အခန်း( ၃၅)

1.1K 161 206
                                    

Unicode

စိတ်သည် အတ္တ၏ လွှမ်းမိုးမှုအောက် အသိဉာဏ်မဲ့စွာ ကျဆုံးလျက်ရှိသည်။နာကျင်မွန်းသိပ်မှုမှာ အတိုင်းအဆမရှိ ကြီးထွားနေ၏။ကိုကိုနှင့် ညီညီ့ကို ယှဥ်တွဲလျက် တွေ့ရသည့်အခါတိုင်း သည်လိုခံစားနေရဦးမည်ကို သိလျက်နှင့် ကိုကို့ကို မစွန့်လွှတ်နိုင်ဘဲ ပို၍ ပိုင်ဆိုင်ချင်လာသည်။

အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်မိသော်လည်း တစ်ဖက်လူမှာ ညီညီဖြစ်နေ၍ ပီတာသည် တရားသောချစ်ခြင်းသာ ဖြစ်လိုပြန်၏။ညီညီ့အတွက်တော့ မင်းကျန်စစ်သည် အနော်ရထာဖြစ်၍သာ မောင့်နှမ မဏိစန္ဒာအား လက်လွှတ်အလျော့ပေးသကဲ့သို့ ဖြစ်နေမည်လားပင် မသိနိုင်ချေ။

ကိုကို့ကို ချစ်ရဖို့ ပီတာ မည်မျှထိ အတ္တကြီးရဦးမည်နည်း။

"ကိုကို့ကို ညီညီ ခေါ်လိုက်တာလားဟင်"

"မဟုတ်ပါဘူး၊ ကောင်းထက်ထူး ခေါ်တာ၊ မီးဖိုခန်း ပြင်စရာရှိလို့တဲ့"

လက်မှပတ်တီးသည်  ညီညီ့အတွက် ကြည့်ကောင်းအောင်ပင် တန်ဆာဆင်လျက်ရှိသည်။ထက်မြက်သည့် တည်ကြည်မှု အလုံးစုံသည် မျက်နှာတွင် အချိုးကျစွာ  ထင်ပေါ်လျက် ရှိ၏။

ပီတာအစဥ်အမြဲ အားကိုးခဲ့သော ညီညီ့မျက်ဝန်းများအား ယခုအခါ ရင်မဆိုင်ဝံ့သည့် တံခါးပေါက်များအဖြစ် ကြောက်ရွံ့ထိတ်လန့်ကာ အားနာနေမိသည်။ဘေးတွင် ဝင်ထိုင်လိုက်သည့်အခါ ရရှိလိုက်သော နွေးထွေးမှုအပေါ်  ပီတာ တစ်ကိုယ်ကောင်းဆန်စွာ အခွင့်ကောင်း ယူရချေဦးမည်။

"ညီညီနဲ့ယှဥ်ရင် ပီတာက အမြဲနောက်မှာ ကျန်နေရတော့လေ သုံးယောက်မဆုံချင်ဘူး"

"နောက်ဆို ငါကြောင့်နဲ့ မဆုံရတော့ပါဘူး၊ ပီတာ့အတွက်နဲ့ဆိုရင်တော့ မသိဘူးပေါ့"

ကရုဏာအပြည့် ညီညီ့မျက်ဝန်းနှင့် အဆုံးဆုံ လိုက်လျောပေးနေသည့် အသံအား ကြားရသည့်အခါ ပီတာ့၏ ဆိုးနွဲ့ချင်စိတ်များသည် အဆင်းဘီးတပ်ပေးလိုက်သည့်နှယ် အရှိန်ကောင်းစွာ ပြင်းပြလာကြ၏။ပီတာ့ကို ပြုံးပြလိုက်သည့် ညီညီ့အပြုံးများတွင် နာကျင်ရိပ်များ ပါနေသည်ကိုတော့ လစ်လျူရှုမိသည်။

​နေရာခဏလဲချင်သည်حيث تعيش القصص. اكتشف الآن