အခန်း(၁၀)

1.8K 276 69
                                    

Unicode

မဖိတ်ဘဲ အိမ်ပေါ်ထိရောက်နေသည့် ဧည့်သည်တော်သည် ကိုကို့အိမ်ကြမ်းပြင်ကို မထိနိုင်သလို စိုက်ကြည့်နေ၏။ လရောင်ပေါက်ကျနေသည့် သွပ်မိုးကို အထူးအဆန်း မော့ကြည့်နေပြန်သည်။

သွားပုတ်ရည်အကြောင်းလိုက်ထင်ကာ မဲညစ်နေသည့် ခေါင်းအုံးနှင့် စောင်အပုံကို တွေ့တော့ နှုတ်ခမ်းကို မခို့တရို့ တွန့်ချလိုက်သည်။ 

ကိုကို အပေါ်အကျ်ီကို ချွတ်၍ တန်းပေါ်ပစ်တင်လိုက်တော့ တွဲလောင်းကျလျက် ဖရိုဖရဲ အဝတ်တန်းကိုပါ  နှာခေါင်းရှုံ့၍ ခိုးဝေ့ကာ  လိုက်ကြည့်နေသည်။ 

ရုတ်တရတ် မိလ္လာရည်ဖောက်ချလိုက်သည့် အနံ့က လှိုင်ထွက်လာ၏။ ကိုကိုတို့ ရပ်ကွက်မှာ မိလ္လာကားခေါ်ရသည်ကို ဝါသနာမထုံကြသူများသည်။

ကိုကိုတို့ အိမ်ရှင်ဆိုလျှင် အမှောင်ကလေး သန်းလာနှင့် မီးစက်ဖွင့်၍ အရည်ကို ဖောက်ချပစ်တတ်သည်။
မောမောပန်းပန်း အလုပ်က ပြန်ရောက်လာပြီး စားနေသောက်နေသူများက အော်ဆဲလည်း သူက ဂရုမပြုပေ။

အချိန်တန်လျှင်တော့ ရပ်ကွက်ရေမြောင်း သန့်ရှင်းရေးကို ရှေ့ဆုံးမှ ပြောတတ်သည်။ အပြောနှင့်အလုပ် ရှေ့နောက်မညီလည်း မကင်းနိုင်သည့်သူများက အရူးဘုံမြောက်ထားရသလို အောက်သက်သက်နှင့် ထောက်ခံကြမြဲပင်။

အတိုးပေးစားပြီး အိမ်ခန်းများစွာပိုင်သော ငွေကြေးဓနရှင် ကိုကိုတို့ အိမ်ရှင်သည် ဆယ်အိမ်ခေါင်းဆိုသော အာဏာကိုပါ ပိုင်ဆိုင်ထားလေသည်။ 

ပုပ်အက်အက်အနံ့ကြောင့် ကောင်ငယ်လေးက နှာခေါင်းကို ပိတ်တော့မယောင်ပြုပြီးမှ ကိုကို့ကို အားနာ၍ ထင်သည်။ နှာဖျားကိုသာ လက်ညှိုးဖြင့် အကြိမ်ကြိမ်ခါထုတ်နေ၏။ 

ကောင်ငယ်လေးရဲ့ ပုံစံကြည့်ရတာ ဖယောင်းရုပ်ကလေးနှင့် တူနေသည်။ ထိတွေ့လိုက်လျှင် အရည်ပျော်ကျသွားမည့် အလား နူးညံ့နေ၏ ။ ပါးဖောင်းဖောင်းလေးများက ဝါဂွမ်းအိအိလေးလို ဖြူဆွတ်အိစက် နေမည်ဆိုတာ ကြည့်ရုံနှင့် သိနိုင်သည်။ ပန်းရောင်သန်းနေသော ခြေသည်းဖျားလေးတွေက
ရွှေဘုံမြတင် ကြီးပြင်းလာရသော ကလေးဆိုတာကို သက်သေပြနေသည့်နှယ်။ 

​နေရာခဏလဲချင်သည်Where stories live. Discover now