အခန်း(၂၈)

1.1K 165 75
                                    

Unicode

ကြီးကျယ်ခန်းဝါတဲ့ တိုက်ကြီးနှစ်လုံးရဲ့ ကပ်ညှပ်ထားခြင်း ခံရသည့် လမ်းကြားလေးထဲကို ခြေလှမ်းလိုက်သည်နှင့် လမ်းမီးတိုင် ဝါဝါအောက်က စောင့်ကြိုနေတတ်သည့် မျက်ဝန်းလေး တစ်စုံကို တွေ့ရသည်ကို စိတ်ရှုပ်ထွေးလျက်နှင့်ပင် ကြည်နူးမိပြန်သည်။

ပုံပုံစတိုးမှ တကူးတက သွားရွေးပေးထားသည့် ရှပ်အဖြူ ပွပွကြီးအား ပေါင်တစ်ဝက်ထိ တိုနေသည့် နှစ်ထောင်တန် ဘောင်းဘီနှင့် တွဲဖက် ဝတ်ထားတဲ့ ကောင်ငယ်လေးမှာ လမ်းပျောက်လာတဲ့ ယုန်ကလေးနှင့် တူနေ၏။

"ဟိုမှာ မင်းရဲ့ ဘေဘီလေးစောင့်နေတယ်...ချစ်စရာလေးကွနော်"

"ဟေ့ကောင်တွေ.... "

"ဘာလဲ အမှန်ပြောတဲ့ ကိစ္စကို သားကြီးကလည်း"

"မင်းတို့လမ်း မင်းတို့သွားကွာ"ဟု စိတ်အလိုမကျစွာ အော်ငေါက်လိုက်မိ၏။ပုလင်းပြားကို ခါးချားထဲ ထိုးညှပ်၍ ကိုကို့ခြေက သွက်သွက်လှမ်းနေမိချေပြီ။

"တစ်အိမ်ကျော်က အပျိုကြီးနဲ့ သူ့အမေ ကာရာအိုကေ ဟဲနေကြပြန်ပြီ ကိုကိုရဲ့ သိလား...အဲ့ဒါကြောင့် လမ်းထိပ် ထွက်နေတာ...မဆူနဲ့နော်"

"မင်း အဝတ်အစားကိုလည်း ကြည့်ဦး"

"ဟိုတစ်စုံက လျှော်ထားပြီလေ အဲ့ဒါကြောင့်"

ကြိုးများ ဖွာထွက်နေသည့်အပြင် တစ်ဝက်လောက်ထိသာ ဇစ်ဆွဲ၍ရသော ကိုကို့လွယ်အိတ်ကို ကောင်ငယ်လေးက အသာ ပခုံးလွှဲယူသည်။ ဘိလပ်မြေနှင့် ရွှံ့စက် ပရပွ ပေကျံလျက် ရှိတာကြောင့် ကောင်ငယ်လေး၏ အကျ်ီအဖြူမှာ အရောင်စွန်းထင်းကုန်သည်။

"အထဲမှာ အိမ်ရှင် ချကျွေးတဲ့မုန့် ငါမစားချင်တာနဲ့ ယူလာတယ်"

"ပီတာလည်း အိမ်မှာ ကိုကို့အတွက် လက်ဖက်သုပ်ထားတယ်"

"ဘယ်က ပိုက်ဆံရလဲ"

"ဘုရားကျောင်းဆောင်ပေါ်ကလေ"

ညနေရထား ဆိုက်ကပ်သည့် ဥသြဆွဲသံသည် ဆူညံစွာ ပေါ်ထွက်လာ၏။ ဆိုင်ကယ်တစ်စီး ခပ်ကြမ်းကြမ်း ဖြတ်မောင်းသွားရာ ကောင်ငယ်လေးကို ဆွဲ၍ လမ်းမဘက်မှာ ကိုကို နေရာယူလိုက်ရသည်။

​နေရာခဏလဲချင်သည်Where stories live. Discover now