အခန်း(၁၈)

1.5K 212 46
                                    

Unicode

အလုပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခုနှစ်နာရီ ဒေါင်တာနဲ့ လာနှိုးတတ်သည့် မေမေ့ကို တစ်ရက်လောက် ဆယ်နာရီထိ အိပ်ပျော်သွားပါစေဟု ပီတာ ဆုတောင်းမိတာ အမှန်။  ပီတာ့ ဆုတောင်းက မျိုးကြီးလို "မျှော်လင့်ချက် မဲ့ပြီဟေ့"ဟုသာ ထိုင်အော်နေရမည့် အခြေစိုက်နေသည်။ မေမေက နေမကောင်းတဲ့ရက်တောင် ခုနှစ်နာရီဆိုရင် မျက်လုံးအကျင့်ပါပြီး နိုးနေတတ်၍ ပီတာ့ကို နှိုးပြီးမှ ပြန်အိပ်တတ်လေသည်။ 

"ပီတာလင်း မြန်မြန်သွက်သွက် ထစမ်း ၊ ငါသွားစရာရှိတယ်" 

"သွားလေ မေမေကလည်း မေမေ့ကို သားက ချုပ်ချယ်မထားပါဘူး၊ ဒီအသက် ဒီအရွယ် ဒီလောက်အတိုင်းအတာတော့ ခွင့်ပြုပေးရမှာ သားနားလည်တယ်" 

အခန်းမီးနှစ်ချောင်းလုံးကို ဖွင့်လိုက်၍ မျက်လုံးအား အလင်းမစူးအောင် စောင်ကို ခေါင်းထိ ဆွဲခြုံပြီး မေမေ့စကားနဲ့ မေမေ့ကို ပြန်ပြောလိုက်၏။ 

"မျက်လုံးနှစ်လုံး မဖွင့်ခင် ငါ့ကို အကုသိုလ် အရင်ပေးတယ်၊ပီ တာ လင်း ငါပြောနေတယ်နော် မြန်မြန်သွက်သွက် ထစမ်း" 

လောင်စာဆီ မီးရှို့ပေးလိုက်သလို အရှိန်တက်လာတဲ့ မေမေ့နှိုးသံကြောင့် မထချင် ထချင်နဲ့ ထရတော့တာပါပဲ။ 

မျက်နှာသစ်ပြီး မှန်ရှေ့မှာ ထိုင်လိုက်တာနဲ့ အရေပြားကျူးကျော်မှုနှင့် တရားစွဲရမည့် မျိုးမစစ် ဝက်ခြံကလေးများကို နှာခေါင်းထိပ် တည့်တည့်မှာ တွေ့ရတာ ညကတည်းက စားဖို့ ကြံရွယ်ထားတဲ့မုန့်ကို ကြွက်ဆွဲသွားသလို စိတ်အလိုမကျမှုတစ်သိန်း ဖြစ်သွားရ၏။ 

အပြင်သွားစရာလည်း မရှိ ကြံဖန်သွားရအောင်လည်း ဘိုင်ပြတ်နေတာကြောင့် အိမ်ထဲမှာနေဖို့ ဆုံးဖြတ်ထားသည်။ တိုနာလေးလူးပြီး စီရန်တစ်ထပ်အုပ်လိုက်ခြင်းဖြင့် ပီတာ့ စကင်းကဲခြင်းကို အဆုံးသတ်သည်။ 

"ဝက်ခြံလေး နင် ငါ့နှာခေါင်းပေါ်မှာ လိမ်လိမ်မာမာနေနော်၊ လာပြီး ကုပ်ချင်အောင် မဆွနဲ့၊ ဆွမိလို့ကတော့
နင့်ထိုက်နဲ့နင့်ကံပဲ" 

​နေရာခဏလဲချင်သည်Where stories live. Discover now