသက်ရှင်နေထိုင်မှုရေးရာအတွက်အတွက် မည်မျှအရေးပါသနည်း။ မည်မျှအထိ အရေးမပါသနည်း။

ညီညီ့အတွက် ဦးနှောက်နှင့် ဆုံးဖြတ်သည့်ကိစ္စရပ်တိုင်း နှလုံးသားလေးသည် စွန့်ပစ်ခံအထီးကျန်ရမြဲ။

ဆောင်းဦးလေးဝင်လာဖို့ ကြွေပေးလိုက်ရတဲ့ ရွက်ကြွေတွေ၊ လမ်းကလေးလှပဖို့ ပြိုကျပေးလိုက်ရတဲ့ တောတန်းစိမ်းကလေးတွေ၊ ဂီတာကြိုးလေးညှိစေဖို့ နာကျင်ပေးလိုက်ရတဲ့ အသားနာဖုကလေးတွေ၊ လောကမှာ လှပသောစိတ်ချမ်းမြေ့စရာတိုင်းတွင် ပေးဆပ်နေကြရသည့်အရာများ ရှိနေမြဲပင်။

ကိုကိုက ပီတာအပေါ် ချစ်ခြင်းမေတ္တာရှိနေခဲ့သည်တဲ့။ ဒါကို သည်အချိန်မှ ညီညီသိရသည်မဟုတ်။

အလိုလိုသိလာစေရန် စောင့်စားမိနေခြင်း၊ မဖြစ်နိုင်သော မျှော်လင့်ချက်လေးတစ်ခု ထားမိနေခြင်းမှာ ညီညီ့ဘဝတွင် တစ်သက်တာပေးဆပ်ခဲ့မှုများအတွက် တစ်ခုထဲသော အတ္တကြီးမှုကလေးတစ်ခု၊လူသားဆန်မှုလေးတစ်ခုဆိုတာ မည်သူမျှ သိမည်မဟုတ်။ သိနိုင်တော့မည်လည်း မဟုတ်ချေ။

ညီညီမျက်လုံးတွေပိတ်ပြီး အိပ်မက်ကမ္ဘာထဲတွင်သာ နေလိုသည်။ ညီညီသိပ်မြတ်နိုးရသည့်အမျိုးသားကို ကိုယ်ပိုင်ကမ္ဘာထဲတွင် ကြင်နာမှုများနှင့် နွေးနွေးကလေး ထွေး၍ သိပ်ပျော်နေချင်မိ၏။

သို့သော် ညီညီ့အတွက် နှလုံးသားအစုံက နာကျင်ပြီးနှင့်သည်မှာကြာပြီ။ နားလည်တတ်ခဲ့သည်မှာကြာပြီ။

သူပျော်တာလေးကိုပဲငေးနေဖို့ ငရဲဟာကမ္ဘာနှင့်အမျှပါပဲ။

__________________________________________________________________

ည၏အဆင်မပြေမှုများစွာအား မသိကျိုးနွံပြုလျက် မနက်သည် ရောက်မြဲအတိုင်း ရောက်လာ၏။ အိမ်အောက်မှ မေမေမီးဖိုချောင်ခန်းထဲဝင်သံ တိုးတိုးကလေး ကြားနေရသည်။

"မေမေ"

"ထမင်းကြော်ထားမယ်လေ၊ ပြင်ဆင်ပြီးမှ ဆင်းလာပါ"

ပီတာ့အပြုအမူများအပေါ် ထိန်းချုပ်၍မရသည့်အခါတိုင်း မေမေပြုမူနေကျ အပြုအမူသည် ညီညီ့အတွက် ယခုအထိ မရိုးနိုင်အောင် မွန်းကြပ်စေ၏။ စိမ်းသက်သောလေသံများ ၊ အေးစက်သောအကြည့်များ၊ တင်းမာသောအပြုအမူများသည် ညီညီ၏ အသုံးမကျမှုဟု ခံစားရစေသည်။ သည်လိုအချိန်မျိုးဆို ညီညီသည် ဤအိမ်တွင် မည်သည့်အသုံးကျမှုမျိုးမှမရှိဘဲ ကပ်တွယ်နေရသော လူပြိန်းတစ်ယောက်ပမာ။ ညီညီ့ကမ္ဘာသည် ကျဉ်းမြောင်းသွားမြဲပင်။

Chegaste ao fim dos capítulos publicados.

⏰ Última atualização: Aug 31, 2023 ⏰

Adiciona esta história à tua Biblioteca para receberes notificações de novos capítulos!

​နေရာခဏလဲချင်သည်Onde as histórias ganham vida. Descobre agora