အခန်း(၄၀)

2.7K 155 135
                                    

Unicode

"ညီညီရေ"

"အင်း"

လက်ထဲမှ ဝိုင်ခွက်အား အသာဘေးချထားလိုက်ရသည်။မည်သည့်အကြောင်းအရာမှ မတွေးချင်သော အချိန်ရောက်များတွင် စီးကရက်ဖွာခြင်းနှင့် ဝိုင်ကိုတစ်ငုံချင်းမော့သောက်ခြင်းအား ကြိုးစားပြီး ပြုလုပ်နေမိသည်။ စီးကရက်ဖွာခြင်းက အဆင်မပြေလှသောကြောင့် ဝိုင်ခွက်ကလေးပဲ အားကိုးနေရ၏။ ညနေက ကြားခဲ့ရသော ကိုကို၏ သတင်းသည် ညီညီ့အား လောကကြီး၏ ချောင်တစ်ချောင်မှာ ပိတ်လှောင်ထားလိုက်သလို ကြပ်တည်းနေစေသည်။

အိမ်ပြန်ချိန် စောလာသော ပီတာ၏ အပြုံးကလေးသည် လှပနေသည့်တိုင် မချိုမြိန်ပေ။ပြန်လည်ပြုံးပြဖို့ရန်အတွက် အားအင်မရှိသောကြောင့် ခပ်တွေတွေကြည့်နေမိသည်။

"ဒီနေ့လေ ကိုကိုနဲ့တွေ့တယ်"

"ဘယ်မှာတွေ့ကြတာလဲ"

"ဒီလိုပါပဲ မတော်တဆတွေ့ကြတာ၊ ပြောပြရဦးမယ် သိလား"

"အင်း"

မျက်နှာရှေ့တိုးကပ်လိုက်သည့် ပီတာ့အား မျက်လုံးမဆုံမိအောင် အကြည့်လွှဲထားရသည်။ ဝိုင်ခွက်လက်ကျန်သည် အားကိုးတကြီး သောက်သုံးခံလိုက်ရ၏။ ပျောက်ကွယ်သွားချင်စိတ်များအား ပျောက်ကွယ်မသွားအောင် ရင်တွင်းမှ တစ်စုံတစ်ယောက်သည် တင်းကြပ်စွာ ဖမ်းဆုပ်ထားမြဲပင်။

"ကိုကိုက ပီတာ့ကို ရည်းစားစကားပြောလိုက်တယ်"

"အော်"

"ချစ်တယ်တဲ့"

"ကိုကိုကလား"

"အင်း ပီတာ့ကို"

"ချစ်သူတွေ ဖြစ်သွားကြပြီပေါ့"

ရီဝေစေချင်သောစိတ်ကြောင့် ခန္ဓာကိုယ်တွင်းသို့ ဝိုင်တစ်ခွက် ဖြည့်စွက်နေမိသည်။ တစ်နေ့နေ့ ဆုံးရှုံးရမှာပါဆိုသည့် စိုးရိမ်နေစိတ်ကလေးသည် ဆုံးရှုံးလိုက်ရပြီဟူသော အသိစိတ်ကြောင့် ကျိုးကြေပျက်စီးသွား၏။ပီတာ၏ အပြုံးတစ်ပွင့်တိုင်းသည် ညီညီ၏ ပျက်စီးပေးလိုက်ရသော အပိုင်းအစတစ်ခုသာပင်။

"အဲ့ဒီသဘောပေါ့နော်၊ ပီတာ့ကောင်လေး ရှင်းသန့်ကိုကိုဖြစ်သွားပြီ"

​နေရာခဏလဲချင်သည်Where stories live. Discover now