အခန်း(၂၆)

1.2K 188 91
                                    

Unicode

"ပီတာ့ကို သား သွားခေါ်လိုက်မယ်"

ညီညီ့ရဲ့ အသိပေးပြောကြားမှုကို မေမေ ခေါင်းညိတ်ရုံသာ ညိတ်ပြသည်။ အပေါ်ယံ အလှတန်ဆာအပြည့် ဆင်ယင်ထားသည့်တိုင် မေမေ့မျက်နှာက တစ်ညတာအတွင်း သိသိသာသာ  ဖြူလျော်အားနည်းနေ၏။

"ပီတာက သေချာပြောပြရင် နားလည်လွယ်တဲ့ ကလေးပါ မေမေ သိပ်စိတ်မပူပါနဲ့"

ကော်ဖီခွက်ကို ကိုင်လိုက်ပြီးမှ မသောက်တော့ဘဲ ညီညီ့ကို ကြည့်လာသည်။ ထက်မြတ်ပြီး မာနရောင် တောက်နေတတ်သည့် မေမေ့မျက်ဝန်းများကို သား၊သမီးအပူရိပ်များက အားကြီးစွာ လွှမ်းမိုးထားလိုက်ကြပြီ။

"မနေ့က မေမေ ပြောမိတဲ့စကားအတွက်တော့ စိတ်မကောင်းနိုင်ဘူး သားကြီးရယ်"

" ရပါတယ်...မေမေပြောတာလည်း အမှားမှ မပါတာ"

"သားကြီး ပီတာလင်းအပေါ် ဘယ်လောက် သံယောဇဥ်ရှိသလဲ မေမေသိတာပေါ့"

မနက်စာ စားပွဲသည် ကော်ဖီငွေ့တို့၏ လွင့်ပျံခြင်းနှင့်အတူ ဆိတ်ငြိမ်နေသည်။ ယင်တစ်ကောင် လာနားနေတဲ့ ကော်ဖီခွက်ရဲ့ အေးစက်မှုသည် မေမေနဲ့ ညီညီ့ကြားက သွေးအေးနေပုံကို သရုပ်ဖော်နေသည့်နှယ်။ ​

ကော်ဖီသုံးခွက် ဝင်ဖျော်ရုံနှင့် ဆူညံနေတတ်တဲ ပီတာ့ပုံရိပ်တွေသည် မီးဖိုခန်းထဲ အငွေ့အသက် လွှမ်းခြုံလျက် ရှိနေ၏။

"ပီတာလင်းရဲ့ ကောင်လေးအကြောင်း မေမေတီးခေါက် ပြီးပါပြီ"

တစ်နေ့နေ့ ဖြစ်လာမည်ဆိုတာ သိနှင့်ပြီးသားမို့ မေမေဆက်ပြောလာမည့် စကားတွေအတွက် ခံနိုင်ရည် ရှိရန်သာ ညီညီ ပြင်ဆင်နေမိသည်။

ကော်ဖီခွက် နှုတ်ခမ်းမှ ယင်ကောင်က ခွက်ထဲသို့ ဒိုင်ဗင်ထိုး ခုန်ချသွားသည်။ ခေတ္တမျှ ယပ်ကန်ယပ်ကန် လုပ်နေပြီးချိန်မှာ နောင်ဘဝ၏ လမ်းစ
သည်ဘဝရဲ့ လမ်းဆုံးသို့ ရောက်ရှိသွားချေပြီ။

"ရှင်းသန့်ကိုကို ကို ပီတာ့လက်ထဲ ထည့်မပေးနိုင်ဘူးမလား"

"သားမှာ ပီတာ့ကို မပေးနိုင်တဲ့အရာဆိုတာ  မရှိဘူး မေမေ"

"သားကြီးလို ဦးနှောက်ဦးစားပေးတတ်တဲ့ လူတစ်ယောက်က ဆယ်တန်းအောင်တဲ့နှစ်မှာ အစာအငတ်ခံ ပြရလောက်တဲ့အထိ ဆုံးရှုံးသွားမှာကို ကြောက်တဲ့ လူတစ်ယောက်ပဲလေ "

​နေရာခဏလဲချင်သည်Where stories live. Discover now